၂၀၂၀-၂၁ ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ မိမိတို့အတွက် အကြီးမားဆုံးစိန်ခေါ်မှုဖြစ်လာမည်ဟု ဗန်ဒိုက် ဆို

၂၀၂၀-၂၁ ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ မိမိတို့အတွက် အကြီးမားဆုံးစိန်ခေါ်မှုဖြစ်လာမည်ဟု ဗန်ဒိုက် ဆို
Photos: Getty Images
Photos: Getty Images
Published 26 August 2020

လီဗာပူးလ်နောက်ခံလူ ဗန်ဒိုက်က ၂၀၂၀-၂၁ ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ မိမိတို့အတွက် အကြီးမားဆုံးစိန်ခေါ်မှုဖြစ်လာမည်ဟု ပြောကြားခဲ့သည်။ 

လီဗာပူးလ်အသင်းသည် ပြီးခဲ့သည့် ၂၀၁၉-၂၀ ရာသီတွင် နှစ်ပေါင်း (၃၀)ကြာ ကွာဝေးနေသည့် ပရီးမီးယားလိဂ်ချန်ပီယံဆုကို ရယူနိုင်ခဲ့ပြီး လာမည့် ၂၀၂၀-၂၁ ရာသီတွင် ယင်းချန်ပီယံဆုကို ကာကွယ်နိုင်ရန် ကြိုးပမ်းရမည်ဖြစ်သည်။ 

ဗန်ဒိုက်က မိမိတို့မှာ ပရီးမီးယားလိဂ်လက်ရှိချန်ပီယံဖြစ်သဖြင့် အသင်းတိုင်းက အနိုင်လိုချင်ကြမည်ဖြစ်ပြီး မိမိတို့အနေဖြင့် ကြီးမားသည့် စိန်ခေါ်မှုနှင့် ရင်ဆိုင်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ 

ဗန်ဒိုက်က "လာမယ့် ၂၀၂၀-၂၁ ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲက ကျွန်တော်တို့အတွက် အကြီးမားဆုံးစိန်ခေါ်မှု ဖြစ်လာမယ်လို့ ထင်ပါတယ်။ ဒါက ကျွန်တော်တို့အတွက် စိန်ခေါ်မှုအသစ်လည်း ဖြစ်ပါတယ်။ ကျွန်တော်တို့က လက်ရှိချန်ပီယံဖြစ်တဲ့အတွက် အသင်းတိုင်းက ပြီးခဲ့တဲ့ရာသီကထက် ကျွန်တော်တို့အသင်းကို အနိုင်ရဖို့ ပိုပြီးကြိုးစားလာမှာ သေချာပါတယ်။ ကျွန်တော်တို့အနေနဲ့ ဖိအားတွေနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး အဲဒီဖိအားတွေ ရင်ဆိုင်ဖို့ ကျွန်တော်တို့ အသင့်ပါပဲ"ဟု ပြောကြားခဲ့သည်။ 

လီဗာပူးလ်အသင်းသည် ၂၀၂၀-၂၁ ရာသီကြိုခြေစမ်းပွဲအဖြစ် စတုဂတ်၊ ဆာလ်ဇ်ဘာ့ဂ်အသင်းတို့နှင့် ကစားခဲ့ရာ စတုဂတ်အသင်းကို (၃-၀)ဂိုးဖြင့် အနိုင်ရခဲ့ပြီး ဆာလ်ဇ်ဘာ့ဂ်အသင်းကို (၂-၂)ဂိုးဖြင့် သရေသာ ကစားနိုင်ခဲ့သည်။

လီဗာပူးလ်အသင်းသည် သြဂုတ်လ (၂၉)ရက်တွင် ကွန်မြူနတီဒိုင်းပွဲအဖြစ် FA ဖလားချန်ပီယံ အာဆင်နယ်အသင်းနှင့် ဝင်ဘလေကွင်း၌ ကစားမည်ဖြစ်ပြီး စက်တင်ဘာ (၁၂)ရက်တွင် ပရီးမီးယားလိဂ်အဖွင့်ပွဲအဖြစ် လိဒ်စ်အသင်းကို အိမ်ကွင်းတွင် လက်ခံကစားရမည်ဖြစ်သည်။

Most Read

Most Recent