ဥရောပထိပ်သီးလိဂ်(၅)ခု၏ နွေရာသီအပြောင်းအရွှေ့အသုံးစရိတ် ပေါင်(၂) ဘီလီယံကျော်ရှိနေပြီး ပရီးမီးယားလိဂ်က ပေါင်သန်း(၈၀၀)ဖြင့် ဦးဆောင်နေ

ဥရောပထိပ်သီးလိဂ်(၅)ခု၏ နွေရာသီအပြောင်းအရွှေ့အသုံးစရိတ် ပေါင်(၂) ဘီလီယံကျော်ရှိနေပြီး ပရီးမီးယားလိဂ်က ပေါင်သန်း(၈၀၀)ဖြင့် ဦးဆောင်နေ
Photos: Getty Images
Photos: Getty Images
Published 15 September 2020

ဥရောပထိပ်သီးလိဂ်(၅)ခု၏ ယခုနွေရာသီအပြောင်းအ ရွှေ့အသုံးစရိတ်မှာ ပေါင်(၂)ဘီလီယံကျော်ရှိနေပြီဖြစ်ပြီး ပရီး မီးယားလိဂ်က ပေါင်သန်း(၈၀၀)ဖြင့် ဦးဆောင်နေလျက်ရှိ ကြောင်း သိရသည်။

ယခုနှစ် နွေရာသီအပြောင်းအရွှေ့ကာလမှာ ကိုရိုနာ ဗိုင်းရပ်စ်ကပ်ဘေး၏ ရိုက်ခတ်မှုကြောင့် ငွေကြေးသုံးစွဲမှု လျော့ကျဖွယ်ရှိသည်ဟု သုံးသပ်ခဲ့ကြသော်လည်း ဥရောပ ဘောလုံးအဖွဲ့ချုပ် (UEFA) ၏ ဘဏ္ဍာရေးစည်းမျဉ်း ဖြေ လျှော့ပေးမှုနှင့်အတူ ပရီးမီးယားလိဂ်အသင်းများက ပုံမှန်အ တိုင်း ပြင်ဆင်အားဖြည့်မှုများ ပြုလုပ်ခဲ့ခြင်းကြောင့် ငွေကြေး သုံးစွဲမှု ဆက်လက်မြင့်တက်နေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထို့ပြင် ဥရောပထိပ်သီးလိဂ်များ၏ ယခုနှစ် နွေရာသီအပြောင်း အရွှေ့ကာလမှာ အောက်တိုဘာ(၅)ရက်မှ ပိတ်သိမ်းမည်ဖြစ် သောကြောင့် အပြောင်းအရွှေ့လှုပ်ရှားမှုများစွာကို ထပ်မံမြင် တွေ့ရဖွယ်ရှိနေသလို၊ ပရီးမီးယားလိဂ်၏ အသုံးစရိတ်မှာ လည်း ပေါင်(၁)ဘီလီယံအမှတ်ကို ထပ်မံကျော်ဖြတ်နိုင်ရန် နီးစပ်နေခဲ့ပြီဖြစ်သည်။ 

နွေရာသီအပြောင်းအရွှေ့ကာလတွင် ဥရောပထိပ်သီး လိဂ်(၅)ခု၏  စုစုပေါင်းအသုံးစရိတ် အများဆုံးအဖြစ် စံချိန် တင်ထားသည်မှာ ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်က ပေါင်(၅)ဘီလီ ယံရှိခဲ့ခြင်းဖြစ်ပြီး ယင်းစံချိန်ကို လိုက်မီရန်မူ ဖြစ်နိုင်ဖွယ်မရှိတော့ကြောင်း သုံးသပ်မှုများလည်း ရှိနေသည်။ အဆိုပါစံချိန် တင်ခဲ့သည့်ရာသီတွင် ပရီးမီးယားလိဂ်က ပေါင်(၁.၄၁)ဘီလီ ယံ သုံးစွဲခဲ့သလို၊ လာလီဂါက ပေါင်(၁.၂၄)ဘီလီယံ၊ စီးရီးအေက ပေါင်(၁.၀၆)ဘီလီယံ၊ ဘွန်ဒစ်လီဂါက ပေါင်သန်း(၆၇၀)၊ ပြင်သစ်လီဂူးက ပေါင်(၆၀၅)သန်း သုံးစွဲခဲ့ခြင်းဖြစ်ကြောင်း လည်း သိရသည်။ 

လက်ရှိ ၂၀၂၀ နွေရာသီတွင်လည်း ပ ရီးမီးယားလိဂ်က ပေါင်သန်း(၈၀၀)ဖြင့် ဦးဆောင်နေသလို၊  စီးရီးအေက ပေါင်သန်း(၅၃၀)၊ ပြင်သစ်လီဂူးက ပေါင်သန်း (၃၁၀)၊ လာလီဂါက ပေါင်သန်း (၂၉၀)၊ ဘွန်ဒစ်လီဂါက ပေါင်သန်း(၂၀၀)ဝန်းကျင် သုံးစွဲထားခြင်းကြောင့် စုစုပေါင်း သုံးစွဲငွေ ပေါင်(၂)ဘီလီယံကျော်ခဲ့ခြင်းဖြစ်သည်။

Most Read

Most Recent