ဘာကာယိုကာအား ကမ်းလှမ်းမည့်အသင်းကို ချယ်လ်ဆီး ကြေးများစွာလျှော့ပေးမည်

ဘာကာယိုကာအား ကမ်းလှမ်းမည့်အသင်းကို ချယ်လ်ဆီး ကြေးများစွာလျှော့ပေးမည်
Photos: Getty Images
Photos: Getty Images
Published 20 May 2020

ပြီးခဲ့သည့်ရာသီက ပြင်သစ်ကလပ် မိုနာကိုအသင်းသို့ အငှားချခဲ့သော ဘာကာယိုကိုကို ပြောင်းရွှေ့ကြေး ယူရို(၃၅) သန်းရရှိပါက ရောင်းချသွားမည်ဟု ချယ်လ်ဆီးအသင်းက ကြေညာထားသည်။

ချယ်လ်ဆီးအသင်းသည် ၎င်းတို့၏ ပြင်သစ်ကွင်းလယ်လူ ဘာကာယိုကိုအားရောင်းချရန် စီစဉ်နေပြီး ၎င်းကိုကမ်းလှမ်းမည့်အသင်းရှိပါက ကြေးများစွာလျှော့ချပေးရန် အသင့်ရှိနေကြောင်းသိရသည်။ 

ပြီးခဲ့သည့်ရာသီက ပြင်သစ်ကလပ် မိုနာကိုအသင်းသို့ အငှားချခဲ့သော ဘာကာယိုကိုကို ပြောင်းရွှေ့ကြေး ယူရို(၃၅) သန်းရရှိပါက ရောင်းချသွားမည်ဟု ချယ်လ်ဆီးအသင်းက ကြေညာထားသည်။ အကယ်၍ ၎င်းအား ခေါ်ယူလိုသည့်အသင်းရှိလာပြီး အမှန်တကယ်ကမ်းလှမ်းလာပါက ပြောင်းရွှေ့ကြေးကို ယင်းပမာဏထက် များစွာလျှော့ချပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။ 

လက်ရှိ ချယ်လ်ဆီးအသင်းနည်းပြ လမ်းပတ်က ဘာကာယိုကိုမှာ သူ၏အနာဂတ်အစီအစဉ်များတွင် ပါဝင်မည်မဟုတ်ဟု အသင်းတာဝန်ရှိသူများကို အသိပေးခဲ့ရာ ချယ်လ်ဆီးအသင်းက ၎င်းကို ကြေးလျှော့ပြီးရောင်းချရန် စီစဉ်နေခြင်း ဖြစ်သည်။

Most Read

Most Recent