ကိုရိုနာဗိုင်းရပ်စ်၊ စီးပွားပျက်ကိန်းနှင့် ချနင်းခံလိုက်ရသော စားဝတ်နေရေး အိပ်မက်များ

ကိုရိုနာဗိုင်းရပ်စ်၊ စီးပွားပျက်ကိန်းနှင့် ချနင်းခံလိုက်ရသော စားဝတ်နေရေး အိပ်မက်များ
ရန်ကုန်မြို့ လှိုင်သာယာမြို့နယ်အတွင်း တွန်းလှည်းဖြင့် စျေးရောင်းချနေသူတစ်ဦးကို ယခုရက်ပိုင်းအတွင်း တွေ့ရစဉ် (ဓာတ်ပုံ-မျိုးထက်ပိုင်)
ရန်ကုန်မြို့ လှိုင်သာယာမြို့နယ်အတွင်း တွန်းလှည်းဖြင့် စျေးရောင်းချနေသူတစ်ဦးကို ယခုရက်ပိုင်းအတွင်း တွေ့ရစဉ် (ဓာတ်ပုံ-မျိုးထက်ပိုင်)
Published 18 October 2020
နေဝန်းထက်

သြဂုတ် ၁၆ ရက်မှသည် နှစ်လတာကို ရက်ပိုင်းမျှသာ စွန်းသည့် အချိန်ကာလအတွင်း တိုးမြင့်လာသည့် COVID-19 ရောဂါ ကူးစက်ခံရသူအရေအတွက်ဟာ သုံးသောင်းလေးထောင်ကျော်အထိ ကြောက်ခမန်းလိလိ ရှိလာခဲ့ပါတယ်။ အစိုးရအနေနဲ့လည်း တစ်လခန့်ပင်မလိုတော့သည့် အထွေ ထွေရွေးကောက်ပွဲ ကျင်းပရေးကလည်း တစ်ဖက်မှာရှိနေပြီး မြင့်တက်လာတဲ့ ငြင်းမရတဲ့ ရောဂါပိုးကူးစက်ခံရသူ အရေအတွက်တွေ ထဲမှာ သေဆုံးနှုန်းက အဆများစွာ မြင့်တက်ခဲ့တာတွေကြောင့် ကပ်ရောဂါ ဒုတိယလှိုင်း ဘက်မှာလည်း ခက်ခက်ခဲခဲ ထိန်းချုပ်နေရ တဲ့ အခြေအနေမျိုးကို ကြုံတွေ့နေရပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာ မဆိုသ လောက် သာသာလေး ပြန်လည်ကျဆင်းလာ တဲ့ ဗိုင်းရပ်စ်ကူးစက်ခံရမှု အခြေအနေတွေ ရှိလာတာကို မြင်တွေ့နေရပေမဲ့လည်း သေ ဆုံးမှုနှုန်းကတော့ ဆက်လက်မြင့်တက်နေ ဆဲပါ။ လူဦးရေ ခုနစ်သန်းဝန်းကျင်နေထိုင်တဲ့ ရန်ကုန်မြို့ဟာ ကပ်ရောဂါ ဒုတိယလှိုင်း ရိုက်ခတ်မှု အဆိုးရွားဆုံးဖြစ်နေခဲ့တာဟာ နှစ်လနီးပါးလောက် ရှိနေပြီဖြစ်ပြီး Stay at Home ကာလဟာလည်း ရက်ပိုင်းအတွင်း တစ်လပြည့်မြောက်ပါတော့မယ်။ လက်ရှိ အခြေအနေကတော့ ရန်ကုန်မြို့ဟာ ရောဂါ ကူးစက်မှုကို စတင်ထိန်းချုပ်စပြုနိုင်ခါစ အခြေအနေတွေကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက နေ့စဉ်ထုတ်ပြန်ခဲ့တဲ့ သတင်းအချက်အလက်တွေအရ တွေ့မြင် လာရပေမဲ့ ဒီ အခြေအနေတွေ ဖြစ်လာနိုင်ဖို့ အတွက် တစ်ဖက်မှာတော့ တစ်မြို့လုံးမှာရှိ တဲ့ အခြေခံလူတန်းစားအများစုပါဝင်တဲ့ မြို့ နေလူထုရဲ့ စားဝတ်နေရေး အခက်အခဲတွေ ကို ပေးဆပ်ခဲ့ရပါတယ်။

