မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးစီမံကိန်းအရ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်မှစ၍ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၈ ဒသမ ၅ ဘီလျံရရှိရန် လျာထားသော်လည်း COVID-19 ကပ်ရောဂါဖြစ်ပွားမှုကြောင့် ယင်းလျာထားချက်များကို ပြန်လည်သုံးသပ်မည်

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးစီမံကိန်းအရ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်မှစ၍ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၈ ဒသမ ၅ ဘီလျံရရှိရန် လျာထားသော်လည်း COVID-19 ကပ်ရောဂါဖြစ်ပွားမှုကြောင့် ယင်းလျာထားချက်များကို ပြန်လည်သုံးသပ်မည်
နိုင်ငံတကာလုပ်ငန်းရှင်များ ဝင်ရောက်ရင်းနှီးမြှုပ်နှံထားသည့် သီလဝါအထူးစီးပွားရေးဇုန်တစ်နေရာကို တွေ့ရစဉ် (ဓာတ်ပုံ- ကြည်နိုင်)
နိုင်ငံတကာလုပ်ငန်းရှင်များ ဝင်ရောက်ရင်းနှီးမြှုပ်နှံထားသည့် သီလဝါအထူးစီးပွားရေးဇုန်တစ်နေရာကို တွေ့ရစဉ် (ဓာတ်ပုံ- ကြည်နိုင်)
Published 3 October 2020
ဇေယျာငြိမ်း

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး စီမံကိန်းအရ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်မှ စတင်၍ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဒေါ်လာ ၈ ဒသမ  ၅ ဘီလျံ ရရှိရန်လျာထားသော်လည်း COVID-19 ကပ်ရောဖြစ်ပွားမှုကြောင့် ယင်းလျာထားချက်များကို ပြန်လည်သုံးသပ်သွားမည်ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူချုပ် ဦသန့်စင်လွင်က ပြောကြားသည်။

“ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်ကနေ စပြီးတော့ ဒေါ်လာ ၈ ဒသမ ၅ ဘီလျံ လျာထားပါတယ်။ ဒီဟာကိုလည်း ခုနကပြောပြတဲ့အထဲမှာပါတဲ့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးနှင့် လွယ်ကူချောမွေ့စေရေး ကော်မတီရဲ့ အစည်းအဝေးကနေ လာမယ့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်အတွက် ကြိုပြီးတော့မှ သုံးသပ်ဖို့အတွက် ပြင်ဆင်နေပါတယ်။ ကမ္ဘာလုံးဆိုင်ရာ ဖြစ်ပွားနေတဲ့အခြေအနေအရ COVID-19 နောက်ပိုင်းမှာဆို ကျွန်တော်တို့ ဘယ်လောက်ရရှိနိုင်မလဲ ဆိုတာကို ပြန်လည်သုံးသပ်ဖို့အတွက် ပြန်လည်ပြင်ဆင်နေပါတယ်” ဟု ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်က ပြောကြားသည်။

COVID-19 ကြောင့် အသွားအလာကန့်သတ်ထားသဖြင့် အချို့လုပ်ငန်းများ ဝင်ရောက်ရန်ရှိသော်လည်း ခွင့်ပြုမပေးနိုင်ခဲ့သဖြင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် မြန်မာနိုင်ငံ၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလျာထားချက် ပြည့်မီခြင်းမရှိဘဲ လျော့ကျခဲ့ကြောင်း သိရသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံအတွင်းသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၅ ဒသမ ၈ ဘီလျံရရှိရန် လျာထားခဲ့သော်လည်း ဒေါ်လာ ၅ ဒသမ ၆၈ ဘီလျံသာ ဝင်ရောက်ခဲ့ကြောင်း သိရသည်။

“ အမှန်အတိုင်းပြောရင် ဒီနှစ်ထဲမှာလည်း တာဂတ်ကိုပြည့်မီဖို့လို့ပဲဖြစ်ပါတယ်။ သို့သော်လည်း COVID-19 ဖြစ်ပွားနေတဲ့ အခြေအနေအရ ရင်းနှီးမြှုပ်နှံသူများက သွားရလာရ ကန့်သတ်ချက်ရှိခြင်း၊ သက်ဆိုင်ရာ နယ်မြေဆင်းပြီးတော့မှ လုပ်ဆောင်ရာမှာ ကန့်သတ်ချက်ရှိခြင်း ထို့အတူပဲ ရန်ကုန်နဲ့ နေပြည်တော် များသောအားဖြင့် နေပြည်တော်မှာ အစိုးရရုံး စိုက်တာဖြစ်တဲ့အတွက် အသွားအလာအခက်အခဲများ ရှိတာဖြစ်တဲ့အတွက် အချို့လုပ်ငန်းတွေဟာ ဝင်ရောက်ဖို့လို့ အစီအစဉ်ရှိပေမဲ့ မဝင်ရောက်သေးတာပဲ ဖြစ်ပါတယ်” ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်က ပြောကြားသည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်က မြန်မာနိုင်ငံအတွင်းသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၄ ဒသမ ၅၂ ဘီလျံ ဝင်ရောက်ခဲ့သည်။

၂၀၃၀ ခုနှစ်တွင် မြန်မာနိုင်ငံသည် ဝင်ငွေအလယ်အလတ်အဆင့်ရှိသည့်နိုင်ငံ ဖြစ်လာစေရန် ရည်ရွယ်၍ နှစ် ၂၀ ကြာ ဆောင်ရွက်မည့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးစီမံကိန်းအား အကောင်အထည် ဖော်လျက်ရှိသည်။

ထို့ပြင် နှစ် ၂၀ အတွင်း မြန်မာနိုင်ငံအတွင်းသို့ ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာဘီလျံ ၂၂၀ ကျော် ရရှိစေရန်နှင့် တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှုများ ပိုမိုစီးဝင်လာစေရေး မျှော်မှန်းဆောင်ရွက်လျက်ရှိသည်။

မြန်မာနိုင်ငံ၌ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ မြှင့်တင်ရန် ရည်ရွယ်၍ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်သည် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီနှင့်ပူးပေါင်း၍ ၂၀၁၃ ခုနှစ်တွင် ကာလရှည် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးစီမံကိန်းကို ရေးဆွဲခဲ့ပြီး ၂၀၁၄ ခုနှစ်မှစတင်၍ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည်။

Most Read

Most Recent