မြန်မာနိုင်ငံ၏ ဆင်းရဲနွမ်းပါးမှုနှုန်းသည် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ၂၂ ရာခိုင်နှုန်းကျော်ရှိခဲ့ရာမှ COVID-19 ကြောင့် လက်ရှိဘဏ္ဍာနှစ်တွင် ၂၇ ရာခိုင်နှုန်းအထိ တိုးမြင့်လာနိုင်ကြောင်း ကမ္ဘာ့ဘဏ်၏ အစီရင်ခံစာတွင် ဖော်ပြ

မြန်မာနိုင်ငံ၏ ဆင်းရဲနွမ်းပါးမှုနှုန်းသည် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ၂၂ ရာခိုင်နှုန်းကျော်ရှိခဲ့ရာမှ COVID-19 ကြောင့် လက်ရှိဘဏ္ဍာနှစ်တွင် ၂၇ ရာခိုင်နှုန်းအထိ တိုးမြင့်လာနိုင်ကြောင်း ကမ္ဘာ့ဘဏ်၏ အစီရင်ခံစာတွင် ဖော်ပြ
မြို့နယ်တစ်ခုအတွင်း လူနေထိုင်မှုမြင်ကွင်းတစ်ခုကို ၂၀၁၈ ခုနှစ်အတွင်းက တွေ့ရစဉ်
မြို့နယ်တစ်ခုအတွင်း လူနေထိုင်မှုမြင်ကွင်းတစ်ခုကို ၂၀၁၈ ခုနှစ်အတွင်းက တွေ့ရစဉ်
Published 17 December 2020
ဇေယျာငြိမ်း

မြန်မာနိုင်ငံ၏ ဆင်းရဲနွမ်းပါးမှုနှုန်းသည် ၂၀၁၈-၂၀၁၉ဘဏ္ဍာနှစ်တွင် ၂၂ ရာ ခိုင်နှုန်းကျော် ရှိခဲ့ရာမှ COVID-19၏ အကျိုးဆက်ကြောင့် လက်ရှိဘဏ္ဍာနှစ်တွင် ၂၇ ရာခိုင်နှုန်းအထိ တိုးမြှင့်လာနိုင်ကြောင်း ကမ္ဘာ့ဘဏ်မှ ထုတ်ပြန်ထားသည်။

COVID-19 ဒုတိယလှိုင်းက မြန်မာ့စီးပွားရေးကို ပြင်းထန်သည့် သက်ရောက်မှု ရှိခဲ့သည်ဟု ဒီဇင်ဘာ ၁၆ ရက်က ကမ္ဘာ့ဘဏ်မှ ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြ ထားသည်။

COVID-19 ၏ အကျိုးဆက်အနေဖြင့် ဆင်းရဲနွမ်းပါးမှုနှုန်းသည် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ၂၂ ဒသမ ၄ ရာခိုင်နှုန်းရှိခဲ့ ရာမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ၂၇ ရာ ခိုင်နှုန်းအထိ တိုးမြင့်လာနိုင်ပြီး မူလအခြေ အနေသို့ ပြန်လည်ရောက်ရှိနိုင်မည့်အစော ဆုံးကာလကို ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်ဟု ခန့်မှန်းထားကြောင်း ဖော်ပြထားသည်။

ရောဂါကူးစက်မှုပထမလှိုင်းတွင် များစွာသောဆင်းရဲသည့် အိမ်ထောင်စုများသည် ထိခိုက်မှုသက်သာစေရန်အလို့ငှာ နေ့စဉ်စား သုံးသည့် အစားအစာပမာဏကို လျှော့ချခြင်း အပါအဝင် အန္တရာယ်များ၍ ယာယီသုံးနည်း လမ်းများကို အသုံးပြုကာ ဖြစ်သလိုဖြေရှင်းရကြောင်း၊ သြဂုတ်လနှောင်းပိုင်း ရောဂါကူး စက်မှု ဒုတိယလှိုင်း မဖြစ်ပွားမီကာလတွင် အိမ်ထောင်စုများစွာသည် ချေးယူထားသည့် ကြွေးမြီများပြန်ဆပ်ရန် အခက်အခဲတွေ့နေရ ကြောင်း သိရသည်။

ဒုတိယလှိုင်းတွင် ရောဂါကူးစက်မှုကို ထိန်းချုပ်ရန်ကန့်သတ်ချက်များ ဆက်လက် ချမှတ်လုပ်ဆောင်နေရသည့်အတွက် အိမ် ထောင်စုများစွာ ဆင်းရဲမွဲတေသည့် အခြေ အနေသို့ ရောက်ရှိစေခဲ့သည်။

