အင်္ဂလန်သို့ပြန်လာချင်ပြီး ထိပ်သီးခြောက်သင်းပြင်ပအသင်းကို ကိုင်တွယ်ဖွယ်ရှိဟု ပိုချက်တီနို ဆိုခဲ့ပြီး မိမိနေရာတွင် မော်ရင်ဟိုနှင့်အစားထိုးခြင်းအတွက် ဝမ်းသာကြောင်း သုံးသပ်ပြောကြား

အင်္ဂလန်သို့ပြန်လာချင်ပြီး ထိပ်သီးခြောက်သင်းပြင်ပအသင်းကို ကိုင်တွယ်ဖွယ်ရှိဟု ပိုချက်တီနို ဆိုခဲ့ပြီး မိမိနေရာတွင် မော်ရင်ဟိုနှင့်အစားထိုးခြင်းအတွက် ဝမ်းသာကြောင်း သုံးသပ်ပြောကြား
Photos: Getty Images
Photos: Getty Images
Published 24 May 2020

ပိုချက်တီနိုသည် နိုဝင်ဘာတွင် စပါးအသင်း နည်းပြရာထူးမှ ထုတ်ပယ်ခံရပြီးနောက် အသင်းလက်မဲ့ဖြစ်နေပြီး ရီးယဲလ်မက်ဒရစ်၊ မန်ယူ စသည့်ထိပ်တန်းကလပ်များအပြင် ဆော်ဒီကုမ္ပဏီက ဝယ်ယူရန် နီးစပ်နေသည့် နယူးကာဆယ်အသင်း၏ ဦးစားပေးပစ်မှတ်ဖြစ်နေကြောင်းလည်း မီဒီယာများက ဖော်ပြလျက်ရှိသည်။

စပါးအသင်းနည်းပြဟောင်း ပိုချက်တီနိုက အင်္ဂလန်သို့ပြန်လာချင်ပြီး ထိပ်သီးခြောက်သင်း (Big Six) ပြင်ပမှအသင်းကို ကိုင်တွယ်ဖြစ်ဖွယ်ရှိကြောင်း အရိပ်အမြွက်ပြောကြားခဲ့သည်။ ပိုချက်တီနိုသည် နိုဝင်ဘာတွင် စပါးအသင်း နည်းပြရာထူးမှ ထုတ်ပယ်ခံရပြီးနောက် အသင်းလက်မဲ့ဖြစ်နေပြီး ရီးယဲလ်မက်ဒရစ်၊ မန်ယူ စသည့်ထိပ်တန်းကလပ်များအပြင် ဆော်ဒီကုမ္ပဏီက ဝယ်ယူရန် နီးစပ်နေသည့် နယူးကာဆယ်အသင်း၏ ဦးစားပေးပစ်မှတ်ဖြစ်နေကြောင်းလည်း မီဒီယာများက ဖော်ပြလျက်ရှိသည်။

