ဂျူဗင်တပ်စ်အသင်းအနေဖြင့် မိုရာတာကို ယခုရာသီအပြင် နောက်ထပ်တစ် ရာသီ အငှားစာချုပ်သက်တမ်းတိုးခွင့်ရှိသော အချက် ထည့်သွင်းထားပြီး အပြီးသတ်ခေါ်ယူလိုလျှင် ယူရို ၄၅ သန်း ပေးချေရမည်ဖြစ်ကာ စာချုပ်သက်တမ်းမှာမူ ၂၀၂၅ ခုနှစ်အထိဖြစ်ကြောင်း သိရသည်။
ဂျူဗင်တပ်စ်အသင်းသည် အက်သလက်တီကိုအသင်းမှ စပိန်တိုက်စစ်မှူး မိုရာတာကို တစ်ရာသီအငှားခေါ်ယူမှုအတွက် ယူရိုကိုးသန်းအထိကုန်ကျမည်ဟု Goal.com က ဖော်ပြခဲ့သည်။

ဂျူဗင်တပ်စ်အသင်းသည် ယခုနွေရာသီအပြောင်းအရွှေ့ကာလတွင် ဟီဂွါအင် ထွက်ခွာသွားသည့် တိုက်စစ်ပိုင်းကို ပြောင်းလဲမှုများ ပြုလုပ်ရန် ပြင်ဆင်နေပြီး အသင်းတိုက်စစ်မှူးဟောင်းကို ပြန်လည်ခေါ်ယူခြင်း ဖြစ်သည်။ ဂျူဗင်တပ်စ်အသင်းအနေဖြင့် မိုရာတာကို ယခုရာသီအပြင် နောက်ထပ်တစ် ရာသီ အငှားစာချုပ်သက်တမ်းတိုးခွင့်ရှိသော အချက် ထည့်သွင်းထားပြီး အပြီးသတ်ခေါ်ယူလိုလျှင် ယူရို ၄၅ သန်း ပေးချေရမည်ဖြစ်ကာ စာချုပ်သက်တမ်းမှာမူ ၂၀၂၅ ခုနှစ်အထိဖြစ်ကြောင်း သိရသည်။

မိုရာတာသည် ဂျူဗင်တပ်စ်အသင်းတွင် ၂၀၁၄ မှ ၂၀၁၆ ခုနှစ်အထိ နှစ်ရာသီကစား ခဲ့ပြီး အသင်းအတွက် ပွဲပေါင်း ၉၃ ပွဲကစားရာ တွင် ၂၇ ဂိုးသွင်းယူပေးခဲ့သည်။ သို့သော် ရီးယဲလ်အသင်းက Buy-back Clause ယူရို သန်း ၃၀ ဖြင့် ခေါ်ယူခဲ့ပြီး ၂၀၁၇ နွေရာသီ တွင် ချယ်လ်ဆီးအသင်းသို့ ပြောင်းရွှေ့ကြေး ပေါင် သန်း ၆၀ ဖြင့် ရောက်ရှိခဲ့သည်။ သို့ သော် ချယ်လ်ဆီးအသင်းတွင် ခြေစွမ်းမပြနိုင်မှုကြောင့် ၂၀၁၉ ဇန်နဝါရီတွင် အက်သလက် တီကိုအသင်းသို့ ၁၈ လစာချုပ်ဖြင့် အငှားချ ခဲ့ပြီး ယင်းနှစ်နွေရာသီမှာပင် ပေါင် ၅၈ သန်း ဝန်းကျင်ဖြင့် အပြီးသတ်ခေါ်ယူခဲ့သည်။

သို့သော် မကြာသေးမီက အက်သလက်တီကိုအသင်းတွင် မိုရာတာ၊ ဒီယေဂိုကော်စတာတို့၏ အနာဂတ် မသေချာတော့ကြောင်း သတင်းများထွက်ခဲ့သလို၊ ဘာစီလိုနာအသင်းမှ ထွက်ခွာဖွယ်ရှိသည့် လူးဝစ်ဆွာရက်ဇ်ကိုလည်း ခေါ်ယူရန်နီးစပ်နေသောကြောင့် အငှားပြန်ချခဲ့ခြင်းဖြစ်သည်။ ဂျူဗင်တပ်စ်အသင်းမှာမူ အစောပိုင်းကတည်းက ဟီဂွါအင်နှင့်လမ်းခွဲ ရန် ဆုံးဖြတ်ခဲ့ပြီး လူးဝစ်ဆွာရက်ဇ်နှင့် ရိုးမား ၀ါရင့်တိုက်စစ်မှူး ဂျက်ကိုတို့ကို ပစ်မှတ်ထားခဲ့သော်လည်း မလွယ်ကူသဖြင့် အသင်း ကစားသမားဟောင်း မိုရာတာကိုသာ ပြန် လည်ခေါ်ယူခဲ့ခြင်းဖြစ်သည်။