 

နိုဗယ်ကိုရိုနာ ချနင်းပစ်ခဲ့သော စားဝတ်နေရေး အိပ်မက်(၁)

တက္ကသိုလ်ကျောင်းသားများအတွက် ကျောင်းကန်တင်းတွေဟာ ကျောင်းသား ဘဝအမှတ်တရ အစိတ်အပိုင်းတွေထဲက မှတ်မှတ်ရရ ဖြစ်စရာနေရာတစ်ခုပါ။ တက္ကသိုလ်ကျောင်းသားဘဝ ပထမဆုံးနေ့ရက်မှာ စထိုင်ဖြစ်သွားတဲ့ ကျောင်းကန်တင်းဟာ အသက်အရွယ်ကြီးမြင့်လာတဲ့အချိန်မှာ ကျောင်းသားဘဝအကြောင်း ပြန်ပြောင်း ပြောဖြစ်တဲ့အခါ သတိတရ ထည့်ပြောဖြစ်တာမျိုးပေါ့။ ဒီလိုမျိုး တက္ကသိုလ်ကျောင်းသားတွေရဲ့ အမှတ်တရတွေဖြစ်ပေါ်ရာ ကျောင်းကန်တင်းတွေဟာ တက္ကသိုလ်တက်နေတဲ့ ကျောင်းသားလူငယ်လေးတွေရဲ့   စား သောက်နေထိုင်မှုနဲ့အတူ ကျောင်းဖွင့်ရက် တွေမှာ စည်ကားနေတတ်ပါတယ်။

ကျောင်းကန်တင်းတွေမှာ ရောင်းချသူ ဆိုင်ရှင်တွေနဲ့ တက္ကသိုလ်ကျောင်းသား တွေဟာ မိသားစုဆန်တဲ့ ဆက်ဆံရေးမျိုး ရှိ နေတတ်တာမျိုးဟာ ရန်ကုန်မှာရှိတဲ့ တက္ကသိုလ်ကျောင်းကန်တင်း မြို့ပြယဉ်ကျေးမှု တစ်ခုအဖြစ် သတ်မှတ်နိုင်ပါတယ်။ ကျောင်းတက်နေစဉ်ကာလအတွင်းမှာ ကျောင်း သားတွေအတွက် ဒုတိယအိမ်လိုဖြစ်နေ တတ်တဲ့ ကျောင်းကန်တင်းတွေဟာ အခု COVID-19 ကာလရှည်ကြီးအတွင်းမှာ တော့ တိတ်ဆိတ်နေခဲ့ရပါပြီ။ ကျောင်းသား တွေကို အမှီပြုနေရတဲ့ ကျောင်းကန်တင်းစီး ပွားရေးလုပ်ငန်းတွေဟာ ကပ်ရောဂါကာလ ကျောင်းများပိတ်ထားရခြင်းကြောင့် အခက်အခဲတွေ ဖြစ်ပေါ်နေရပြီး ကပ်ရောဂါကာလ ကြာမြင့်လာလေလေ အခက်အခဲ ပိုမိုကြုံ တွေလာနိုင်လေလေ အခြေအနေတွေဖြစ်နေပါတယ်။

