ကိုဗစ်-၁၉ ချေးငွေသက်တမ်း သုံးနှစ်ကျော်ပြီဖြစ်သဖြင့် ချေးငွေပြန်ဆပ်ရန်ကျန်ရှိနေသည့် ကုမ္ပဏီ၊ လုပ်ငန်းများအနေဖြင့် ၂၀၂၄ ခုနှစ် ဇူလိုင် ၁ ရက်မတိုင်မီ ပြန်လည်ပေးဆပ်ရန် ထုတ်ပြန်

ကိုဗစ်-၁၉ ချေးငွေသက်တမ်း သုံးနှစ်ကျော်ပြီဖြစ်သဖြင့် ချေးငွေပြန်ဆပ်ရန်ကျန်ရှိနေသည့် ကုမ္ပဏီ၊ လုပ်ငန်းများအနေဖြင့် ၂၀၂၄ ခုနှစ် ဇူလိုင် ၁ ရက်မတိုင်မီ ပြန်လည်ပေးဆပ်ရန် ထုတ်ပြန်
ကိုဗစ်-၁၉ ချေးငွေ ပဏာမစိစစ်နေမှုကို ၂၀၂၀ ပြည့်နှစ်အတွင်းက တွေ့ရစဉ်(ဓာတ်ပုံ-ကုန်သည်စက်မှုအသင်းချုပ်)
ကိုဗစ်-၁၉ ချေးငွေ ပဏာမစိစစ်နေမှုကို ၂၀၂၀ ပြည့်နှစ်အတွင်းက တွေ့ရစဉ်(ဓာတ်ပုံ-ကုန်သည်စက်မှုအသင်းချုပ်)
Published 6 June 2024

ကိုဗစ်-၁၉ ချေးငွေများ သက်တမ်းသုံးနှစ် ပြည့်မြောက်ကျော်လွန်ခဲ့ပြီးဖြစ်သဖြင့် ချေးငွေပြန်ဆပ်ရန် ကျန်ရှိနေသည့်ကုမ္ပဏီ/လုပ်ငန်းများအနေဖြင့် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁ ရက်နေ့မတိုင်မီ ပြန်လည်ပေးဆပ်ရန် ကို ဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွား ရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ် ငန်းကော်မတီက ထုတ်ပြန်ထားသည်။

ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီက ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ထိခိုက်မှုရှိခဲ့သော စီးပွား ရေးလုပ်ငန်းများအား ချေးငွေသက်တမ်းတစ် နှစ် (အတိုးနှုန်း ၁ ရာခိုင်နှုန်း)ဖြင့် ၂၀၂၀ ပြည့်နှစ် ဧပြီလမှစတင်၍ ချေးငွေများ ထုတ်ချေးခဲ့သည်။ ချေးငွေသက်တမ်း တစ်နှစ်ပြည့်မြောက်ခဲ့ပြီးနောက် ပထမအကြိမ် ၆ လ၊ ဒုတိယအကြိမ် ၆ လနှင့် တတိယအကြိမ်တစ်နှစ်နှင့် စုစုပေါင်းသုံးနှစ်အထိ ချေးငွေသက်တမ်းများ တိုးမြှင့်ဆောင်ရွက်ပေးခဲ့သည်။

ယခုအခါတွင် ချေးငွေသက်တမ်း သုံးနှစ်ပြည့်မြောက်ကျော်လွန်ခဲ့ပြီးဖြစ်သဖြင့် နေ ပြည်တော်ကောင်စီနယ်မြေနှင့် တိုင်းဒေသကြီး/ပြည်နယ်များရှိ ကိုဗစ်-၁၉ ရန်ပုံငွေမှ ချေးငွေပြန်လည်ပေးဆပ်ရန် တာဝန်ကျန်ရှိနေသည့် ကုမ္ပဏီ/လုပ်ငန်းများအနေဖြင့် ချေးငွေအတိုး/ အရင်းများကို ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁ ရက်မတိုင်မီ အမြန်ဆုံးအပြေအကျေပြန်လည်ပေးဆပ်ပါရန်  ကော်မတီက အသိပေးထုတ်ပြန်ထားသည်။

၂၀၂၀ ပြည့်နှစ် မတ် ၁၈ ရက်က ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနနေပြည်တော်၌ ကျင်းပသည့် Coronavirus Diaease 2019(COVID-19)ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွား ရေးသက်ရောက်မှုများအပေါ် ကုစားရေးကော်မတီ၏အစည်းအဝေးအမှတ်စဉ်(၂/၂၀၂၀)၏ဆုံးဖြတ်ချက်အရ COVID-19 ကြောင့် လတ်တလောစီးပွားရေးထိခိုက်မှု အများဆုံးခံစားရသည့်လုပ်ငန်းကဏ္ဍများအဖြစ် CMP လုပ်ငန်းများ၊ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းများနှင့်အသေးစားအလတ်စားစီးပွားရေးလုပ်ငန်းများကို ဦးစား ပေး ကုစားရမည့်ကဏ္ဍအဖြစ် သတ်မှတ်ခဲ့သည်။

ပြည်ထောင်စုအစိုးရအဖွဲ့၏ခွင့်ပြုချက်ဖြင့် နိုင်ငံတော်လှည့်ပတ်ရန်ပုံငွေ Revolving Fund မှ ကျပ်ဘီလျံ ၅၀ နှင့် လူမှုဖူလုံရေးရန်ပုံငွေမှ ကျပ်ဘီလျံ ၅၀၊ စုစုပေါင်းကျပ် ဘီလျံ ၁၀၀ ကို ကနဦးမတည်ငွေအဖြစ် မြန် မာ့စီးပွားရေးဘဏ်တွင် COVID-19 Fund ထူထောင်ခဲ့သည်။

အဆိုပါရန်ပုံငွေဖြင့် COVID-19 ကြောင့် စီးပွားရေးထိခိုက်မှုအများဆုံးခံစားရသည့် မြန်မာနိုင်ငံသားပိုင် CMP လုပ်ငန်းများ၊ ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းများနှင့် အသေးစားအလတ်စားစီးပွားရေးလုပ်ငန်းများကို အတိုးနှုန်းတစ်ရာခိုင်နှုန်း၊ ချေးငွေကာလတစ်နှစ်သတ်မှတ်၍ ထုတ်ချေးခဲ့ပြီး စီးပွားရေးထိခိုက်မှုအပေါ်မူတည်၍ အတိုးနှုန်းနှင့်ချေးငွေကာလကို လိုအပ်သလိုပြန်လည်သုံးသပ်ခဲ့သည်။

ယင်းနောက် ကိုဗစ်-၁၉ ကြောင့် စီးပွားရေးထိခိုက်ခဲ့ရသည့် နိုင်ငံပိုင် ငါး၊ ပုစွန်မွေးမြူရေးအပါအဝင် မွေးမြူရေးကဏ္ဍ၊ ရုပ်ရှင်နှင့်မီဒီယာကဏ္ဍ စသည်တို့ကိုလည်း ချေးငွေများ ထုတ်ချေးခဲ့သည်။

Most Read

Most Recent