မကွေးတိုင်းဒေသကြီးအတွင်း ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲထက် မဲပေးသူဦးရေ ခြောက်ရာခိုင်နှုန်းနီးပါး ပိုများခဲ့ပြီး NLD ပါတီက ၂၅ မြို့နယ်စလုံးတွင် အနိုင်ရ

မကွေးတိုင်းဒေသကြီးအတွင်း ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲထက် မဲပေးသူဦးရေ ခြောက်ရာခိုင်နှုန်းနီးပါး ပိုများခဲ့ပြီး NLD ပါတီက ၂၅ မြို့နယ်စလုံးတွင် အနိုင်ရ
Published 9 November 2020
အောင်သူငြိမ်း (မကွေး)

နိုဝင်ဘာလ ၈ ရက်က ကျင်းပခဲ့သည့် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမို ကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် မကွေးတိုင်းဒေသကြီး ၂၅ မြို့နယ်၌ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကထက် မဲပေးသူဦးရေ ၅ ဒသမ ၈၄ ရာခိုင်နှုန်း ပိုများခဲ့ပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက တိုင်းဒေသကြီး တစ်ခုလုံးတွင် အနိုင်ရထားကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီး ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ၏ ထုတ်ပြန်ချက်အရ တိုင်းဒေသကြီးတွင် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ၌ မဲဆန္ဒရှင်ဦးရေ ၃၀၂၆၇၃၃ ရှိပြီး လာရောက် မဲပေးသူ ဦးရေ ၂၂၀၁၆၆၀ ဦးရှိကာ မဲပေးမှု ၇၂ ဒသမ ၇၄ ရာခိုင်နှုန်း ရှိခဲ့ကြောင်း၊ ယခု ၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် တိုင်းဒေသကြီးအတွင်း မဲဆန္ဒရှင်ဦးရေ ၃၃၁၀၁၃၂ ဦးရှိပြီး လာရောက် မဲပေးသူဦးရေ ၂၆၀၁၂၃၈ ဦး ရှိခဲ့ကြောင်း သိရသည်။

ရာခိုင်နှုန်းအားဖြင့် ၇၈ ဒသမ ၅၈ ဖြစ်ပြီး ၂၀၁၅ ခုနှစ်နှင့် ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲဆိုင်ရာ ကွာခြားချက်မှာ ၅ ဒသမ ၈၄ ဖြစ်ကြောင်း သိရသည်။

နိုဝင်ဘာ ၈ ရက်နေ့က ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် မကွေးတိုင်းဒေသကြီး အတွင်း ၂၅ မြို့နယ်တွင် နိုင်ငံရေးပါတီ ၁၃ ခုမှ ကိုယ်စားလှယ်လာင်းများနှင့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ၁၆ ဦး အပါအဝင် ကိုယ်စားလှယ်လောင်း ၄၀၄ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း မဲရုံများတွင် မဲရေတွက်ပြီးစီးမှုအရ NLD ပါတီက ၂၅ မြို့နယ်စလုံးတွင် အနိုင်ရထားကြောင်း သိရသည်။

 

Most Read

Most Recent