ဥရောပဘောလုံးသတင်းတိုများ

ဥရောပဘောလုံးသတင်းတိုများ
Photo: Getty Images
Photo: Getty Images
Published 13 August 2020

- မန်စီးတီးအသင်းသည် လီဗာပူးလ်အသင်းက ခေါ်ယူရန် ဆွေးနွေးမှုများ ပြုလုပ်နေသည့် ဘိုင်ယန်မြူးနစ်အသင်း၏ စပိန်လက်ရွေးစင်ကွင်းလယ်လူ သီယာဂိုအယ်လ်ကန်တာရာအား လီဗာပူးလ်အသင်းထက် လစာငွေပိုမိုပေးချေကာ ခေါ်ယူရန် စိတ်ဝင်စားလာခဲ့ကြောင်း သိရှိရသည်။

- ယခုနှစ်ချန်ပီယံလိဂ်တွင် ခြေစွမ်းပြကစားနေသည့် လိုင်ယွန်အသင်း၏ ပြင်သစ်လူငယ်ကွင်းလယ်လူ အာဝါ (၂၂ နှစ်) အား အာဆင်နယ်၊ မန်စီးတီးနှင့် ဂျူဗင်တပ်စ်အသင်းတို့က စိတ်ဝင်စားနေသည်ဟု သတင်းများထွက်ပေါ်နေပြီး လိုင်ယွန်အသင်း၏ အားကစားဒါရိုက်တာ ဂျူနင်ဟိုကလည်း အာဝါသည် အသင်းမှထွက်ခွာဖွယ်ရှိသည်ဟု ဝန်ခံပြောကြားခဲ့သည်။

- နာပိုလီအသင်းသည် ပြင်သစ်ကလပ် လိုင်လီအသင်း၏ ဘရာဇီးလ် နောက်ခံလူ မာဂယ်လ်ဟေးစ်အား ပေါင် (၂၂)သန်းဖြင့် ခေါ်ယူရန် သဘောတူညီမှု ရရှိခဲ့ပြီဖြစ်ရာ အသင်းကြီးများက စိတ်ဝင်စားနေသည့် နောက်ခံလူ ကူလီဘလီအား ရောင်းထုတ်ရန် စဉ်းစားဖွယ်ရှိနေသည်။

- လီဗာပူးလ်အသင်း၏ စိတ်ဝင်စားခြင်းကို ခံနေရသည်ဟု သတင်းများထွက်ပေါ်နေသည့် ဆီနီဂေါတောင်ပံကစားသမား အစ္စမေးလ်ဆားက လီဗာပူးလ်လိုအသင်းမျိုးထံသို့ မည်သူမဆိုပြောင်းရွှေ့လိုသည်ဟု ဝန်ခံပြောကြားခဲ့ပြီး ဝက်ဖို့ဒ်အသင်းကမူ ပေါင်သန်း (၄၀)အထိ ဈေးနှုန်းသတ်မှတ်ထားသည်။

- ဗလင်စီယာအသင်းသည် အသင်း၏ ဘဏ္ဍာရေးဟန်ချက်ကို ထိန်းညှိရန်အတွက် အသင်းမှ ကစားသမားအချို့အား ရောင်းထုတ်လျက်ရှိရာ ပရီးမီးယားလိဂ်ကလပ် ဝက်စ်ဟမ်းအသင်းက ဂါယာ၊ ကားလို့စ်ဆိုလာတို့အား ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း သိရှိရသည်။

- လာမည့် ၂၀၂၀-၂၁ ရာသီတွင် ဝတ်ဆင်မည့် အဝေးကွင်းဝတ်စုံကို လီဗာပူးလ်အသင်း မိတ်ဆက်ပြသခဲ့ရာ ပရိသတ်အချို့က ဝေဖန်ပြစ်တင်မှုများ ပြုလုပ်ခဲ့ကြသော်လည်း အသင်းခေါင်းဆောင် ဟန်ဒါဆန်ကမူ ကြိုက်နှစ်သက်ကြောင်းနှင့် ဝတ်ဆင်ကစားရန် မစောင့်နိုင်အောင် ဖြစ်မိကြောင်းဆိုခဲ့သည်။

Most Read

Most Recent