နေမာအား ဘာစီလိုနာအသင်းသို့ ပြန်လာစေလိုကြောင်း ဆယ်တီယန် ပြောကြား

နေမာအား ဘာစီလိုနာအသင်းသို့ ပြန်လာစေလိုကြောင်း ဆယ်တီယန် ပြောကြား
Photos: Getty Images
Photos: Getty Images
Published 23 May 2020

ဘာစီလိုနာနည်းပြ ဆယ်တီယန်က မိမိအနေဖြင့် PSG တိုက်စစ်မှူး နေမာကို အသင်းသို့ ပြန်လာစေလိုကြောင်း ပြောကြားခဲ့သည်။ 

ဘာစီလိုနာနည်းပြ ဆယ်တီယန်က မိမိအနေဖြင့် PSG တိုက်စစ်မှူး နေမာကို အသင်းသို့ ပြန်လာစေလိုကြောင်း ပြောကြားခဲ့သည်။ 

နေမာသည် ၂၀၁၇ ခုနှစ်က ဘာစီလိုနာအသင်းမှ PSG အသင်းသို့ ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ယူရို (၂၂၂)သန်းဖြင့် ပြောင်းရွှေ့ခဲ့သူ ဖြစ်သည်။ 

သို့သော် နေမာသည် PSG အသင်းတွင် မပျော်ပိုက်ဘဲ ဘာစီလိုနာအသင်းသို့ ပြန်လည်ပြောင်းရွှေ့ရန် ကြိုးစားနေပြီး ဘာစီလိုနာအသင်းကလည်း ၎င်းကို ပြန်လည်ခေါ်ယူရန် စီစဉ်လျက်ရှိသည်။ 

ဘာစီလိုနာနည်းပြ ဆယ်တီယန်က မိမိအနေဖြင့် နေမာကို ကိုင်တွယ်နည်းပြလိုကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ဆယ်တီယန်က "နေမာကို ဘာစီလိုနာအသင်းသို့ ပြန်လာစေလိုပါတယ်။ နေမာကိုသာ ကိုင်တွယ်နည်းပြခွင့်ရခဲ့မယ်ဆိုရင် ကျွန်တော် အရမ်းပျော်မိမှာပါ။ နေမာက ကမ္ဘာ့ထိပ်တန်းကစားသမားတစ်ဦးဆိုတာ ဘယ်သူမှ မငြင်းနိုင်ပါဘူး"ဟု ပြောကြားခဲ့သည်။ 

အသက် (၂၈)နှစ်အရွယ်ရှိ ဘရာဇီးလ်တိုက်စစ်မှူး နေမာသည် ဘာစီလိုနာအသင်းတွင်  ၂၀၁၃ ခုနှစ်မှ ၂၀၁၇ ခုနှစ်အထိ (၄) ရာသီကစားခဲ့ပြီး ပြိုင်ပွဲစုံ (၁၈၆)ပွဲတွင် (၁၀၅)ဂိုး သွင်းယူနိုင်ခဲ့သည်။ 

ဘာစီလိုနာအသင်းအနေဖြင့် ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကြောင့် ဘဏ္ဍာရေးအကျပ်အတည်းများနှင့် ရင်ဆိုင်နေရသဖြင့် လာမည့်နွေရာသီအပြောင်းအရွှေ့စျေးကွက်တွင် နေမာကို ပြန်လည်ခေါ်ယူရေးမှာ ဖြစ်မြောက်လာဖွယ်မရှိကြောင်း မီဒီယာများက သုံးသပ်နေကြသည်။

Most Read

Most Recent