AIA ၏ စီစဉ်မှုအရ သံတမန်ဖြစ်သူ ဒေးဗစ်ဘက်ခမ် စပါးအသင်းကိုလာရောက်လေ့လာခဲ့ပြီး စပါးနည်းပြ မော်ရင်ဟိုနှင့် တွေ့ဆုံခဲ့

AIA ၏ စီစဉ်မှုအရ သံတမန်ဖြစ်သူ ဒေးဗစ်ဘက်ခမ် စပါးအသင်းကိုလာရောက်လေ့လာခဲ့ပြီး စပါးနည်းပြ မော်ရင်ဟိုနှင့် တွေ့ဆုံခဲ့
Photos: Getty Images
Photos: Getty Images
Published 22 May 2020

နာမည်ကျော်အာမခံကုမ္ပဏီ တစ်ခုဖြစ်သည့် AIA ၏ စီစဉ်မှုအရ AIA ၏ သံတမန်တစ်ဦးဖြစ်သူ ဒေးဗစ်ဘက်ခမ်သည် စပါးအသင်းကို လာရောက်လေ့လာခဲ့ပြီး အသင်းနည်းပြ မော်ရင်ဟိုနှင့် တွေ့ဆုံဆွေးနွေးမှုလည်း ပါဝင်ခဲ့သည်။

ဒေးဗစ်ဘက်ခမ်သည် ယခုအချိန်တွင် မေဂျာလိဂ်ကလပ် အင်တာမိုင်ယာမီအသင်းကို ပိုင်ဆိုင်ထားသူဖြစ်ပြီး စပါးအသင်းမှာလည်း AIA က အဓိက စပွန်ဆာပေးထားသည့် အသင်းတစ်သင်းဖြစ်သည်။

ဒေးဗစ်ဘက်ခမ်သည်စပါးအသင်း၏ တည်ဆောက်ပုံကို လာရောက်လေ့လာခဲ့ခြင်းဖြစ်ကာ စပါးအသင်းနည်းပြ မော်ရင်ဟိုက  ရှင်းလင်းပြောဆိုမှုများ ပြုလုပ်ခဲ့သည်။

သူ၏ နည်းပြဘ၀ အခက်အခဲနှင့် ပတ်သက်ပြီး မော်ရင်ဟိုက "ငါ့ကစားသမားတွေ ကွင်းထဲမှာ မပျော်တဲ့ အချိန်မှာ ငါ ဒုက္ခရောက်တာပဲ။ ပွဲတစ်ပွဲစပြီဆိုတာနဲ့ ဇိမ်ခံပစ္စည်းတွေ၊ ဇိမ်ခံလေ့ကျင့်ရေးသုံးပစ္စည်းတွေ၊ ဖိအားတွေအားလုံးက ပြီးဆုံးသွားပြီး အခြေခံအကျဆုံးအပိုင်းကိုသွားတယ်။ ငါတို့ ဘောလုံးရရင်ဂိုးသွင်းမယ်၊ ပြိုင်ဘက် ဘောလုံးရရင် တားဆီးမယ်။ ဒါ အခြေခံပဲ။ ဒီအတွက် ကစားသမားတွေက ကွင်းထဲမှာ ပျော်နေဖို့လိုတယ်။ ဒီပွဲအပေါ် ဘယ်လောက်ဆန္ဒပြင်းပြနေသလဲဆိုတာကို ပြသဖို့လိုတယ်။ ဒီနေ့ခေတ် ဘောလုံးသမားတွေရဲ့ပြင်ပလူနေထိုင်မှုပုံစံတွေကိုတော့ ငါ စိုးရိမ်မိတယ်" ဟု ပြောကြားခဲ့သည်။

ဒေးဗစ်ဘက်ခမ်ကမူ "စပါးလို အသင်းကို လေ့လာခွင့်ရတဲ့အတွက် AIA ကို ကျေးဇူးတင်ပါတယ်။ ဒီမှာ သိပ္ပံနဲ့ အတွေးအမြင်သစ်တွေကို မြင်ရပါတယ်။ ဒါပေမဲ့ အခြေခံအကျဆုံးကတော့ အိပ်ရေး၀၀အိပ်ဖို့ပဲ။ ဘောလုံးသမားတွေ ဒါကိုမမေ့ဖို့လိုပါတယ်" ဟု ပြောကြားခဲ့သည်။

Most Read

Most Recent