၂၀၀၇ ခုနှစ်နောက်ပိုင်း ရီးယဲလ်တွင် စူပါအေးဂျင့် ဂျော့ချ်မန်ဒက်စ်၏ ကစားသမား မရှိတော့

၂၀၀၇ ခုနှစ်နောက်ပိုင်း ရီးယဲလ်တွင် စူပါအေးဂျင့် ဂျော့ချ်မန်ဒက်စ်၏ ကစားသမား မရှိတော့
Photo: Marca
Photo: Marca
Published 15 September 2020

အဲဗာတန်အသင်းသို့ ဟာမီးစ်ရိုဒရီဂွက်ဇ် ပြောင်းရွှေ့သွားပြီးနောက် ၂၀၀၇ ခုနှစ်နောက်ပိုင်း ရီးယဲလ်အသင်းတွင် ပေါ်တူဂီစူပါအေးဂျင့် ဂျော့ချ်မန်ဒက်စ်၏ ကစားသမားမရှိတော့ကြောင်း သိရသည်။

ရီးယဲလ်အသင်းနှင့် ကာလရှည်ဆက်ဆံရေးကောင်း တည်ဆောက်နိုင်ခဲ့သူ ဂျော့ချ်မန်ဒက်စ်သည် ၂၀၀၇ ခုနှစ်တွင် ပီပီအား ရီးယဲလ်အသင်းသို့ ပြောင်းရွှေ့စေခြင်းမှစတင်၍ ဂါရိုင်း၊ စီရော်နယ်လ်ဒို၊ ဒီမာရီယာ၊ ကာဗယ်လ်ဟို၊ ကွန်ထရာအို၊ ဖာဘင်ညို၊ ဟာမီးစ်စသည့် ၎င်းအေးဂျင့်အဖြစ်ဆောင်ရွက်နေသည့် ကစားသမားများအား ရီးယဲလ်အသင်းသို့ ရောက်ရှိစေရန် စဉ်ဆက်မပြတ် စွမ်းဆောင်နိုင်ခဲ့သူဖြစ်သည်။ 

ရီးယဲလ်အသင်းသည် ယင်းကာလအတွင်း ဂျော့ချ်မန်ဒက်စ်၏ ကစားသမားများနှင့် နည်းပြ မော်ရင်ဟိုတို့ကို ခေါ်ယူခဲ့ခြင်းအတွက် အပြောင်းအရွှေ့အသုံးစရိတ် ယူရို(၂၉၈)သန်း သုံးစွဲခဲ့ရပြီး ပြန်လည်ရောင်းချရာမှ ယူရို(၁၈၆)သန်း ပြန်ရခဲ့ကြောင်းလည်း သိရှိရသည်။

Most Read

Most Recent