အာဆင်နယ်နောက်ခံလူ ဟိုးလ်ဒင်းကို ခေါ်ယူရန် လိဒ်စ်အသင်း ပစ်မှတ်ထား

အာဆင်နယ်နောက်ခံလူ ဟိုးလ်ဒင်းကို ခေါ်ယူရန် လိဒ်စ်အသင်း ပစ်မှတ်ထား
Photo: Getty Images
Photo: Getty Images
Published 26 August 2020

လိဒ်စ်အသင်းသည် အာဆင်နယ်နောက်ခံလူ ဟိုးလ်ဒင်းကို ခေါ်ယူရန် ပစ်မှတ်ထားနေကြောင်း သိရသည်။ 

လိဒ်စ်အသင်းသည် ဘရိုက်တန်နောက်ခံလူ ဘန်းဝှိုက်ကို ခေါ်ယူရန် (၃)ကြိမ်တိုင် ကမ်းလှမ်းခဲ့သော်လည်း ပယ်ချခံရပြီးနောက် ဟိုးလ်ဒင်းအား ပြောင်းလဲစဉ်းစားလာခြင်းဖြစ်သည်။ 

ဟိုးလ်ဒင်းသည် အာဆင်နယ်နည်းပြ အာတီတာ၏ အနာဂတ် အစီအစဉ်များတွင် မပါဝင်သဖြင့် လိဒ်စ်အသင်းအနေဖြင့် အဆိုပါ(၂၄)နှစ်အရွယ် နောက်ခံလူအတွက် ကမ်းလှမ်းရ ပိုမိုလွယ်ကူမည်ဖြစ်ပြီး ၎င်း၏စျေးကွက်ပေါက်ကြေးမှာ ပေါင်(၁၀)သန်းဝန်းကျင်သာရှိသည်။

အသက် (၂၄)နှစ်အရွယ်ရှိ အင်္ဂလန်နောက်ခံလူ ဟိုးလ်ဒင်းသည် ပြီးခဲ့သည့်ရာသီက အာဆင်နယ်အသင်းအတွက် ပြိုင်ပွဲစုံ (၁၈)ပွဲသာ ပါဝင်ကစားခွင့်ရခဲ့ကြောင်း သိရသည်။ 

လိဒ်စ်အသင်းသည် ဟိုးလ်ဒင်းအပြင် ချယ်လ်ဆီးအသင်းတွင် ပုံမှန်ပွဲထွက်ခွင့်ရရန် ရုန်းကန်နေရသည့် ဘယ်လ်ဂျီယံတိုက်စစ်မှူး ဘက်ရှူအာယီကိုပါ ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း သိရသည်။ 

Most Read

Most Recent