ခံစစ်အမှားအယွင်းများသည့် ဗန်ဒိုက်အား စိတ်ကြီးဝင်နေသူဟု လီဗာပူးလ်ဂန္ထဝင်နောက်ခံလူ ဂျေမီကာရေဂါ ဝေဖန်

ခံစစ်အမှားအယွင်းများသည့် ဗန်ဒိုက်အား စိတ်ကြီးဝင်နေသူဟု လီဗာပူးလ်ဂန္ထဝင်နောက်ခံလူ ဂျေမီကာရေဂါ ဝေဖန်
Photos: thisisinfield, thesportreview, easybranches
Photos: thisisinfield, thesportreview, easybranches
Published 14 September 2020

လီဗာပူးလ်အသင်း၏ ဂန္ထဝင် နောက်ခံလူတစ်ဦးဖြစ်သူ ဂျေမီကာရေဂါက လီဗာပူးလ်နောက်ခံလူ ဗန်ဒိုက်အား စိတ်ကြီးဝင်နေသူဟု စွပ်စွဲဝေဖန်လိုက်သည်။

ပရီးမီးယားလိဂ်ရာသီအဖွင့်ပွဲစဉ် လီဗာပူးလ် (၄-၃) လိဒ်စ်ပွဲတွင် လိဒ်စ်အသင်းသွင်းယူခဲ့သော ဒုတိယဂိုးမှာ ဗန်ဒိုက်၏ အမှားကြောင့်ဖြစ်၍ ဂျေမီကာရေဂါက ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ပွဲချိန်မိနစ် (၃၀)တွင် လိဒ်စ်တိုက်စစ်မှူး ပက်ထရစ်ဘမ်းဖို့ဒ် သွင်းယူသောဂိုးမှာ ဗန်ဒိုက်၏မသေသပ်သော ဘောလုံးဖျက်ထုတ်မှုမှတစ်ဆင့် ဂိုးပေးခဲ့ရခြင်းဖြစ်သည်။

ဗန်ဒိုက်သည် လီဗာပူးလ်အသင်းအတွက် နောက်ဆုံးကစားခဲ့သော ပရီးမီးယားလိဂ်ပွဲစဉ်(၄)ပွဲတွင် သူ၏အမှားမှတစ်ဆင့် ပြိုင်ဘက်အသင်းများကို (၂)ဂိုး အထိပေးခဲ့ရသည်။

၂၀၁၅-၁၆ ရာသီမှစ၍ ပရီးမီးယားလိဂ်တွင် စတင်ကစားခဲ့သူ ဗန်ဒိုက်သည် ယခင်ကစားခဲ့သော ပရီးမီးယားလိဂ်ပွဲစဉ် (၁၅၄)ပွဲ (ဆောက်သမ်တန်အသင်းတွင် ၆၇ ပွဲ၊ လီဗာပူးလ်အသင်းတွင် ၈၇  ပွဲ)၌ သူ၏တိုက်ရိုက်အမှားမှတစ်ဆင့် ဂိုးပေးရမှုမှာ (၁)ဂိုးသာရှိခဲ့ပြီး နောက်ဆုံးပရီးမီးယားလိဂ်(၄)ပွဲတွင် သူ၏တိုက်ရိုက်အမှားမှ (၂)ဂိုးအထိ ပေးခဲ့ရခြင်းလည်းဖြစ်သည်။

Most Read

Most Recent