ဒဂုံတက္ကသိုလ်ကျောင်းအတွင်းက ဘတ်စ်ကားဝင်းနားမှာရှိတဲ့ ကျောင်းကန်တင်းတွေထဲကတစ်ခုမှာ ကိုခန့်ဟာ ကန်တင်းဖွင့်လှစ်ထားပါတယ်။ ယခင်ကျောင်း ဖွင့်စဉ်ကာလမှာ စားဝတ်နေရေး အဆင်ပြေခဲ့ပေမဲ့ ကပ်ရောဂါကာလအတွင်းမှာ တော့ အခက်အခဲစတင်ကြုံတွေ့လာရပါ တယ်။ COVID-19 ပထမလှိုင်းစတင်ရိုက် ခတ်ခဲ့စဉ်ကတည်းက ကျောင်းများပိတ်ထားခဲ့တာဖြစ်တဲ့အတွက် ကိုခန့် ဆိုင်ပိတ်ထား ရသည်မှာ လအတန်ကြာမြင့်နေပြီလည်း ဖြစ်ပါတယ်။

“ကန်တင်းက ဦးလေးနဲ့ အဒေါ်ဖွင့်ထား တာ။ ကျွန်တော်တို့ကန်တင်းက ကျောင်း ကားကြီးဝင်းနားမှာ။ ကန်တင်းပိတ်ထားရတာ အတော်ကြာပြီ။ ဒီ ကိုဗစ်ပထမလှိုင်း တုန်းကတော့ သ်ိပ်အခြေအနေမဆိုးသေး ဘူး။ အခုဒုတိယလှိုင်းမှာတော့ အတော်ကို ခက်ခဲလာပြီ။ တောင့်ခံဖို့ မနည်းကြိုးစားနေ ရတယ်”ဟု ကိုခန့်က ပြောပါတယ်။

တိတ်ဆိတ်နေတဲ့ ကျောင်းလမ်းမတွေ အနီးက ဖုန်တက်နေတဲ့ စားသုံးသူမဲ့ ခုံတွေ အထပ်လိုက်နဲ့အတူ ကျောင်းကန်တင်းတွေ ဟာ အသက်မဲ့နေခဲ့ပါတယ်။ ဝင်ငွေပျောက် ဆုံးသွားရတဲ့ ကိုခန့်ရဲ့ နောက်ကွယ်မှာ သုံး လအရွယ် လူမမယ် ကလေးငယ်တစ်ဦးအပါ အဝင် မိသားစု ခုနစ်ယောက်မှီခိုလို့ နေပါ တယ်။ အသေးစား စီးပွားရေးလုပ်ငန်းတစ်ခု ရပ်တန့်ထားရခြင်းနောက်ကွယ်မှာ အမြဲလိုလို အနည်းဆုံး မိသားစုတစ်စုကတော့ စား ဝတ်နေရေးယိမ်းယိုင်ချို့တဲ့မှုတွေ ရှိနေခဲ့ပြီး ကိုခန့်တို့မိသားစုကတော့ ကပ်ဘေးကာလ အတွင်း အငတ်ဘေးကြုံရလု အခြေအနေ အထိ ကြုံတွေ့နေရတယ်လို့ သိရပါတယ်။

ကပ်ရောဂါ ကာလမှာ အစိုးရကအခြေ ခံလူတန်းစားတွေကို ထောက်ပံ့မှုအချို့ပြု လုပ်ခဲ့ပေမဲ့လည်း ဒီထောက်ပံ့မှုတွေက တကယ်တမ်းတော့ အောက်ခြေက အမှန် တကယ် အဆင်မပြေဖြစ်နေရတဲ့ အခြေခံလူ တန်းစားတွေအတွက် လုံလောက်မှု ရှိမနေပါ ဘူး။ အလုပ်အကိုင်တွေ ရပ်တန့်ထားရတဲ့ အတွက် ပုံမှန်ဝင်ငွေမရှိကြရတော့တဲ့ မိသား စုတွေအတွက်တော့ တစ်နေ့တာအတွက် စားရေးသောက်ရေး ပြေလည်ဖို့အတွက် ကျားကန်ရပ်တည်နေရပြီး ဒီလိုမိသားစုတွေ ထဲမှာ ကိုခန့်တို့ မိသားစုလည်း အလားတူ အခက်အခဲကို ကြုံတွေ့နေရပါတယ်။

