ပရိသတ်မပါဘဲ အောင်ပွဲခံရမည်မှာထူးဆန်းနေဟု ဟန်ဒါဆန် ဆို

ပရိသတ်မပါဘဲ အောင်ပွဲခံရမည်မှာထူးဆန်းနေဟု ဟန်ဒါဆန် ဆို
Published 28 May 2020

လီဗာပူးလ်အသင်းခေါင်းဆောင် ဟန်ဒါဆန်က ယခုရာသီပရီးမီးယားလိဂ်တွင် ချန်ပီယံဖြစ်ပြီးနောက် ပရိသတ်မပါဘဲ ဆုဖလားနှင့်အတူ ကွင်းအတွင်း အောင်ပွဲခံရမည်ဆိုပါက အလွန်ထူးဆန်းနေမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

လီဗာပူးလ်အသင်းသည် ကစားရန် (၉)ပွဲ ကျန်ရှိနေသောအနေအထား၌ ဒုတိယနေရာမှ မန်စီးတီး(တစ်ပွဲလျော့)ကို ရမှတ် (၂၅)မှတ်အထိဖြတ်ထားပြီး လက်ကျန်ပွဲစဉ်များတွင် ရမှတ်(၆)မှတ်ရရှိရုံနှင့် ချန်ပီယံအ ဖြစ်ဗိုလ်စွဲမည်ဖြစ်သည်။

သို့ဖြစ်ရာ ပရီးမီးယား လိဂ်ပွဲစဉ်များပြန်လည်စတင်ပါက လီဗာပူးလ်အသင်းအနေဖြင့် နိုင်ပွဲ(၂)ပွဲရယူအပြီးတွင် ပရီးမီးယားလိဂ်ချန်ပီယံဆုကို ဆွတ်ခူးနိုင်မည် ဖြစ်သည်။

ဟန်ဒါဆန်က ''ပရိသတ်တွေမရှိတဲ့ ကွင်းထဲမှာ ဆုဖလားနဲ့အောင်ပွဲခံရမယ့် အလုပ်ကတော့ အရင်ကနဲ့ အတော်ကို ခြားနားနေပြီး ထူးထူးဆန်းဆန်းပါပဲ''ဟု ပြောကြားခဲ့သည်။

လီဗာပူးလ်အသင်းအနေဖြင့် ယခုရာသီ ပရီးမီးယားလိဂ်ဖလားကို ရယူနိုင်ခဲ့လျှင် နှစ်ပေါင်း(၃၀)ကြာမှ အမှတ်ပေးချန်ပီယံဆုကို ပြန်လည်ရရှိမည်လည်းဖြစ်သည်။

ပရီးမီးယားလိဂ်ပွဲများကို ပြီးခဲ့သည့်မတ်လ(၁၃)ရက်ကတည်းက ရပ်ဆိုင်းထားခြင်းဖြစ်ပြီး ဇွန်လလယ်နောက်ပိုင်းတွင် ပြန်လည်စတင်ဖွယ်ရှိသည်။

 

Most Read

Most Recent