အင်တာမိုင်ယာမီအသင်း၏ ကမ်းလှမ်းမှုကို ဂေါ့ဇီ ပယ်ချ

အင်တာမိုင်ယာမီအသင်း၏ ကမ်းလှမ်းမှုကို ဂေါ့ဇီ ပယ်ချ
Photo: Reuters
Photo: Reuters
Published 12 August 2020

ဒေါ့မွန်အသင်းနှင့် လမ်းခွဲပြီးနောက် အသင်းလက်မဲ့ဖြစ်နေသည့် ဂျာမန်ကွင်းလယ်လူ ဂေါ့ဇီသည် မေဂျာလိဂ်ကလပ် အင်တာမိုင်ယာမီအသင်း၏ ကမ်းလှမ်းမှုကို ပယ်ချခဲ့ကြောင်း ဂျာမန်သတင်းစာ Bild က ဖော်ပြခဲ့သည်။ 

အသက် (၂၈)နှစ်အရွယ်ရှိ ဂေါ့ဇီသည် ၂၀၁၉-၂၀ ရာသီ ဘွန်ဒစ်လီဂါပြိုင်ပွဲအပြီးတွင် ဒေါ့မွန်အသင်းနှင့်လမ်းခွဲခဲ့ပြီးနောက် အသင်းလက်မဲ့ ဖြစ်နေသူဖြစ်သည်။ 

အင်္ဂလန်နာမည်ကျော်ဘောလုံးသမားဟောင်း ဒေးဗစ်ဘက်ခမ်း ပူးတွဲပိုင်ဆိုင်သည့် အမေရိကန် မေဂျာလိဂ်ကလပ် အင်တာမိုင်ယာမီအသင်းသည် ဂေါ့ဇီအား တစ်နှစ်လစာ ပေါင် (၅.၃)သန်းဖြင့် ခေါ်ယူရန် ကမ်းလှမ်းခဲ့ကြောင်း သိရသည်။ 

သို့သော် ဂေါ့ဇီသည် ဥရောပတွင် ကစားလိုသည့်အတွက် အင်တာမိုင်ယာမီအသင်း၏ ကမ်းလှမ်းမှုကို ငြင်းဆန်ပယ်ချခဲ့ကြောင်း Bild က ဖော်ပြခဲ့သည်။ 

လက်ရှိတွင် ဂေါ့ဇီအား ခေါ်ယူရန် ဥရောပကလပ်များဖြစ်သည့် မိုနာကို၊ ဆီဗီလာ၊ ဖီအိုရင်တီးနား၊ အေစီမီလန်နှင့် ရိုးမားအသင်းတို့က စိတ်ဝင်စားနေကြောင်း သိရှိရသည်။ 

Most Read

Most Recent