“ပထမလှိုင်းတုန်းကတော့ ဟိုဟာလေး လိုက်လုပ် ဒီဟာလေးလိုက်လုပ်နဲ့ တောင့်ခံ နိုင်သေးတယ်။ အခု ဒုတိယလှိုင်းကျတော့ မရတော့ဘူး။ ပြောရရင်ဗျာ လွန်ခဲ့တဲ့နှစ် ပတ်လောက်ကဆို ကျွန်တော်တို့မိသားစု စားစရာမရှိဘူး။ အဲဒါ အသိတစ်ယောက်က သိသွားလို့ ပရဟိတအဖွဲ့တစ်ဖွဲ့ကို လှမ်း ပြောပေးလို့ ကျွန်တော်တို့ဆီကို လာလှူသွား လို့ ဒီကြားထဲ နည်းနည်းလှည့်လို့ပတ်လို့ အဆင်ပြေသွားသေးတာ။ မဟုတ်ရင် ကျွန် တော်တို့ ငတ်ပြီ။ ငတ်တယ်ပြောရမှာတော့ မှာပေါ့ဗျာ”ဟု ကိုခန့်က ဆိုပါတယ်။

COVID-19 ဒုတိယလှိုင်းကြောင့် ရန်ကုန်မြို့မှာ စီးပွားရေးလုပ်ငန်းများစွာ ရပ်တန့်ထားရခြင်း၊ အဆင်မပြေမှုများ ဖြစ် နေခြင်းကြောင့် အလုပ်အကိုင်ရှားပါးမှု ပြဿနာမှာလည်း ပေါ်ပေါက်လျက်ရှိပါတယ်။ ဒါကြောင့်လည်း ကိုခန့်ဟာ ပြင်ပအလုပ်အကိုင်တစ်ခုကို ကြိုးစားရှာဖွေခဲ့ပေမဲ့ ရရှိ ခြင်းမရှိဘဲ သူသွားရောက်လျှောက်ထားတဲ့ အလုပ်အကိုင်တွေကတော့ ကပ်ရောဂါ ဒုတိယလှိုင်းပြီးဆုံးမှသာ အလုပ်သစ်ခေါ်ယူမယ့် အခြေအနေတွေရှိတယ်လို့ သိရပါတယ်။

“ကျွန်တော်အရင်က လုပ်ခဲ့ဖူးတဲ့ G&G မှာလည်း သွားလျှောက်သေးတယ်။ နောက် Capital တို့ရောပဲ အစုံပါပဲ။ အလုပ် တွေကတော့ အခု Second Wave  ဖြစ်နေလို့ လူသစ်မလိုသေးဘူးပေါ့။ အလုပ်တွေက အခုအချိန်က ရှာလို့ကို မရဘူး။ အကုန်လုံး က ဒါကြီးပြီးမှ ခေါ်ကြမှာ။ ကျွန်တော်ကြိုး စားရှာနေပေမဲ့ မရဘူး”ဟု ကိုခန့်က ပြော ပြပါတယ်။

ကိုခန့်တို့ မိသားစုတစ်စုလုံး စားဝတ်နေရေး မပြေလည်မှုတွေနဲ့အတူ အခက်အခဲ တွေကြုံတွေ့နေရပေမဲ့ အစိုးရကပေးတဲ့ ထောက်ပံ့ကြေးတစ်စုံတစ်ရာမျှကိုလည်း ရရှိခဲ့ခြင်း မရှိပါဘူး။ ကပ်ဘေးကာလအတွင်း အငတ်ဘေးသင့်ရမယ့် အခြေအနေတွေကို ကြုံတွေ့နေရတာဖြစ်ပေမဲ့ ကိုခန့်ဟာ စိတ်ဓာတ်မကျဘဲ အလုပ်တစ်ခုကို ကြိုးစားရှာ ဖွေနေဆဲပါ။ ပြင်ပအလုပ်အကိုင်ရှားပါးခြင်း ကြောင့် အလုပ်ရှာဖွေမရတဲ့ ကိုခန့်ကတော့ မိသားစု နေ့စဉ် စားသောက်နိုင်ရေးအတွက် လက်သုပ်စုံ ရောင်းချနိုင်ဖို့ အရင်းအနှီးကြိုးစားရှာဖွေလျက်ရှိပါတယ်။

