မင်းကင်းမြို့နယ်၏ ရွေးကောက်ပွဲရလဒ်ကို ကျေနပ်မှုမရှိဟုဆိုတာ ရွေးကောက်ပွဲရလဒ်များ ပြန်လည်စိစစ်ပေးရန် ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်လောင်းသုံးဦးက မြို့နယ်ရွေးကောက်ပွဲကော်မရှင်ထံ စာတင်ပြ တောင်းဆို

မင်းကင်းမြို့နယ်၏ ရွေးကောက်ပွဲရလဒ်ကို ကျေနပ်မှုမရှိဟုဆိုတာ ရွေးကောက်ပွဲရလဒ်များ ပြန်လည်စိစစ်ပေးရန် ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်လောင်းသုံးဦးက မြို့နယ်ရွေးကောက်ပွဲကော်မရှင်ထံ စာတင်ပြ တောင်းဆို
Published 9 November 2020
ကောင်းခန့်လင်း(မုံရွာ)

စစ်ကိုင်းတိုင်းဒေသကြီး ကလေးခရိုင် မင်းကင်းမြို့နယ်၏ ရွေးကောက်ပွဲရလဒ်ကို ကျေနပ်မှုမရှိဟုဆိုတာ ရွေးကောက်ပွဲရလဒ်များ ပြန်လည်စိစစ်ပေးရန်  ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကိုယ်စားပြုယှဉ် ပြိုင်သည့် လွှတ်တော်ကိုယ်စားလှယ်လောင်းသုံးဦးက အဆိုပါမြို့နယ်ရွေးကောက်ပွဲကော်မရှင်ထံ လက်မှတ်ရေးထိုးကာ နိုဝင်ဘာ ၉ ရက်တွင် စာတင်ပြတောင်းဆိုထားကြောင်း သိရသည်။

မင်းကင်းမြို့နယ်အတွက် လွှတ်တော် နေရာ လေးနေရာ ဆန္ဒမဲပေးရွေးချယ်ခဲ့ကြပြီး အချို့မဲရုံများ၏ ရလဒ်အဖြေများကို သိရှိရ သည့်အချိန်တွင် မဲမသမာမှုများ ဥပဒေနှင့် မညီညွတ်သောလုပ်ရပ်များ တွေ့ရှိရကြောင်း၊ ရွေးကောက်ပွဲအဖြေရလဒ်များကို ပြည်ခိုင်ဖြိုးပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်းများက ကျေနပ်မှုမရှိကြောင်း၊ သဘောမတူကြောင်းနှင့် ရလဒ်များ (ကြိုတင်ဆန္ဒမဲများ အပါအဝင်) ပြန်လည်စိစစ်ပေးနိုင်ရန် ကိုယ်စားလှယ်လောင်းများ၏တင်ပြမှုအရ သိရသည်။

“သူတို့ကို ကျွန်တော်တို့က ပုံစံ(၁၉)ကို လက်မှတ်ထိုးပြီး အတည်မပြုနိုင်သေးဘူး။  ကြိုတင်မဲတွေ ပေးတဲ့နေရာမှာသော်လည်း ကောင်း၊ မဲစာရင်းတွေ လုပ်တဲ့အခါမှာသော် လည်းကောင်း မသမာမှုတွေရှိတယ်။ ဒါ ကြောင့်မို့လို့ ကျွန်တော်တို့က အတည်မပြုနိုင်သေးဘူး။ ဒါကြောင့်မို့လို့ အချို့အချက်တွေကို ပြန်လည်စိစစ်ပေးပါရန်ဆိုပြီးတော့မှ ကျွန်တော်တို့ပါတီ တိုင်း(၁)ရယ်၊ တိုင်း(၂)၊ ပြည်သူ့ လွှတ်တော်ရယ် မြို့နယ်ကော်မရှင်ကို တင်ပြထားတာပါ” ဟု မင်းကင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ တိုင်းဒေသကြီး အမှတ်(၂) ကိုယ်စားလှယ်လောင်း ဒေါက်တာဆန်းဝင်းက ပြော ကြား သည်။

မင်းကင်းမြို့နယ်တွင် ၂၀၂၀ ရွေးကောက် ပွဲ၌ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်နေရာတွင် NLD ပါတီ ကိုယ်စားလှယ်လောင်းဒေါက် တာ ဦးကျော်လင်းက ပြည်ခိုင်ဖြိုးပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမောင်မြင့်ကို မဲ ၁၁၅၈၉ ဖြင့် အနိုင်ရရှိထားသည်။

အလားတူ မင်းကင်းမြို့နယ်ရှိ အမျိုး သားလွှတ်တော်မဲဆန္ဒနယ်တွင် NLD ပါတီ က ထပ်မံအနိုင်ရရှိခဲ့ကြောင်း သိရသည်။

ထို့အပြင် မင်းကင်းမြို့နယ် မဲဆန္ဒနယ်မြေ အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော် နေရာနှင့် အမှတ်(၂)တိုင်းဒေသကြီးလွှတ်တော်နေရာတို့တွင်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ပြည်ခိုင်ဖြိုးပါတီကို မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရသည်။

 

Most Read

Most Recent