မြန်မာကြက်တောင်အားကစားမယ် သက်ထားသူဇာ တိုကျိုအိုလံပစ်ဝင်ခွင့်ရရန် အဓိကကြိုးပမ်းမည်ဖြစ်ပြီးလက်ရည်စစ်ပွဲကာလ လေးလအတွင်း ကျင်းပမည့်ပြိုင်ပွဲအများစုတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် စီစဉ်ထား

မြန်မာကြက်တောင်အားကစားမယ် သက်ထားသူဇာ တိုကျိုအိုလံပစ်ဝင်ခွင့်ရရန် အဓိကကြိုးပမ်းမည်ဖြစ်ပြီးလက်ရည်စစ်ပွဲကာလ လေးလအတွင်း ကျင်းပမည့်ပြိုင်ပွဲအများစုတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် စီစဉ်ထား
Photo: BWF & Thet Htar Thuzar Facebook
Photo: BWF & Thet Htar Thuzar Facebook
Published 11 June 2020

ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ် (BWF) သည် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပြိုင်ပွဲကျင်းပမှု လေးလကျော်ရပ်နားထားပြီး သြဂုတ်မှစတင်ကာ ပြိုင်ပွဲများပြန်လည်ကျင်းပမည်ဖြစ်သည်။ သို့သော် ယခုနှစ်အတွင်းကျင်းပမည့် ပြိုင်ပွဲများမှ ရလဒ်များကို အိုလံပစ်ဝင်ခွင့်အတွက် ထည့်သွင်းတွက်ချက်မည်မဟုတ်ဘဲ ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၄ ရက်မှ မေ ၂ ရက် အထိ သတ်မှတ်ထားပြီး ကျင်းပမည့်ပြိုင်ပွဲ ၂၄ ခုမှ ရလဒ်များကိုသာ တွက်ချက်သွားမည် ဖြစ်သည်။

မြန်မာကြက်တောင်အားကစားမယ် သက်ထားသူဇာသည် တိုကျိုအိုလံပစ်ပြိုင်ပွဲ ဝင်ခွင့်ရရန် အဓိကကြိုးပမ်းသွားမည်ဖြစ်ပြီး လေးလအတွင်းကျင်းပမည့် ပြိုင်ပွဲအများစု တွင် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ် (BWF) သည် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပြိုင်ပွဲကျင်းပမှု လေးလကျော်ရပ်နားထားပြီး သြဂုတ်မှစတင်ကာ ပြိုင်ပွဲများပြန်လည်ကျင်းပမည်ဖြစ်သည်။ သို့သော် ယခုနှစ်အတွင်းကျင်းပမည့် ပြိုင်ပွဲများမှ ရလဒ်များကို အိုလံပစ်ဝင်ခွင့်အတွက် ထည့်သွင်းတွက်ချက်မည်မဟုတ်ဘဲ ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၄ ရက်မှ မေ ၂ ရက် အထိ သတ်မှတ်ထားပြီး ကျင်းပမည့်ပြိုင်ပွဲ ၂၄ ခုမှ ရလဒ်များကိုသာ တွက်ချက်သွားမည် ဖြစ်သည်။ BWF အနေဖြင့် အိုလံပစ်ပြိုင်ပွဲ ဝင်ခွင့်အတွက် တွက်ချက်ရာတွင် ယခင်ရရှိ ထားသည့် ရမှတ်များကို ဆက်လက်ထည့်သွင်း သွားမည်ဖြစ်ပြီး သက်ထားသူဇာသည် အိုလံပစ်ဝင်ခွင့်တွင် အဆင့် ၂၇ နေရာ ရရှိနေသည်။

"လက်ရှိအနေအထားကတော့ ဘယ်ပြိုင်ပွဲတွေ ဝင်ပြိုင်မယ်၊ ပြိုင်ပွဲဘယ်နှစ်ခုပြိုင်မလဲ ဆိုတာ ပြောဖို့ခက်ပါသေးတယ်။ ကိုရိုနာဗိုင်းရပ်စ်အခြေအနေကြောင့် ဘာမှပြောလို့မရ သေးပါဘူး။ သေချာတာတစ်ခုကတော့ အိုလံပစ်ဝင်ခွင့်ရဖို့ အဓိကထားကြိုးပမ်းသွားမှာဖြစ်ပါတယ်။ ဒီနှစ်ထဲမှာ ကျင်းပမယ့်ပြိုင်ပွဲတွေကတော့ လက်လွှတ်သင့်ရင် လက်လွှတ်ရမယ့် အနေအထားဖြစ်ပါတယ်။ ပြိုင်ပွဲတစ်ခု ဝင် ပြိုင်ပြီး ပြန်လာလို့ Quarantine ဝင်ရမယ်ဆို ရင် လေ့ကျင့်ထားတာတွေက အဆင်မပြေ နိုင်တော့ပါဘူး။ ဒီနှစ်ထဲကျင်းပမယ့် ပြိုင်ပွဲ တွေကတော့ ရောဂါအခြေအနေအပေါ် ကြည့်ပြီး ယှဉ်ပြိုင်မှာပါ။ အိုလံပစ်ဝင်ခွင့် အတွက် သတ်မှတ်ထားတဲ့ ပြိုင်ပွဲတွေမှာ အများစုကို ဝင်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်ပါ တယ်။ ပြိုင်ပွဲအရေအတွက်ကို လက်ရှိအခြေ အနေမှာ ပြောလို့မဖြစ်နိုင်သေးပေမယ့် အများ စုမှာ ယှဉ်ပြိုင်မှာပါ" ဟု သက်ထားသူဇာ၏ ဖခင် ဦးထွန်းထွန်းဇော်က ပြောကြားခဲ့သည်။

သက်ထားသူဇာသည် တိုကျိုအိုလံပစ် ဝင်ခွင့်ရရန် ၂၀၁၉ ခုနှစ်ကတည်းက ကြိုးပမ်း လာခြင်းဖြစ်ပြီး BWF က ကြီးမှူးကျင်းပသည့် ပြိုင်ပွဲအများစုတွင် ဝင်ရောက်ယှဉ်ပြိုင်ကာ အောင်မြင်မှုများ ရယူနိုင်ခဲ့သည်။ သက်ထား သူဇာသည် ၂၀၁၈ ခုနှစ် နှစ်ကုန်ပိုင်းကတည်း က နိုင်ငံတကာပြိုင်ပွဲများတွင် အောင်မြင်မှု ရယူနိုင်ခဲ့သလို သူမ၏ အိုလံပစ်ဝင်ခွင့်ကြိုးပမ်းမှုများကြောင့်လည်း နိုင်ငံတကာပြိုင်ပွဲများ စဉ်ဆက်မပြတ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ သက်ထားသူဇာသည် နှစ်ဆန်းပိုင်း တွင် နိုင်ငံတကာပြိုင်ပွဲများ ဆက်တိုက်ယှဉ် ပြိုင်ရန် စီစဉ်ထားသော်လည်း ကိုရိုနာဗိုင်းရပ်စ် ကြောင့် ပြိုင်ပွဲသုံးခုသာ ယှဉ်ပြိုင်ရသေးကြောင်း သိရသည်။

Most Read

Most Recent