ကိုရိုနာဗိုင်းရပ်စ်ကြောင့် သက်ရောက်မှုရှိသော်လည်း ဆုကြေးငွေများ ပုံမှန်အတိုင်းချီးမြှင့်မည်ဟု MNL CEO အတည်ပြု

ကိုရိုနာဗိုင်းရပ်စ်ကြောင့် သက်ရောက်မှုရှိသော်လည်း ဆုကြေးငွေများ ပုံမှန်အတိုင်းချီးမြှင့်မည်ဟု MNL CEO အတည်ပြု
Photo: EMG
Photo: EMG
Published 30 August 2020

လိဂ်ပြိုင်ပွဲကို ပုံမှန်အတိုင်း ကျင်းပနိုင်ခြင်းမရှိဘဲ ရပ်နားခဲ့ရသောကြောင့် စပွန်ဆာအပါအဝင် အခြားဝင်ငွေများ လျော့ကျခဲ့သော်လည်း မြန်မာနေရှင်နယ်လိဂ်အနေဖြင့် ၂၀၂၀ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ၌ ဗိုလ်စွဲမည့်အသင်း ကို ဆုကြေးပြောင်းလဲခြင်းမရှိဘဲ ပုံမှန်အတိုင်း ပေးအပ်ရန် စီစဉ်ထားခြင်းဖြစ်သည်။

 

မြန်မာနေရှင်နယ်လိဂ် အမှုဆောင်အရာရှိချုပ် ဦးစိုးမိုးကျော်က ကိုရိုနာဗိုင်းရပ်စ်ကြောင့် လိဂ်အပေါ်သက်ရောက်မှုရှိသော်လည်း ဆုကြေးငွေများ ပုံမှန်အတိုင်း ချီးမြှင့်မည်ဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့သည်။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ၂၀၂၀ ရာသီ MNL အမှတ်ပေးပြိုင်ပွဲကို မတ် ၂၄ ရက်မှ စ၍ ငါးလဝန်းကျင်ကြာ ရပ်နားခဲ့ရပြီး သြဂုတ် ၂၂ ရက်မှ ပြန်လည်ကျင်းပနိုင်ခဲ့သည်။ လိဂ်ပြိုင်ပွဲကို ပုံမှန်အတိုင်း ကျင်းပနိုင်ခြင်းမရှိဘဲ ရပ်နားခဲ့ရသောကြောင့် စပွန်ဆာအပါအဝင် အခြားဝင်ငွေများ လျော့ကျခဲ့သော်လည်း မြန်မာနေရှင်နယ်လိဂ်အနေဖြင့် ၂၀၂၀ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ၌ ဗိုလ်စွဲမည့်အသင်း ကို ဆုကြေးပြောင်းလဲခြင်းမရှိဘဲ ပုံမှန်အတိုင်း ပေးအပ်ရန် စီစဉ်ထားခြင်းဖြစ်သည်။

မြန်မာနေရှင်နယ်လိဂ်သည် ပထမမှ တတိယနေရာ အထိရရှိသည့်အသင်းများကို ဆုကြေးချီးမြှင့်မည်ဖြစ်ပြီး ပထမဆု ကျပ်သိန်း ၁၀၀၀၊ ဒုတိယဆု ကျပ်သိန်း ၇၅၀ နှင့် တတိယဆု ကျပ်သိန်း ၅၀၀ ချီးမြှင့်မည်ဖြစ်သည်။ 

"ကိုရိုနာဗိုင်းရပ်စ်ကြောင့် လိဂ်အပေါ်သက်ရောက်မှု ရှိပေမဲ့ ကျွန်တော်တို့အနေနဲ့ ဆုကြေးငွေတွေလျှော့ချဖို့ အစီအစဉ်မရှိပါဘူး။ ပုံမှန်အတိုင်းပဲ ချီးမြှင့်မှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီအတိုင်း ဆုကြေးငွေချီးမြှင့်မှာဖြစ်ပြီး ချန်ပီယံဆုရတဲ့ အသင်းက ဆုကြေးကျပ်သိန်း ၁၀၀၀ ရရှိမှာပါ။ ပထမကနေ တတိယအထိရတဲ့အသင်းတွေကို ဆုကြေးငွေချီးမြှင့်မှာပါ"ဟု မြန်မာနေရှင်နယ်လိဂ် အမှုဆောင်အရာရှိချုပ် ဦးစိုးမိုးကျော်က ပြောကြားခဲ့သည်။ 

၂၀၂၀ MNL ပြိုင်ပွဲကို အောက်တိုဘာ ၃ ရက်တွင် အပြီးကျင်းပရန် ပွဲစဉ်ရေးဆွဲထားသည်။

Most Read

Most Recent