ဗြိတိန်အခြေစိုက် Sky Sports သတင်းဌာနနှင့်တွေ့ဆုံစဉ် အနာဂတ်အစီအစဉ်နှင့်ပတ်သက်၍ ပိုချက်တီနိုက "ကျွန်တော် အင်္ဂလန်ကို သဘောကျပါတယ်။ ကျွန်တော့်စိတ်ကူးအရဆိုရင်တော့ လန်ဒန်မှာပဲဆက်နေ ချင်ပါတယ်။ ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ တခြားနိုင်ငံတွေကအကြောင်းကို လည်း နားထောင်သွားမှာပါ။ ဘာတွေဖြစ်မလဲဆိုတာ ကြည့်ကြတာပေါ့။ ကျွန်တော်ကတော့ အဆင်သင့်ပါပဲ။ အခုဆိုရင် ကျွန်တော်တို့က ပိုကောင်းတဲ့ နည်းပြအဖွဲ့ဖြစ်နေပါပြီ။ အက်စ်ပန်ညို၊ ဆောက်သမ်တန်နဲ့ တော့တင်ဟမ် တို့ဆီမှာ အတွေ့အကြုံတွေ အများကြီးရထားပါပြီ။ အနာဂတ်မှာ ကျွန်တော် တို့ကို ယုံကြည်မယ့်သူတွေကို လုပ်ပြစရာတွေ အများကြီးရှိပါတယ်။ ကျွန်တော့် အနေနဲ့ နည်းပြဘဝပထမဆုံးနေ့မှာ လုပ်ခဲ့သလိုမျိုးလုပ်ဖို့ လိုပါတယ်။ အရေး အကြီးဆုံး အချက်နှစ်ချက်ရှိပါတယ်။ တစ်ချက်က အသင်းရဲ့နောက်မှာအားပေး နေတဲ့ ပရိသတ်တွေပါ။ ဒီအချက်က ဘောလုံးနဲ့ဖျော်ဖြေမှုပေးနေတဲ့ အဖွဲ့ အစည်းအားလုံးကို ဆက်ပြီးရှင်သန်နေစေမယ့် ဖွဲ့စည်းတည်ဆောက်ပုံဖြစ်ပါ တယ်။ နောက်တစ်ချက်ကတော့ အသင်းရဲ့စိတ်ကူးစိတ်သန်းပါပဲ။ ကလပ်နဲ့ အသင်းအဖွဲ့အားလုံးမှာ ကွဲပြားခြားနားတဲ့ အစဉ်အလာ၊ တွေးခေါ်ပုံနဲ့ အလုပ် လုပ်ကိုင်ပုံတွေရှိပါတယ်။ သူတို့အားလုံးဆီမှာ အောင်မြင်မှုရဖို့အတွက် ကွဲ ပြားခြားနားတဲ့ အစီအစဉ်တွေရှိပါတယ်။ ကလပ်တစ်ခုမှာ အောင်မြင်ဖို့ဆိုရင် ချန်ပီယံလိဂ် ဒါမှမဟုတ် ပရီးမီးယားလိဂ်ဖလားကို ရယူနိုင်ဖို့လိုတယ်။ ဒါပေမဲ့ တခြားအသင်းတွေအတွက်ဆိုရင် ထိပ်ဆုံးလေးသင်း ဒါမှမဟုတ် ခြောက်သင်း စာရင်း ဝင်ဖို့လိုတယ်။ ပြဿနာရှိတာက ဘယ်ကလပ်တွေက ထိပ်သီးခြောက်သင်းလဲ။ ထိပ်ဆုံးခြောက်သင်းဆိုတာ အမြဲတမ်းပြောင်းလဲနေတာပါ။ ဘယ်အသင်းကိုမှ လျှော့တွက်လို့မရဘူးလို့ ကျွန်တော်ထင်တယ်" ဟု ပြောကြားခဲ့သည်။

ထို့ပြင် ပိုချက်တီနိုက မိမိနေရာတွင် မော်ရင်ဟိုနှင့် အစားထိုးခြင်းအတွက် ဝမ်းသာကြောင်းလည်း ဆက်လက်ပြောကြားခဲ့သည်။ " တော့တင်ဟမ်မှာ ကျွန်တော့်နေရာကို သူနဲ့အစားထိုးတဲ့အတွက် အရမ်းဝမ်းသာပါတယ်။ ဟိုဆေးနဲ့ ကျွန်တော်သိကြတာ တော်တော်ကြာပါပြီ။ ကျွန်တော် အက်စ်ပန်ညို မှာ နည်းပြလုပ်နေချိန် သူက ရီးယဲလ်မက်ဒရစ်မှာပါ။ ကျွန်တော်တို့ဆီမှာ အရမ်းကောင်းတဲ့ ဆက်ဆံရေးရှိပါတယ်" ဟု ၎င်းက ဆိုသည်။

Most Read

Most Recent