“အစိုးရ ထောက်ပံ့ကြေးကမရပါဘူး။ ကျွန်တော်တို့တွေ ပြင်ပအလှူရှင်တွေ လာ လှူတွေပဲ ရှိပါတယ်။ လာလှူကြလို့ တော်သေးတာ။ ကျွန်တော်ကတော့ အားမလျှော့ ဘူး။ ရအောင်တောင့်ခံနေဦးမှာပဲ။ အခုကျွန် တော် ကြာဆန်သုပ်လေး ခေါက်ဆွဲသုပ်လေး ကို တွန်းလှည်းနဲ့ဖြစ်ဖြစ် လိုက်ရောင်းနိုင်ဖို့ လုပ်နေတယ်။ ကျွန်တော် အားမလျှော့ဘူး။ ဆက် Fight သွားဦးမယ်”ဟု ကိုခန့်ကပြောပြ ခဲ့ပါတယ်။

နိုဗယ်ကိုရိုနာ ချနင်းပစ်ခဲ့သော စားဝတ်နေရေး အိပ်မက် (၂ )

တောင်ဒဂုံမြို့နယ်နဲ့ အရှေ့ဒဂုံမြို့နယ် နှစ်ခုဆုံရာ နေရာအနီးမှာ ကျူးလို့ ခေါ်ဝေါ် ကြတဲ့ မြန်မာနိုင်ငံသား ရွှေ့ပြောင်းအခြေချ နေထိုင်သူတွေ ရှိပါတယ်။ လက်ရှိ ကွာရန်တင်းလူနာများ ထားရှိနေရာတစ်ခုဖြစ်တဲ့ ရိုးမရိပ်သာ ကွာရန်တင်းစင်တာနဲ့ မနီးမဝေး နေရာမှာ ဒီကျူးရပ်ကွက်တည်ရှိနေပါတယ်။ အိမ်ခြေ ၂၀ ကျော်ရှိမယ့် ဒီ ကျူးမိသားစု တွေဟာ COVID-19 ကာလအတွင်းအလှူ ရှင်တွေကို မျှော်လင့်ကာ အသက်ဆက်ရှင် သန်နေရပါတယ်။ တစ်ဖက်မှာလည်း ကပ် ရောဂါကြီး ရှိနေတာကြောင့် အဆင်မပြေဖြစ် နေတဲ့ ဒီမိသားစုတွေအတွက် ယခင်လုပ်ကိုင် ခဲ့တဲ့ နေ့စားအလုပ်များပင် လုပ်ကိုင်နေ ရခြင်း မရှိတော့ပါဘူး။

ဒါတွေအပြင် ပိုင်ဆိုင်မှုအထောက် အထား၊ နေထိုင်မှုအထောက်အထား ပြသ နိုင်ခြင်းမရှိတဲ့ ကျူးအခြေအနေကြောင့် အစိုးရထောက်ပံ့ကြေးများဟာလည်း သူတို့ ထံကို ရောက်ရှိလာခြင်း မရှိပါဘူး။

အခြေခံလူတန်စားတွေကြားမှာ ကွက် ကျားမိုးသာ ရွာထားနိုင်တဲ့ အစိုးရထောက် ပံ့မှုများကြောင့် အမှန်တကယ် အကူအညီလို နေတဲ့ သူတွေအတွက် ထောက်ပံ့မှု မျှော်လင့် ချက်ဟာ ဝေ၀ါးနေဆဲဖြစ်နေတာကို တွေ့ရ ပါတယ်။ ပြင်ပမှ လာရောက်လှူဒါန်းတဲ့ အလှူရှင်တွေရဲ့    လှူဒါန်းမှုတွေကြောင့်သာ အနည်းငယ် သက်သာရာ ရနေခြင်းဖြစ်တယ် လို့ သိရပါတယ်။

“ထောက်ပံ့တာတွေကတော့ အစ်မတို့ ဒီမှာက လက်သင့်ရာပါပဲ။ သန်းခေါင်စာရင်း ကလည်း မပြနိုင်ဘူးလေ။ ဒီမှာက လက်လုပ်  လက်စားတွေပဲဆိုတော့ သူတို့ပုံမှန်လုပ်နေ ကျ အလုပ်တွေလည်း မလုပ်ရတော့ အဆင် မပြေကြတော့ဘူး။ လာလှူတာတွေနဲ့ပဲ စား သောက်နေရတော့တာ။ အလုပ်တွေက ဒီ ကာလမှာတော့ ရပ်နေမှာဆိုတော့ ဒါကြီးပြီး ဆုံးဖို့ပဲ မျှော်လင့်တယ်”လို့ အဲဒီ ကျူးရပ် ကွက်မှာနေထိုင်တဲ့ မခင် (အမည်လွှဲ)က ပြောပါတယ်။

ခင်တို့ ကျူးမိသားစုတွေလိုမျိုး အခြေ ခံလူတန်းစား လက်လုပ်လက်စားတွေ အငတ်ဘေးသင့်လုနီး အခြေအနေဖြစ်နေ တယ်ဆိုတာ ပကတိ အမှန်တကယ်ဖြစ်နေတဲ့ အခြေအနေတွေဖြစ်ပါတယ်။

စက်တင်ဘာလအတွင်းကလည်း မိမိ၏ ရင်သွေးအတွက် နို့မှုန့်ဖိုး မရှာပေးနိုင် သည့်အတွက် အမျိုးသားတစ်ဦး ကိုယ့်ကိုယ် ကိုယ်အဆုံးစီရင်ခဲ့တဲ့ အဖြစ်အပျက်ဟာ ကပ်ရောဂါကာလ အခြေခံလူတန်းစားတွေ ဘယ်လောက်အခက်ကြုံနေတယ်ဆိုတာကို ပြသနေခဲ့ပါတယ်။

မခင်တို့ နေထိုင်တဲ့နေရာက ကျူးမိ သားစုတွေဟာလည်း နေ့စဉ် ထမင်းနပ်မှန် ရန်အတွက်ပင် အခက်ကြုံနေရပြီး မပြီးဆုံး သေးတဲ့ ကပ်ရောဂါကာလကြီးအတွက်တွေး တောပူပန်လို့ နေထိုင်နေရပါတယ်။

အလားတူ အခက်အခဲကြုံနေရတဲ့ မိ သားစုတွေဟာလည်း မြို့နယ်တိုင်းမှာ ရှိနေ တာကြောင့် ပရဟိတအလှူရှင်များစွာတို့ ဟာ မိမိတို့ကိုယ်တိုင် အခက်အခဲကြုံနေရ တဲ့ကြားက ပိုမိုခက်ခဲနေကြသူတွေကို လှူ ဒါန်းမှုတွေပြုလုပ်ပေးနေရတယ်လို့ သိရပါ တယ်။

“၁၈ ရက်နေ့မှာ သွားလှူမှာ ကျွန်တော့် သမီးမွေးနေ့အဖြစ်ပေါ့။ သူတို့ဆီမှာ တအား ခက်ခဲနေကြတာ။ စားဖို့တောင် အခြေအနေ ဆိုးနေကြတယ်။ ကိုယ်တွေက တော်သေး တယ်။ စားလို့သောက်လို့ရနေသေးတယ်။အမြဲတမ်းတော့ မလှူနိုင်ပေမဲ့ လှူနိုင်တဲ့ အခါ လှူရတာပေါ့ဗျာ။ ဘာကြေးညာကြေး မှလည်း မရကြရှာဘူးလေ။ လှူမယ်ဆိုတော့ ဒီလိုပဲ လိုက်စုပြီး အားလုံးပေါင်းလှူကြတာ ပေါ့ဗျာ”ဟု မခင်တို့ရဲ့ ကျူးရပ်ကွက်သို့ သွား ရောက် ပရဟိတလှူဒါန်းမှုပြုလုပ်မယ့် ကိုချယ်လိုက ပြောပါတယ်။

ကိုခန့်နဲ့ မခင်တို့လို အခြေခံလူတန်းစား တွေဟာ ကပ်ရောဂါကြောင့် တင်းကျပ်မှုတွေ ပြုလုပ်နေရတဲ့ ကာလအချိန်ကြာမြင့်တာနဲ့ အမျှ နေ့စဉ်မိသားစု ပုံမှန်စားသောက်ရေး အတွက်ပင် ခက်ခဲနေရပါတယ်။ ဒါတွေ အပြင် အခြားသော နွမ်းပါးတဲ့ ပြည်သူတွေ ဟာလည်း အခက်အခဲတွေ ကြုံတွေ့နေရပြီး ဒီအခြေအနေမှာ ကပ်ရောဂါ ကူးစက်မှုနှုန်း အနည်းငယ်လျော့ကျလာခဲ့ပေမဲ့ အခက် အခဲတွေကတော့ ဆက်လက်ကြုံတွေ့ နေရ ဆဲပါ။

အငှားယာဉ်မောင်းတွေဟာ တင်းကျပ်တဲ့ Stay at Home ကာလအတွင်း ခရီးသည် ရှားပါးမှုကြောင့် ပုံမှန်ဝင်ငွေ မရရှိကြပါဘူး။  Grab Taxi  ကဲ့သို့ ခရီးသည် အလွယ်တကူ ရရှိနိုင်သည့် အငှားယာဉ်မောင်းများပင် စီး နင်းသူရှားပါးသည့် အခြေအနေကို ကြုံတွေ့ နေရပြီး အငှားယာဉ်မောင်း အများစုက တော့ အုံနာခပင် ပုံမှန်ပေးချေနိုင်တဲ့ အခြေ အနေမှာ မရှိကြတော့ပါဘူး။ ရန်ကုန်မြို့မှာ Taxi စီးရေ ကိုးသောင်းဝန်းကျင်မှာ ရှိနေ တာကြောင့် ဒီအငှားယာဉ်မောင်းတွေ အပေါ်မှာ မူတည်နေတဲ့ မိသားစုဝင်ပေါင်း သိန်းနဲ့ချီ ရှိနေပါတယ်။ ဒါပေမဲ့လည်း အစိုး ရထောက်ပံ့မှုစာရင်းထဲမှာ မပါဝင်တဲ့ အငှား ယာဉ်မောင်းတွေနဲ့ သူတို့ရဲ့ မိသားစုတွေက တော့ အခက်အခဲတွေကို ကြုံသလို ဖြေရှင်း နေရတယ်လို့ သိရပါတယ်။

“ကျွန်တော်တို့ Grab Taxi တွေက ခရီးသည်ရှာရတာ ပိုလွယ်တာပဲရှိတာ။ ရတဲ့ အခါကျ ၂၀ ရာခိုင်နှုန်းက Grab ကို ပေးရ တာလေ။ အခုကာလကတော့ ကျွန်တော်တို့ လည်း ပုံမှန်ဝင်ငွေမရဘူး။ ကျွန်တော်တို့ လည်း အုံနာခပေးမောင်းတာ။ အရင်က တော့ တစ်ရက်နှစ်သောင်း၊ သုံးသောင်းရ တယ်။ အခုကတော့ တစ်သောင်းတောင် မပြည့်ဘူး။ ဒီလိုပဲ အမျိုးတွေဆီ လှည့်ချေး ငှားရင်းနေနေတာပေါ့”လို Grab Taxi ယာဉ်မောင်း ကိုကျော်စွာက ဆိုပါတယ်။

