အေစီမီလန်အသင်း၏ CEO ဂါဇီဒစ်က မိမိတို့အသင်းသည် ပြောင်းရွှေ့ကြေးများစွာ မသုံးစွဲရသည့် အားကစားမိုဒယ်တစ်ခုကို တည်ဆောက်သွားမည်ဟု AP သတင်းဌာနသို့ ပြောကြားခဲ့သည်။
ဂါဇီဒစ်က ''ကျွန်တော်တို့ အားကစားမိုဒယ် အသစ်တစ်ခု တည်ဆောက်ဖို့ ကြိုးစားနေတာပါ။ ထိရောက်တဲ့ ငွေသုံးစွဲမှုနဲ့ စွမ်းဆောင်ရည်တက်လာဖို့ ရည်ရွယ်ပါတယ်။ ဘောလုံးမှာ အခြေခံက ငွေသုံးရမယ် ဆိုတာဖြစ်ပြီး ဒီပုံစံက ကျန်းမာနေတယ်လို့ မထင်ပါဘူး။ တည်ငြိမ်ပြီး ရေရှည်တည်တံ့စေမယ့်ပုံစံကိုပဲ ကျွန်တော် မြင်တွေ့ချင်ပါတယ်''ဟု ပြောကြားခဲ့သည်။
အေစီမီလန်အသင်းသည် ပြီးခဲ့သည့်နွေရာသီအပြောင်းအရွှေ့တွင် ပေါင်သန်း (၂၀)သာ သုံးစွဲခဲ့ပြီး ဆာလီမေကာ၊ ခီယာ၊ ရယ်ဘစ်၊ ဟူအီဂျယ်တို့ကဲ့သို့ အကျိုးရှိသည့် ခေါ်ယူမှုများကို ပြုလုပ်နိုင်ခဲ့သည်။















