ပြန်လည်ကျင်းပမည့် ပြိုင်ပွဲများ၏အခြေအနေနှင့် ပြည်ဝင်ခွင့်အပေါ် မူတည်၍ သက်ထားသူဇာ ပါဝင်ယှဉ်ပြိုင်ရန် စီစဉ်ထား

ပြန်လည်ကျင်းပမည့် ပြိုင်ပွဲများ၏အခြေအနေနှင့် ပြည်ဝင်ခွင့်အပေါ် မူတည်၍ သက်ထားသူဇာ ပါဝင်ယှဉ်ပြိုင်ရန် စီစဉ်ထား
Photo: BWF,Thet Htar Thuzar Facebook
Photo: BWF,Thet Htar Thuzar Facebook
Published 24 May 2020

သက်ထားသူဇာသည် မတ်လကတည်းက ပြိုင်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်နိုင်ခဲ့ ခြင်းမရှိဘဲ လေ့ကျင့်မှုသာ ပြုလုပ်နေရသည်။ သက်ထားသူဇာသည် ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားနေသည့် ကာလတွင်လည်း လေ့ကျင့်မှုရပ်နား ခြင်းမရှိဘဲ နေပြည်တော်ရှိ ကြက်တောင်ကလပ်၌ လေ့ကျင့်မှုပြုလုပ်လျက်ရှိသည်။ 

မြန်မာကြက်တောင်အားကစား မယ် သက်ထားသူဇာသည် ပြိုင်ပွဲများ ပြန်လည်ကျင်းပပါက ဝင်ရောက်ယှဉ်ပြိုင်ရန် စီစဉ်ထားပြီး ပြိုင်ပွဲအခြေအနေနှင့် ပြည်ဝင်ခွင့် အပေါ်မူတည်၍ ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း သိရသည်။ 

သက်ထားသူဇာသည် မတ်လကတည်းက ပြိုင်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်နိုင်ခဲ့ ခြင်းမရှိဘဲ လေ့ကျင့်မှုသာ ပြုလုပ်နေရသည်။ သက်ထားသူဇာသည် ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားနေသည့် ကာလတွင်လည်း လေ့ကျင့်မှုရပ်နား ခြင်းမရှိဘဲ နေပြည်တော်ရှိ ကြက်တောင်ကလပ်၌ လေ့ကျင့်မှုပြုလုပ်လျက်ရှိသည်။ 

"ကျွန်တော့်သမီးက လေ့ကျင့်မှုမပြတ်အောင် ပုံမှန်လေ့ကျင့်မှုတွေ ပြုလုပ်နေပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ဖြစ်ကတည်းက ကျွန်တော့်သူငယ်ချင်း တည်ထောင်ထားတဲ့ ကြက်တောင်ကလပ်မှာ လေ့ကျင့်နေတာဖြစ်ပါတယ်။ BWF က ပြိုင်ပွဲ တွေ ပြန်လည်ကျင်းပမယ့်အစီအစဉ်အတွက် ထုတ်ပြန်ထားပြီး ပြိုင်ပွဲတွေ ပြန်လည်ယှဉ်ပြိုင်ဖို့ရှိပါတယ်။ ပြိုင်ပွဲ အခြေအနေအပေါ် မူတည်သလို နိုင်ငံတွေရဲ့ ပြည်ဝင်ခွင့်အပေါ်မှာလည်း မူတည်ပါတယ်။ လက်ရှိအနေအထားအရ နိုင်ငံအများစုက ပြည်ဝင်ခွင့် အကန့်အသတ်တွေရှိတာကြောင့် အခြေအနေအားလုံး အပေါ်မူတည်ပြီး ပြိုင်ပွဲဝင်ဖို့ ဆုံးဖြတ်သွားမှာပါ" ဟု သက်ထားသူဇာ၏ဖခင် ဦးထွန်းထွန်းဇော်က ပြောကြားခဲ့သည်။

သက်ထားသူဇာသည် မတ်လအတွင်း ဥရောပနိုင်ငံများ၌ ပြိုင်ပွဲများစွာယှဉ်ပြိုင်ရန် စီစဉ်ခဲ့သော်လည်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပေါ်တူဂီနှင့် ချက်နိုင်ငံသို့ရောက်ရှိပြီးမှ ပြန်လာရခြင်းဖြစ်သည်။ BWF သည် တိုကျိုအိုလံပစ်ပြိုင်ပွဲဝင်ခွင့် သတ်မှတ်ချက်အတွက် စည်းမျဉ်းများကိုလည်း ပြန်လည်အတည်ပြုမည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent