အင်တာမီလန်တိုက်စစ်မှူးဟောင်း အီကာဒီကို ခေါ်ယူရန် အေစီမီလန် ချိန်ရွယ်နေ

အင်တာမီလန်တိုက်စစ်မှူးဟောင်း အီကာဒီကို ခေါ်ယူရန် အေစီမီလန် ချိန်ရွယ်နေ
Photos : Getty Images
Photos : Getty Images
Published 28 October 2020

အေစီမီလန်အသင်းသည် PSG အသင်းမှ အင်တာမီလန်တိုက်စစ်မှူးဟောင်း အီကာဒီကို ဇန်နဝါရီအပြောင်းအရွှေ့တွင် ခေါ်ယူရန် ချိန်ရွယ်နေကြောင်း သိရသည်။

အေစီမီလန်အသင်းသည် အီကာဒီကို အီဘရာဟီမိုဗစ်နှင့် တွဲဖက်ပေး၍ ချန်ပီယံဆုအတွက် တိုက်ပွဲဝင်ရန် ရည်ရွယ်ခြင်းဖြစ်သလို၊ အနာဂတ်အတွက် ရေရှည်အသုံးပြုနိုင်ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်းလည်း သိရသည်။ 

အီကာဒီသည် ပြီးခဲ့သည့်နွေရာသီကမှ PSG အသင်းသို့ အပြီးသတ် ပြောင်းရွှေ့ခဲ့ခြင်းဖြစ်သော်လည်း ၎င်း၏အေးဂျင့်အဖြစ် ဆောင်ရွက်နေသည့် ဇနီးဖြစ်သူဝမ်ဒါနာရာက အီတလီသို့ပြန်လာရန် ဆန္ဒရှိနေကြောင်း သိရသည်။

အီကာဒီသည် ပြီးခဲ့သည့်ရာသီတွင် PSG အသင်းအတွက် ပြင်သစ်လီဂူး ပွဲ ၂၀ ကစားပြီး ၁၂ ဂိုးသွင်းယူပေးခဲ့သလို၊ ယခုရာသီတွင်လည်း ၄ ပွဲ ကစားပြီး ၂ ဂိုးသွင်းယူပေးထားသည်။

Most Read

Most Recent