တိုင်းရင်းသားလူမျိုးအချို့၏ မှတ်ပုံတင်တွင် လူမျိုးအမည် လွဲမှားမှုများ ရှိနေပြီး သတ်မှတ်ချက်နှင့်အညီ ပြင်ဆင်ဆောင်ရွက်ပေးမည်ဟု တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ပြောကြား

တိုင်းရင်းသားလူမျိုးအချို့၏ မှတ်ပုံတင်တွင် လူမျိုးအမည် လွဲမှားမှုများ ရှိနေပြီး သတ်မှတ်ချက်နှင့်အညီ ပြင်ဆင်ဆောင်ရွက်ပေးမည်ဟု တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ပြောကြား
Published 13 June 2020
ဆန်းထူးအောင်

တိုင်းရင်းသားလူမျိုးအချို့၏ မှတ်ပုံတင်တွင် လူမျိုးအမည် လွဲမှားမှုများရှိနေပြီး စည်းကမ်းသတ်မှတ်ချက်နှင့်အညီ ပြင်ဆင်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းအေးကိုက ပြောကြားသည်။

ဇွန် ၁၂ ရက်က ပြုလုပ်သည့် အစိုးရ၏ စတုတ္ထတစ်နှစ်တာကာလ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာန၏ ဆောင်ရွက်ခဲ့မှု လုပ်ငန်းစဉ်များ ရှင်းလင်းပွဲတွင် ၎င်းက ထိုသို့ထည့်သွင်းပြောကြားခြင်းဖြစ်သည်။

“ မှတ်ပုံတင်မှာ လူမျိုး နာမည် လွဲနေတာ ရှိပါတယ်။ လွဲနေတာကို ပြင်ဆင်ခွင့်ရဖို့ ကျွန်တော်တို့ တင်ပြတာရှိပါတယ်။ တင်ပြတဲ့အတွက် လဝကကို တင်ပြညှိနှိုင်းပေးတာ ရှိတယ်။ လဝကမှာ သက်ဆိုင်ရာ ဥပဒေတွေ ရှိပါတယ်။ သတ်မှတ်ချက်တွေရှိပါတယ်။ အဲဒါကြောင့် စည်းကမ်းသတ်မှတ်ချက်နဲ့ ကိုက်ညီမှုရှိရင် ပြင်ဆင်ဆောင်ရွက်ပေးမယ်လို့ ပြောပါတယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့က မှားခဲ့တာကို နောင်ဆက်မမှားရအောင် ဆောင်ရွက်ပေးခြင်းဖြစ်ပါတယ်။ သုံးခွင့်မပြုဘူး၊ မပြုဘူးကြာရင် ပိုနစ်နာသွားမယ်။ အဲဒီလိုနစ်နာမှုမရှိအောင် ရောက်နေတာ နှစ်နှစ်လောက်ရှိပြီ။ ဒါကို တစ်စိုက်မတ်မတ် လုပ်နေတယ်။ လွှတ်တော်မှာလည်း ဝန်ကြီးကို မေးပါတယ်။ သူတို့လည်း ဖြေပါတယ်။ အခုပညာရေးကို ညှိထားတယ်။ ဆရာမတွေကလည်း ကျောင်းစာရင်းအတိုင်း ပေးတာဆိုတော့ ကျောင်းစာရင်း၊ မွေးစားရင်း အဲဒီလိုဖြစ်အောင် ဆောင်ရွက်ပေးတာဖြစ်ပါတယ်။ ဒါကနောင်တစ်ချိန်ကျရင် တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီးတွေ ရွေးချယ်တဲ့အခါ အထာက်အကူပြုလာနိုင်ဖို့ ရေရှည်အနေနဲ့ ဆောင်ရွက်ပေးနေတာ ဖြစ်ပါတယ်။ လက်ရှိကတော့ ပြောင်းတဲ့ကိစ္စကတော့ သက်ဆိုင်ရာ လဝကတွေရဲ့ စည်းမျဉ်းစည်းကမ်းအတိုင်း ဆောင်ရွက်သွားရင် အဆင်ပြေပါမယ်ခင်ဗျ။ ကျွန်တော်တို့ဆီတင်လာရင် တင်တဲ့အတိုင်း ပို့ပေးတယ်။ လဝကက သက်ဆိုင်ရာ အောက်ရုံးနဲ့ ညှိပြီးတော့ ပြောင်းလို့ရသလောက် ပြောင်းတယ်လို့သိရတယ်။ ဘယ်လောက်ရတယ်၊ မရဘူးဆိုတာ သေချာတော့ မသိရပါဘူး” ဟု ညွှန်ကြားရေးမှူးချုပ် ဦးမင်းအေးကိုက  ပြောကြားသည်။

Most Read

Most Recent