ချန်ပီယံလိဂ်ပြိုင်ပွဲ ယှဉ်ပြိုင်ကစားရန်အတွက် အက်သလက်တီကိုအသင်းတွင် ပထမအသင်းမှ ကစားသမား ၂၁ ဦး သာ ကျန်ရှိတော့ပြီး အကယ်ဒမီကစားသမားလေးဦးအား  ပေါ်တူဂီသို့ ထပ်မံခေါ်ဆောင်လာ 

ချန်ပီယံလိဂ်ပြိုင်ပွဲ ယှဉ်ပြိုင်ကစားရန်အတွက် အက်သလက်တီကိုအသင်းတွင် ပထမအသင်းမှ ကစားသမား ၂၁ ဦး သာ ကျန်ရှိတော့ပြီး အကယ်ဒမီကစားသမားလေးဦးအား  ပေါ်တူဂီသို့ ထပ်မံခေါ်ဆောင်လာ 
Photos : Getty Images & AFP
Photos : Getty Images & AFP
Published 12 August 2020

အက်သလက်တီကိုအသင်းသည် ပေါ်တူဂီ နိုင်ငံတွင် ချန်ပီယံလိဂ်ပြိုင်ပွဲယှဉ်ပြိုင်ရန်အတွက် ပထမအသင်းမှ ကစားသမား ၂၁ ဦး သာ ကျန်ရှိတော့ပြီး အကယ်ဒမီကစားသမားများဖြစ်သည့် အဲလက်ဒေါ့ဆန်းတို့စ်၊ မာနူ ဆန်းချက်ဇ်၊ ရီကွယ်လ်မီး၊ တိုနီမွိုင်ယာစသည့် လူငယ်လေးဦးကိုလည်း ခေါ်ဆောင်လာခဲ့ကြောင်း သိရသည်။ 

သြဂုတ် ၁၀ ရက်က အက်သလက်တီကို အသင်း၏ ကစားသမားနှစ်ဦးတွင် ဗိုင်းရပ်စ်ပိုးတွေ့ရှိခဲ့သော်လည်း အခြားကစားသမားများနှင့် ဝန်ထမ်းများ၏ဆေးစစ်မှုတွင် Negative အဖြေထွက်ခဲ့ကြောင်း သိရသည်။ ထို့ကြောင့် စပိန်အစိုးရအာဏာပိုင်များက အက်သလက်တီကိုအသင်းကို ချန်ပီယံလိဂ် ပြိုင်ပွဲ ယှဉ်ပြိုင်ကစားရန်အတွက် ပေါ်တူဂီနိုင်ငံသို့ ထွက်ခွာခွင့်ပြုခဲ့ကြောင်း AFP သတင်းဌာနက ဖော်ပြခဲ့သည်။

အက်သလက်တီကိုအသင်းတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ နှစ်ဦးမှာ တောင်ပံကစားသမား ကော်ရီယာနှင့် နောက်ခံလူ ဗာဆယ်လ်ကိုတို့ဖြစ်ပြီး ယင်းကစားသမား နှစ်ဦးသည် ချန်ပီယံလိဂ်ပွဲ ယှဉ်ပြိုင်ကစားရန် ပေါ်တူဂီနိုင်ငံသို့ လိုက်ပါနိုင်ခြင်း မရှိတော့ဘဲ နေအိမ် Quarantine ဖြင့် စပိန်ကျန်းမာရေးစည်းမျဉ်းအတိုင်း သီးသန့်နေထိုင်ရမည်ဖြစ်သည်။ အက်သလက်တီကိုအသင်းသည် ပေါ်တူဂီ နိုင်ငံတွင် ချန်ပီယံလိဂ်ပြိုင်ပွဲယှဉ်ပြိုင်ရန်အတွက် ပထမအသင်းမှ ကစားသမား ၂၁ ဦး သာ ကျန်ရှိတော့ပြီး အကယ်ဒမီကစားသမားများဖြစ်သည့် အဲလက်ဒေါ့ဆန်းတို့စ်၊ မာနူ ဆန်းချက်ဇ်၊ ရီကွယ်လ်မီး၊ တိုနီမွိုင်ယာစသည့် လူငယ်လေးဦးကိုလည်း ခေါ်ဆောင်လာခဲ့ကြောင်း သိရသည်။ 

အက်သလက်တီကိုအသင်း၏မူလအစီအစဉ်မှာ သြဂုတ် ၁၀ ရက် ညပိုင်းကတည်းက ပေါ်တူဂီသို့သွားရောက်ရန်ဖြစ်ပြီး သြဂုတ် ၁၁ ရက်တွင် ဘင်ဖီကာအသင်း၏ Seixal လေ့ကျင့်ရေးကွင်းတွင် လေ့ကျင့်ရန် အချိန်ဇယားဆွဲခဲ့ပြီးမှ Positive အ ဖြေများထွက်ပေါ်လာမှုကြောင့် သြဂုတ် ၁၁ ရက်မှ သွားရောက်နိုင်ခြင်းဖြစ်သည်။ အက်သလက်တီကိုကစားသမားနှစ်ဦး ဗိုင်းရပ်စ် ကူးစက်ခံရသော်လည်း လိုက်ပ်ဇစ်နှင့် အက်သလက်တီကိုပွဲကို မူလစီစဉ်ထားသည့်အတိုင်း ယှဉ်ပြိုင်ကစားရမည်ဟု ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA) က ယင်းနေ့မှာပင် သတင်းထုတ်ပြန်ခဲ့သည်။ UEFA ၏စည်း မျဉ်းအရ ဂိုးသမားတစ်ဦးအပါအဝင် ကစား သမား ၁၃ ဦး ကျန်းမာစွာရှိနေလျှင် ပွဲကစားနိုင်သည်ဟု သတ်မှတ်ထားကြောင်း သိရှိရသည်။

ယင်းသတင်းများကြောင့် အက်သလက်တီကိုအသင်းနှင့် လိုက်ပ်ဇစ်အသင်းနည်းပြ နာဂယ်စ်မန်းက တုန်လှုပ်ချောက်ချားနေမည်မဟုတ်ကြောင်းနှင့် အဆိုပါပွဲအပေါ်သာ အာရုံအပြည့်အဝစိုက်ထားကြောင်း ပြောကြားသည်။ နာဂယ်စ်မန်းအတွက် သြဂုတ်လ ၁၃ ရက်တွင်ကစားမည့် အက်သလက်တီကိုနှင့်ပွဲတွင် အဓိကကြုံတွေ့ရမည့်အခက်အခဲမှာ ချယ်လ်ဆီးသို့ပြောင်းရွှေ့သွားသည့် ဗာနာ၏နေရာ အစားထိုးမှုဖြစ်နိုင်ပြီး ယင်းပွဲတွင် လိုက်ပ်ဇစ်အသင်းတိုက်စစ်ပိုင်း၌ ပေါလ်ဆင် နှင့် ပတ်ထရစ်ရှစ်ခ်တို့နှင့် ပွဲထွက်လာဖွယ်ရှိ နေသည်။

Most Read

Most Recent