အဂွဲရိုးနေရာ ရေရှည်အစားထိုးရန်အတွက် အင်တာမီလန်တိုက်စစ်မှူး လော်တာရိုမာတီနက်ဇ်ကို မန်စီးတီးအလိုရှိ

အဂွဲရိုးနေရာ ရေရှည်အစားထိုးရန်အတွက် အင်တာမီလန်တိုက်စစ်မှူး လော်တာရိုမာတီနက်ဇ်ကို မန်စီးတီးအလိုရှိ
Photos: AFP
Photos: AFP
Published 26 August 2020

လော်တာရိုမာတီနက်ဇ်သည် ၂၀၁၈ နွေရာသီတွင် အင်တာမီလန်အသင်းသို့ ပြောင်းရွှေ့ကြေး ယူရို(၂၂.၇) သန်းဖြင့်ရောက်ရှိလာခဲ့ပြီး အသင်းနှင့် (၅)နှစ် စာချုပ်ချုပ်ဆိုထားသည်။ 

မန်စီးတီးအသင်းသည် အသင်း၏ ၀ါရင့်တိုက်စစ်မှူး အဂွဲရိုး (၃၂ နှစ်)၏နေရာတွင် ရေရှည်အစားထိုးရန်အတွက် အင်တာမီလန် တိုက်စစ်မှူး လော်တာရိုမာတီနက်ဇ် (၂၂ နှစ်) ကို ပစ်မှတ်ထားနေကြောင်း သိရှိရသည်။ 

လော်တာရိုမာတီနက်ဇ်သည် ၂၀၁၈ နွေရာသီတွင် အင်တာမီလန်အသင်းသို့ ပြောင်းရွှေ့ကြေး ယူရို(၂၂.၇) သန်းဖြင့်ရောက်ရှိလာခဲ့ပြီး အသင်းနှင့် (၅)နှစ် စာချုပ်ချုပ်ဆိုထားသည်။ 

ပြီးခဲ့သည့်ရာသီက အင်တာမီလန်အသင်းအတွက် ပြိုင်ပွဲစုံ ဂိုး (၃၀)သွင်းယူပေးခဲ့သည့် မာတီနက်ဇ်၏ စာချုပ်ပါ အသင်းမှထွက်ခွင့်လျော်ကြေးမှာ ပေါင်(၈၁)သန်းဖြစ်ပြီး မန်စီးတီးအသင်းက ယင်းပမာဏကို ပေးချေကာခေါ်ယူဖွယ်ရှိကြောင်း Daily Mail သတင်းစာက ဖော်ပြခဲ့သည်။

Most Read

Most Recent