ဘောလုံးရာသီပြီးဆုံးမှု နောက်ကျမည်ဖြစ်၍ ကလပ်အသင်းအများစု ပြည်တွင်း၊ ပြည်ပကစားသမားများကို စာချုပ်သက်တမ်းတိုးရမည်

ဘောလုံးရာသီပြီးဆုံးမှု နောက်ကျမည်ဖြစ်၍ ကလပ်အသင်းအများစု ပြည်တွင်း၊ ပြည်ပကစားသမားများကို စာချုပ်သက်တမ်းတိုးရမည်
Photo: EMG
Photo: EMG
Published 16 August 2020

ပြည်တွင်းလိဂ်ပြိုင်ပွဲများအနက် MNL ပြိုင်ပွဲတစ်ခုတည်းသာ ပြန်လည်ကျင်းပခွင့် ရထားပြီး သြဂုတ် ၂၂ ရက်မှ အောက်တိုဘာ ၃ ရက်အထိ ကျင်းပမည်ဖြစ်သည်။ MNL ကလပ်အသင်းများသည် ယင်းပြိုင်ပွဲအပြီး တွင် ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ပြိုင်ပွဲ ဆက်လက်ယှဉ်ပြိုင်ရမည်ဖြစ်ရာ စက်တင်ဘာလကုန်အထိသာ စာချုပ်ချုပ်ဆိုထားသည့် ကစားသမားများကို မဖြစ်မနေသက်တမ်းတိုးရမည်ဖြစ်သည်။ 

 

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပြည်တွင်း ဘောလုံးရာသီပြီးဆုံးမှု နောက်ကျမည်ဖြစ်ရာ ကလပ်အသင်းအများစုအနေဖြင့် ဘောလုံးရာသီဖြင့် စာချုပ်ချုပ်ဆိုထားသည့် ပြည်တွင်း၊ ပြည်ပကစားသမားများအား သက်တမ်းတိုးစာချုပ် ချုပ်ဆိုရမည်ဖြစ်ကြောင်း သိရသည်။

ပြည်တွင်းလိဂ်ပြိုင်ပွဲများအနက် MNL ပြိုင်ပွဲတစ်ခုတည်းသာ ပြန်လည်ကျင်းပခွင့် ရထားပြီး သြဂုတ် ၂၂ ရက်မှ အောက်တိုဘာ ၃ ရက်အထိ ကျင်းပမည်ဖြစ်သည်။ MNL ကလပ်အသင်းများသည် ယင်းပြိုင်ပွဲအပြီး တွင် ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ပြိုင်ပွဲ ဆက်လက်ယှဉ်ပြိုင်ရမည်ဖြစ်ရာ စက်တင်ဘာလကုန်အထိသာ စာချုပ်ချုပ်ဆိုထားသည့် ကစားသမားများကို မဖြစ်မနေသက်တမ်းတိုးရမည်ဖြစ်သည်။ 

MNL ကလပ်အသင်းများသည် နိုင်ငံခြားသားကစားသမားများကို ဘောလုံးရာသီဖြင့်သာ စာချုပ်ချုပ်ဆိုလေ့ရှိပြီး ကလပ်အသင်း ၁၀ သင်းအနက် မကွေး၊ ရတနာပုံ၊ Southern နှင့် အား/ကာသိပ္ပံ အသင်းတို့မှလွဲ၍ ကျန်ခြောက်သင်းမှာ နိုင်ငံ ခြားသားကစားသမားများ ခေါ်ယူထားသဖြင့် မဖြစ်မနေ သက်တမ်းတိုးရမည်ဖြစ်သည်။ ထို့ပြင် ကလပ်အသင်းအချို့မှာလည်း ပြည် တွင်းဘောလုံးသမားများကို ဘောလုံးရာသီ ဖြင့် စာချုပ်ချုပ်ဆိုထားရာ  ရှုံးထွက်ပြိုင်ပွဲ ကျင်းပမည့်ကာလအပေါ်မူတည်၍ သက်တမ်းတိုးရမည်ဖြစ်သည်။ မြန်မာနေရှင်နယ် လိဂ်သည် ရှုံးထွက်ပြိုင်ပွဲကျင်းပမည့်ရက် မသတ်မှတ်ရသေးသောကြောင့် အတည်ပြု ပြီးမှသာ ကစားသမားများကို သက်တမ်းတိုးရ ဖွယ်ရှိနေသည်။

"ကပ်ရောဂါဖြစ်နေတဲ့အချိန်မှာ FIFA ကလည်း ထုတ်ပြန်ထားတာရှိပါတယ်။ ကစား သမားတွေကို ညှိနှိုင်းပြီး သက်တမ်းတိုးခွင့်ရှိပါတယ်။ ဒါကြောင့် ကျွန်တော်တို့လည်း ကစားသမားတွေကို သက်တမ်းတိုးဖို့ရှိပါတယ်။ ကျွန်တော်တို့အသင်းမှာတော့ ပြည်ပ ကစားသမားပဲ သက်တမ်းတိုးရမှာပါ။ မြန်မာ ကစားသမားတွေက နှစ်နဲ့ပဲ စာချုပ်ထားတာ ဖြစ်ပါတယ်။ ရှုံးထွက်ပြိုင်ပွဲ ကျင်းပမယ့်ရက် ထွက်ပေါ်ပြီးမှပဲ သက်တမ်းတိုးမယ့်ကာလကို ကစားသမားတွေနဲ့ ညှိနှိုင်းရမှာပါ။ အောက်တိုဘာမှာပြီးမယ်ဆိုရင် တစ်လပဲ သက်တမ်းတိုးရမှာဖြစ်ပြီး နိုဝင်ဘာထဲရောက်မယ်ဆိုရင်တော့ တစ်လနဲ့ ပြီးမယ့်ရက်ကို ထပ်ပေါင်းပြီး သက်တမ်းတိုးရမှာပါ" ဟု ဟံသာဝတီအသင်း အုပ်ချုပ်သူ ဦးထွန်းထွန်းလင်းက ပြောကြားခဲ့သည်။

MNL လက်ကျန်ပွဲများ ယှဉ်ပြိုင်ရမည့် အသင်းများအနက် ရန်ကုန်၊ ဟံသာဝတီ၊ ရှမ်း ယူနိုက်တက်၊ စစ်ကိုင်း၊ ဧရာဝတီနှင့် ရခိုင် အသင်းတို့က နိုင်ငံခြားသားကစားသမားများ ခေါ်ယူအသုံးပြုလျက်ရှိပြီး ရန်ကုန်အသင်းက လေးဦးဖြင့် အများဆုံးခေါ်ယူထားသည်။ ရှမ်းယူနိုက်တက်အသင်းသည် ရာသီအစတွင် နိုင်ငံခြားသားလေးဦး ခေါ်ယူထားသော်လည်း တစ်ဦးနှင့် လမ်းခွဲခဲ့သောကြောင့် သုံးဦးသာ ကျန်ရှိတော့ခြင်းဖြစ်သည်။

Most Read

Most Recent