စာချုပ်ပါ သဘောတူညီချက်အရ ဟော်လန်းကို ခေါ်ယူလိုသည့်အသင်းများ ၂၀၂၂ ခုနှစ်မှသာ အခွင့်အရေးရရှိမည်ဟု Evening Standard ဖော်ပြ

စာချုပ်ပါ သဘောတူညီချက်အရ ဟော်လန်းကို ခေါ်ယူလိုသည့်အသင်းများ ၂၀၂၂ ခုနှစ်မှသာ အခွင့်အရေးရရှိမည်ဟု Evening Standard ဖော်ပြ
Photos: Getty Images
Photos: Getty Images
Published 22 May 2020

လန်ဒန်အခြေစိုက် Evening Standard သတင်းစာက ဒေါ့မွန်တိုက်စစ်မှူး ဟော်လန်းကို ခေါ်ယူလိုသည့်အသင်းများအနေဖြင့် စာချုပ်ပါသဘောတူညီချက်အရ ၂၀၂၂ ခုနှစ်မှသာ အခွင့်အရေးရရှိမည်ဟု ဖော်ပြခဲ့သည်။ 

    

လန်ဒန်အခြေစိုက် Evening Standard သတင်းစာက ဒေါ့မွန်တိုက်စစ်မှူး ဟော်လန်းကို ခေါ်ယူလိုသည့်အသင်းများအနေဖြင့် စာချုပ်ပါသဘောတူညီချက်အရ ၂၀၂၂ ခုနှစ်မှသာ အခွင့်အရေးရရှိမည်ဟု ဖော်ပြခဲ့သည်။ 

    

နော်ဝေလက်ရွေးစင်တိုက်စစ်မှူး ဟော်လန်းသည် ပြီးခဲ့သည့် ဇန်နဝါရီအပြောင်းအရွှေ့ကမှ ဆာလ်ဇ်ဘာ့ဂ်အသင်းမှ ဒေါ့မွန်အသင်းသို့ ရောက်ရှိခဲ့သူဖြစ်သော်လည်း ၎င်းကို ခေါ်ယူလိုသည့်အသင်းများစွာ ရှိနေသည်။ 

ဥရောပထိပ်သီးအသင်း များဖြစ်သော ရီးယဲလ်၊ မန်ယူနှင့် PSG အသင်းတို့က ဟော်လန်းကို ခေါ်ယူနိုင်ရန် ကြိုးပမ်းနေကြပြီး ရီးယဲလ်အသင်းသို့ ရောက်ရှိရန် အလားအလာအကောင်းဆုံးဖြစ်နေကြောင်းလည်း မီဒီယာများက သုံးသပ်နေကြသည်။

 

ရီးယဲလ်အသင်းဥက္ကဋ္ဌ ဖလော်ရင်တီနိုပီရက်ဇ်က ဒေါ့မွန်အသင်းနှင့် သံတမန်ဆက်ဆံရေးများ တိုးမြှင့်တည်ဆောက်နေသလို၊ ဟော်လန်း၏ အေးဂျင့် ရိုင်အိုလာကလည်း ရီးယဲလ်အသင်းထံ ကြယ်ပွင့်ကစားသမားတစ်ဦး ပို့ဆောင်ပေးလိုသည်ဟု ပြောကြားခဲ့ခြင်းကြောင့် ယခုကဲ့သို့ သုံးသပ်နေကြခြင်းဖြစ်သည်။

    

သို့သော် Evening Standard သတင်းစာက ဟော်လန်း၏အပြောင်းအရွှေ့မှာ ဒေါ့မွန်အသင်းအပေါ်တွင်သာ မူတည်နေပြီး ၂၀၂၂ မတိုင်မီ ခေါ်ယူလိုသည့်အသင်းများအနေ ဖြင့် ဒေါ့မွန်အသင်း တောင်းသည့်ဈေး ပေးနိုင်မှသာ ရရှိလိမ့်မည်ဟု ဆိုခဲ့သည်။ 

ဒေါ့မွန်အသင်းနှင့် ဟော်လန်းတို့ ချုပ်ဆိုထားသောစာချုပ်တွင် ယူရို(၇၅)သန်းတန် လျော်ကြေးစာချုပ် ပါဝင်သော်လည်း ၂၀၂၂ ခုနှစ်ရောက်မှသာ ယင်းတန်ဖိုးဖြင့် ထွက်ခွာခွင့်ပေးမည်ဟု သဘောတူညီထားခြင်းဖြစ်ကြောင်း Evening Standard သတင်းစာက ဖော်ပြခဲ့သည်။ 

ထို့ပြင် ယင်းအချက်ကို ရီးယဲလ်အသင်းက သိရှိထားပြီးဖြစ်သောကြောင့် ဟော်လန်းအတွက် ကြိုတင်သဘောတူညီမှုရယူထားနိုင်ရန်သာ ကြိုးပမ်းနေခြင်းဖြစ်ဖွယ်ရှိပြီး ၂၀၂၁ ခုနှစ်တွင် PSG တိုက်စစ်မှူး ဘာပေ၊ ၂၀၂၂ ခုနှစ်တွင် ဟော်လန်းကို ခေါ်ယူကာ ကြယ်စင်စုစီမံကိန်းအသစ်ကို ပုံဖော်ရန် ပြင်ဆင် နေခြင်းဖြစ်နိုင်သည်ဟုလည်း သုံးသပ်ခဲ့သည်။ 

    

ဟော်လန်းသည် ယခုရာသီ ဘွန်ဒစ်လီဂါပြိုင်ပွဲတွင် (၉)ပွဲကစား (၁၀)ဂိုးသွင်းယူထားသလို၊ ဒေါ့မွန်အသင်းအတွက် ပြိုင်ပွဲစုံ (၁၂)ပွဲတွင် (၁၃)ဂိုးသွင်းယူနိုင်သည်အထိ ခြေစွမ်းပြနေသူဖြစ်သည်။

Most Read

Most Recent