မဲဆန္ဒရှင်စာရင်းများ ကြည့်ရှုစစ်ဆေးနိုင်ရန် သြဂုတ် ၁၄ ရက်အထိ တစ်ပတ်ထပ်မံ တိုးမြှင့်

မဲဆန္ဒရှင်စာရင်းများ ကြည့်ရှုစစ်ဆေးနိုင်ရန် သြဂုတ် ၁၄ ရက်အထိ တစ်ပတ်ထပ်မံ တိုးမြှင့်
ရန်ကုန်မြို့ မဲဆန္ဒနယ်တစ်ခုတွင် ဇူလိုင် ၂၅ ရက်က မဲစာရင်း လာရောက်ကြည့်ရှုနေသူများကို တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)
ရန်ကုန်မြို့ မဲဆန္ဒနယ်တစ်ခုတွင် ဇူလိုင် ၂၅ ရက်က မဲစာရင်း လာရောက်ကြည့်ရှုနေသူများကို တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)
Published 6 August 2020

မဲဆန္ဒရှင်စာရင်းများ ကြည့်ရှုစစ်ဆေးနိုင်ရန် သြဂုတ် ၁၄ ရက်အထိ တစ်ပတ်ထပ်မံ တိုးမြှင့်မည်ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် ဦးသန်းဌေးက ပြောကြားသည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးသန်းဌေးက “ဟုတ်ပါတယ်၊ အဲ့တာ စာထုတ်ဖို့ ပြင်နေပါတယ်၊ တစ်ပတ်ထပ်တိုးမှာပါ” ဟု ပြောကြားသည်။

ယခင်က မဲဆန္ဒရှင်စာရင်းများကို ဇူလိုင် ၂၅ ရက်မှ သြဂုတ် ၇ ရက်အထိ သတ်မှတ်ခဲ့သော်လည်း ယခုအခါတွင် သြဂုတ် ၁၄ ရက်နေ့အထိ တစ်ပတ်ထပ်မံ တိုးမြှင့်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မဲဆန္ဒရှင်စာရင်းများကို ပိုမိုပြည့်စုံ မှန်ကန်စေရန်နှင့် မဲဆန္ဒရှင်များမှ လိုအပ်သည့် တောင်းဆိုမှု၊ ကန့်ကွက်မှု၊ ပြင်ဆင်မှုများ ဆောင်ရွက်ရန်အတွက် အချိန်ပိုမို ရရှိစေရန် ရည်ရွယ်၍ ထပ်မံတိုးမြှင့်ခဲ့ခြင်း ဖြစ်သည်ဟု လူမှုကွန်ရက် စာမျက်နှာများတွင် ပြန့်နှံ့နေသည့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ ကြေညာချက်တွင် ဖော်ပြထားသည်။

 

Most Read

Most Recent