ကပ်ရောဂါ ဒုတိယလှိုင်းကြောင့် ရန် ကုန်မြို့မှာရှိတဲ့ စီးပွားရေးလုပ်ငန်းများစွာဟာ ရပ်တန့်ထားရခြင်း၊ လူလျှော့ချခြင်းများ ရှိနေခြင်းကြောင့် မှီခိုနေရတဲ့ မိသားစုဝင် တွေများစွာဟာလည်း စားဝတ်နေရေးမပြေ လည်ကြတော့ပါဘူး။ အလုပ်တွေပိတ်ထား ရခြင်းကြောင့် ဝင်ငွေမရှိတော့ဘဲ လက်လုပ် လက်စား အခြေခံလူတန်းစားတွေက ပိုမို အထိနာနေကြရပါတယ်။ ကပ်ရောဂါကြီး ကလည်း ကူးစက်မှုမြင့်မားနေတဲ့အတွက် ဆင်းရဲတဲ့ ပြည်သူတွေကတော့ ဘယ်ရွေ့ ဘယ်မျှ တောင့်ခံနိုင်ကြပါဦးမလဲ။ နိုဗယ် ကိုရိုနာဗိုင်းရပ်စ်က ဘယ်လောက်အထိ နှိပ် စက်နေဦးမှာလဲ။

“ကျွန်တော်ကတော့ ဒါကြီး ပြီးသွားဖို့ ဆုတောင်းတယ်ဗျာ။ အလုပ်တွေက အဲဒီကျ မှ ပြန်လုပ်လို့ရတော့မှာထင်တယ်။ ကျွန် တော်တို့တွေ ဘယ်လိုရှင်သန်ရမလဲဆိုတာ အခက်အခဲတွေဖြစ်နေပြီ။သံချည်သံကွေး လုပ်တဲ့ သူငယ်ချင်းတွေကိုမေးတော့လည်း အဆင်မပြေကြဘူး။ ကျွန်တော်ဘာပဲဖြစ်ဖြစ် လုပ်မယ် ဆုံးဖြတ်ထားတာ။ ဒါတောင် အလုပ်က လုံးဝရှာမရဘူး”လို့ ကိုခန့်က ပြောပြခဲ့ပါတယ်။

COVID-19 ကပ်ရောဂါဟာ မြန်မာနိုင်ငံအတွင်းမှာ ကူးစက်ခံရသူ သုံးသောင်း ခွဲနီးပါးရှိလာပြီး သေဆုံးသူအရေအတွက်ဟာလည်း တစ်ထောင်နီးပါးအထိ ရှိလာခဲ့ပါပြီ။ ရောဂါထိန်းချုပ်မှုအတွက် တင်းကျပ်မှု တွေကို ပြုလုပ်ထားရတာဖြစ်ပေမဲ့ တစ်ဖက်မှာလည်း အငတ်ဘေးဆိုက်လုနီးနီး ဖြစ်နေ တဲ့ အခြေခံလူတန်းစားတွေအတွက် အဖြေ တစ်ခုရှိဖို့လိုအပ်နေပါပြီ။ ဒီစားဝတ်နေရေး အခက်ကြုံနေရသူတွေဟာ အလှူရှင်တွေကို အဓိကမျှော်လင့်ရင်း ရှင်သန်နေရတာဟာ ဝမ်းနည်းစရာ အခြေအနေဖြစ်ပါတယ်။ ဒီ အခြေအနေတွေအတွက် ထိရောက်တဲ့ ပြောင်းလဲမှုတွေကို မျှော်လင့်နေကြပါတယ်။အခက်အခဲဖြစ်နေတဲ့ အောက်ခြေက အခြေ ခံလူတန်းစားတွေအတွက် ရောဂါကူးစက်ခံ ရတာထက် ပိုမိုဆိုးရွားတဲ့ ဘဝတွေကို ကြုံ တွေ့နေတဲ့အတွက် ဒီအခြေအနေတွေ အမြန်ဆုံး အဆင်ပြေစေဖို့ မျှော်လင့်ရင်း။

 

Most Read

Most Recent