အာဆင်နယ်နှင့်ကစားမည့်ပွဲကို  ချီဝဲလ်၊ ရီးစ်ဂျိမ်းစ်နှင့် ဇီယာ့ရှ်တို့ လွဲချော်မည်ဟု လမ်းပတ် အတည်ပြု

အာဆင်နယ်နှင့်ကစားမည့်ပွဲကို  ချီဝဲလ်၊ ရီးစ်ဂျိမ်းစ်နှင့် ဇီယာ့ရှ်တို့ လွဲချော်မည်ဟု လမ်းပတ် အတည်ပြု
Photos: Getty Images
Photos: Getty Images
Published 25 December 2020

ချယ်လ်ဆီးအသင်း၏ အဓိကကစားသမား (၃)ဦးဖြစ်သည့် ဘင်ချီ ဝဲလ်၊ ရီးစ်ဂျိမ်းစ်နှင့် ဇီယာ့ရှ်တို့သည် အာဆင်နယ်အသင်းနှင့်ကစားမည့် Boxing Day ပွဲစဉ်တွင် ပါဝင်နိုင်မည်မဟုတ်ကြောင်း ချယ်လ်ဆီးအသင်းနည်းပြ လမ်းပတ်က အတည်ပြုခဲ့သည်။

    

ဇီယာ့ရှ်သည် ချယ်လ်ဆီးအသင်းထံသို့ ပြောင်းရွှေ့လာခဲ့ပြီးကတည်းက ဒဏ်ရာပြဿနာများနှင့် ရင်ဆိုင်နေရသူဖြစ်ပြီး လိဒ်စ်အသင်းကို (၃-၁)ဂိုးဖြင့်အနိုင်ရခဲ့သည့်ပွဲတွင် အသင်းအတွက် နောက်ဆုံးကစားခဲ့သူ ဖြစ်သည်။ 



၎င်းသည် ချယ်လ်ဆီးအသင်း၏ ရာသီအစ ပွဲစဉ်အတော်များများကို လွဲချော်ခဲ့ရပြီးနောက် ပြန်ကစားနိုင်ချိန်တွင် ခြေစွမ်းပြနိုင်ခဲ့သော်လည်း လိဒ်စ်နှင့်ပွဲတွင် ဒဏ်ရာပြန်လည်ရရှိခဲ့ခြင်းဖြစ်သည်။

    

လမ်းပတ်က "သူက အာဆင် နယ်နဲ့ပွဲအတွက် ကြံ့ခိုင်မှုပြဿနာရှိ နေပါသေးတယ်။ ဒဏ်ရာဟောင်း တော့မဟုတ်ပါဘူး။ အရင်ဒဏ်ရာက ဒူးဒဏ်ရာဖြစ်ပြီး၊ အခုက ကြွက်သား ဒဏ်ရာပါ"ဟု ပြောကြားခဲ့သည်။

    

လမ်းပတ်က အသင်း၏ ခံစစ်တောင်ပံအတွဲဖြစ်သည့် ချီဝဲလ်နှင့် ရီးစ်ဂျိမ်းစ်တို့လည်း ယင်းပွဲကို လွဲချော်မည်ဟု အတည်ပြုခဲ့ပြီး "သူတို့နှစ်ဦးစလုံး ကစားနိုင်ဖို့ မရှိပါဘူး။ ဘယ်ပွဲမှာ ပြန်ကစားနိုင်မလဲဆိုတာကိုလည်း အတိအကျမပြောနိုင်သေးပါဘူး။ ကျွန်တော့်အထင်တော့ အက်စတွန်ဗီလာနဲ့ပွဲကိုပါ လွဲချော်မယ်လို့ထင်ပါတယ်။ ပြန်ကစားနိုင်ဖို့ အဝေးကြီးလို နေတာမျိုးတော့ မဟုတ်ပါဘူး"ဟု ပြောကြားခဲ့သည်။ 

Most Read

Most Recent