Ar K Club က ကျင်းပမည့် 8 Ball ပြိုင်ပွဲတွင် ဘုန်းမြင့်ကျော် (ခ) မောင်မောင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ချန်ပီယံဆုရရှိပါက မြန်မာငွေ ကျပ်သိန်း ၆၀ နှင့် ညီမျှသည့်ပမာဏရရှိမည်

Ar K Club က ကျင်းပမည့် 8 Ball ပြိုင်ပွဲတွင် ဘုန်းမြင့်ကျော် (ခ) မောင်မောင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ချန်ပီယံဆုရရှိပါက မြန်မာငွေ ကျပ်သိန်း ၆၀ နှင့် ညီမျှသည့်ပမာဏရရှိမည်
Photos: Ko Ar Ti Facebook
Photos: Ko Ar Ti Facebook
Published 17 May 2020

ဘုန်းမြင့်ကျော်သည် မေ ၁၅၊ ၁၆ ရက်တွင် Chinese 8 Ball ပြိုင်ပွဲ အုပ်စုပွဲများကစားခဲ့ပြီး နောက်ဆုံးပွဲ မတိုင်မီ နှစ်ပတ်နီးပါး ပွဲမရှိသော ကြောင့် ပြိုင်ပွဲမပြတ်စေရန် ယှဉ်ပြိုင်ခြင်းဖြစ်သည်။ ယင်းပြိုင်ပွဲကို မေ ၁၈ ရက်မှ ၂၃ ရက်အထိ ကျင်းပမည် ဖြစ်ပြီး ပထမမှ တတိယအထိရရှိ သည့် ကစားသမားသုံးဦးကို ဆု ကြေး ချီးမြှင့်မည်ဖြစ်သည်။  

မြန်မာ Pool ကစားသမား ဘုန်းမြင့်ကျော် (ခ) မောင်မောင် (ခ) အားတီသည် Chinese 8 Ball ပြိုင်ပွဲ ပထမအဆင့်အုပ်စုနောက်ဆုံး ပွဲမတိုင်မီ Ar K Club က ကျင်းပ မည့် 8 Ball ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။

Ar K Club မှာ ဘုန်းမြင့်ကျော်ကို စပွန်ဆာပေးထားသည့် ကုမ္ပဏီ ဖြစ်ပြီး 8 Ball နှင့် 9 ball ပြိုင်ပွဲများ အခါအားလျော်စွာ ကျင်းပလျက်ရှိသည်။ ဘုန်းမြင့်ကျော်သည် မေ ၁၅၊ ၁၆ ရက်တွင် Chinese 8 Ball ပြိုင်ပွဲ အုပ်စုပွဲများကစားခဲ့ပြီး နောက်ဆုံးပွဲ မတိုင်မီ နှစ်ပတ်နီးပါး ပွဲမရှိသော ကြောင့် ပြိုင်ပွဲမပြတ်စေရန် ယှဉ်ပြိုင်ခြင်းဖြစ်သည်။ ယင်းပြိုင်ပွဲကို မေ ၁၈ ရက်မှ ၂၃ ရက်အထိ ကျင်းပမည် ဖြစ်ပြီး ပထမမှ တတိယအထိရရှိ သည့် ကစားသမားသုံးဦးကို ဆုကြေး ချီးမြှင့်မည်ဖြစ်သည်။  

ဆုကြေး အဖြစ် ပထမဆု မြန်မာငွေကျပ်သိန်း ၆၀၊ ဒုတိယဆု မြန်မာငွေကျပ်သိန်း ၂၀၊ တတိယဆု မြန်မာငွေကျပ် ၁၀ သိန်းနှင့် ညီမျှသည့် ပမာဏ ချီးမြှင့်မည်ဖြစ်သည်။ ယင်းပြိုင်ပွဲတွင်တရုတ် ကစားသမားများသာ ဝင်ရောက်ယှဉ် ပြိုင်မည်ဖြစ်ပြီး ဘုန်းမြင့်ကျော်သည် Chinese 8 Ball ပြိုင်ပွဲမတိုင်မီကလည်း ရှန်ဟိုင်းဖိတ်ခေါ် 8 Ball ပြိုင် ပွဲနှစ်ခုတွင် ယှဉ်ပြိုင်ခဲ့ရာ တတိယဆုတစ်ကြိမ် ရရှိခဲ့သည်။

" မ ၁၆ ရက်ပွဲအပြီးမှာ ကျွန် တော့်ပွဲက မေ ၃၁ ရက်မှ ယှဉ်ပြိုင်ရမှာပါ။ ကြားထဲမှာ နှစ်ပတ်ဝန်းကျင် လောက် ပွဲမရှိတာကြောင့် Ar K Club က ကျင်းပတဲ့ပြိုင်ပွဲမှာ ယှဉ် ပြိုင်မှာဖြစ်ပါတယ်။ ဒီပြိုင်ပွဲမှာ ထူးခြားချက်က 8 Ball ပြိုင်ပွဲကို 9 Ball ခုံနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ ပုံမှန် ထိုးနေကျ ခုံမဟုတ်တာကြောင့် တရုတ်ကစားသမားတွေအတွက် အဆင်မပြေပါဘူး။ ဒါကြောင့် ဒီပြိုင်ပွဲမှာ Chinese 8 Ball ပြိုင်ပွဲ ယှဉ်ပြိုင်နေတဲ့ ကစားသမားတွေ လာရောက်ယှဉ်ပြိုင်မှာ မဟုတ်ပါ ဘူး။ ကျွန်တော်ကတော့ အရင်ကတည်းက ဘာပဲဖြစ်ဖြစ်ထိုးလာတဲ့သူ ဖြစ်တာကြောင့် အဆင်ပြေပါတယ်။ စနူကာလည်း ထိုးဖူးသလို 8 Ball၊ 9 ball ထိုးလည်း အဆင်ပြေပါတယ်။ ဒါကြောင့် ဝင်ရောက်ယှဉ်ပြိုင်တာ ဖြစ်ပါတယ်" ဟု ဘုန်းမြင့်ကျော်က Eleven Sports ၏ ဆက်သွယ်မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့သည်။

Most Read

Most Recent