ရောဂါကူးစက်မှု ဒုတိယလှိုင်းဖြစ်ပွားစဉ် အသွားအလာကန့်သတ်သည့် တားမြစ် ချက်များကြောင့် စီးပွားရေးလုပ်ငန်းများကို ပထမလှိုင်းထက် ပိုမိုထိခိုက်စေသည်။ တချို့သော လုပ်ငန်းများသည် အီလက်ထရောနစ် ကုန်သွယ်မှုဖြင့် အသွားအလာ ကန့်သတ် ချက်များကို ကျော်လွှာနိုင်ခဲ့ကြသော်လည်း ကုန်ထုတ်လုပ်ငန်းနှင့် ဝန်ဆောင်မှုကဏ္ဍအ ပေါ်တွင် ထိခိုက်မှုအပြင်းထန်ဆုံးဖြစ်သည်။

မြန်မာ့စီးပွားရေးသည် COVID-19 ကမ္ဘာ့ကပ်ရောဂါကြောင့် ထိခိုက်မှုကို ဆက် လက်ရင်ဆိုင်နေရပြီး ယခင်နှစ်က စီးပွားရေး တိုးတက်မှုနှုန်း ၆ ဒသမ ၈ ရာခိုင်နှုန်းရှိခဲ့ရာ မှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ၁ ဒသမ ၇ ရာခိုင်နှုန်းသို့ ကျဆင်းသွားမည်ဟု ခန့်မှန်း ထားသည်။

ပြည်တွင်းကူးစက်မှုများ နှေးကွေးလာပြီး အသွားအလာကန့်သတ်မှုများ ဖြေလျော့ လာပါက ၂၀၂၁ မတ်လမှစတင်၍ မြန်မာ့ စီးပွားရေးသည် တဖြည်းဖြည်း နာလန်ထူ လာနိုင်ကြောင်း ဖော်ပြထားသည်။

အစိုးရရင်းနှီးမြှုပ်နှံမှုများ၊ ကုန်ထုတ် လုပ်ရေးကဏ္ဍ ပြန်လည်သက်ဝင်လာမှုနှင့် ဒစ်ဂျစ်တယ်နည်းပညာအသုံးပြု၍ ကုန်ထုတ်စွမ်းအား တိုးမြင့်လာမှုတို့ကြောင့် ကာ လလတ်တွင်တိုးတက်မှုအခြေအနေ ကောင်း လာမည်ဖြစ်ကြောင်း မျှော်မှန်ပြီး ပျမ်းမျှအား ဖြင့် စီးပွားရေးတိုးတက်မှုနှုန်း ခုနစ်ရာခိုင် နှုန်းအထိ ပြန်လည်ဦးမော့လာနိုင်မည်ဟု ခန့်မှန်းထားသည်။

သို့သော် ပြည်တွင်းနှင့် နိုင်ငံတကာတွင် ကပ်ရောဂါကူးစက်ပြန့်ပွားမှု အခြေအနေမှ သေချာမှုမရှိသေးခြင်းကြောင့် ထိခိုက်နိုင်မှုအန္တရာယ် မြင့်မားနေဆဲဖြစ်ကြောင်း၊ ကာကွယ်ဆေး သို့မဟုတ် ကုသဆေး ကျယ် ကျယ်ပြန့်ပြန့် ဖြန့်ဖြူးနိုင်ခြင်း မရှိသေးသော ကြောင့် ကပ်ရောဂါကူးစက်မှုလှိုင်းအသစ်များ ဖြစ်ပေါ်လာပါက ပိုမိုတင်းကျပ်သောကန့် သတ်ထိန်းချုပ်မှုများ ကာလကြာရှည်လုပ် ဆောင်ရဖွယ်ရှိသဖြင့် လုပ်ငန်းများ နှောင့်နှေး ခြင်း၊ အလုပ်အကိုင်တိုးပွားကို အဟန့်အတား ဖြစ်စေခြင်းနှင့် စုဆောင်းမှုအပြင် ပညာရေး၊ ကျန်းမာရေးဝန်ဆောင်မှုများ လက်လှမ်းမီနိုင် ရေးတို့ကို အတားအဆီးဖြစ်စေနိုင်ကြောင်း ဖော်ပြထားသည်။

မြန်မာ့စီးပွားရေးလေ့လာမှုအစီရင်ခံ စာကို မြန်မာနိုင်ငံအတွင်း စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုများ၊ စီးပွားရေးအလာအလာများ နှင့် ဦးစားပေးမူဝါဒများကို စောင့်ကြည့်လေ့ လာသုံးသပ်၍ တစ်နှစ်လျှင် နှစ်ကြိမ်ထုတ် ပြန်သည်။

 

 

 

Most Read

Most Recent