ဗြိတိန်ရှိ အချမ်းသာဆုံး အားကစားကြယ်ပွင့်အဖြစ် ဖော်မြူလာဝမ်းကမ္ဘာ့ချန်ပီယံ ဟာမီလ်တန် ရပ်တည်နေ

ဗြိတိန်ရှိ အချမ်းသာဆုံး အားကစားကြယ်ပွင့်အဖြစ် ဖော်မြူလာဝမ်းကမ္ဘာ့ချန်ပီယံ ဟာမီလ်တန် ရပ်တည်နေ
Published 16 May 2020

ဗြိတိန်ရှိ အချမ်းသာဆုံး အားကစား ကြယ်ပွင့်အဖြစ် ဖော်မြူလာဝမ်းကမ္ဘာ့ချန်ပီယံ လူးဝစ်ဟာမီလ်တန်က ရပ်တည်နေပြီး အသက် ၃၀ အောက်စာရင်းတွင် ရီးယဲလ် မက်ဒရစ်အသင်း တောင်ပံကစားသမား ဂါ ရတ်ဘေးလ်က ထိပ်ဆုံးမှ ဦးဆောင်လျက်ရှိ ကြောင်း သိရသည်။

ယင်းစာရင်းကို ဗြိတိန်ထုတ် The Sunday Times သတင်းစာက ထုတ်ပြန်ခြင်းဖြစ် ပြီး ၁၉၈၉ ခုနှစ်မှစ၍ နိုင်ငံတစ်ဝန်း အချမ်းသာဆုံးပုဂ္ဂိုလ် ၁၀၀၀ စာရင်းကို ဧပြီတွင် နှစ်စဉ်ထုတ်ပြန်လေ့ရှိသည်။

ယခုနှစ်အတွက်စာရင်းကိုမူ ပြီးခဲ့သည့်ရက်ပိုင်းကမှ ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ဟာမီလ်တန်က ပိုင်ဆိုင်မှု ပေါင် ၂၂၄ သန်းဖြင့် အားကစားသမားများအနက် အချမ်းသာဆုံးအဖြစ် ရပ်တည်နိုင်ခဲ့သည်။

ဖော်မြူလာဝမ်း ကမ္ဘာ့ချန်ပီယံဆုကို ခြောက်ကြိမ်အထိရရှိထားသည့် ဟာမီလ်တန် (၃၅ နှစ်) သည် ပြီးခဲ့သည့်နှစ်အတွင်း ပေါင် ၃၇ သန်း ဝင်ငွေရရှိခဲ့သောကြောင့် ပိုင်ဆိုင်မှုစုစု ပေါင်းမှာ ပေါင် ၂၂၄ သန်းအထိ မြင့်တက်လာခြင်းဖြစ်သည်။

မြောက်အိုင်ယာလန်နိုင်ငံသား ဂေါ့ဖ်ကစားသမား မက်အီရွိုင်းက ပေါင်သန်း ၁၇၀ ဖြင့် ဒုတိယနေရာ ရပ်တည်လျက်ရှိပြီး ၎င်းင်း၏ဝင်ငွေမှာ ၂၀၁၈ ခုနှစ်ထက် ပေါင် ၃၂ သန်း မြင့်တက်လာသည်။

အသက် ၃၀ အောက် အချမ်းသာဆုံး ကစားသမားများစာရင်းတွင်မူ ရီးယဲလ်မက် ဒရစ်အသင်း၌ ပွဲထွက်ခွင့်ရရန် ရုန်းကန်နေရသည့် ဂါရတ်ဘေးလ်က ပေါင် ၁၁၄ သန်းဖြင့် ရပ်တည်နေသည်။

ဘေးလ်၏ တစ်နှစ်တာ ဝင်ငွေမှာ ပေါင်သန်း ၂၀ ဖြစ်ပြီး ၂၀၁၉ ခုနှစ် တွင် ပေါင် ၅၈ သန်းအထိရရှိခဲ့သည့် ဗြိတိန် လက်ဝှေ့သမား အန်သိုနီဂျိုရှူအာက စုစုပေါင်း ပေါင် ၁၀၇ သန်းဖြင့် ဒုတိယနေရာသို့ရောက်ရှိလာသည်။

ဂျိုရှူအာသည် ပြီးခဲ့သည့်နှစ်အတွင်း အန်ဒီရုဇ်ဂျူနီယာ(အမေရိကန်) နှင့် နှစ်ပွဲထိုးသတ်ရာ တစ်ပွဲနိုင်၊ တစ်ပွဲရှုံးနိမ့်ခဲ့သည်။

ထိပ်ဆုံး ၁၀ ဦးစာရင်းတွင် ဘောလုံးလောကမှ ကိုးဦးအထိပါဝင်နေပြီး ကွန်တေ (ချယ်လ်ဆီး) နှင့် ဟန်ဒါဆန် (လီဗာပူးလ်)တို့ မှာ ယခုနှစ်မှ စတင်ပါဝင်လာခြင်းဖြစ်သည်။

ယင်းစာရင်းတွင်ပါဝင်သူများမှာ ဗြိတိန်နိုင်ငံသား (သို့မဟုတ်) ဗြိတိန်တွင် နေထိုင်လျက်ရှိပြီး အားကစားလောက၌ လက်ရှိကစားနေသူများကိုသာ ထည့်သွင်းတွက်ချက်ထားခြင်းဖြစ်သည်။

 

Most Read

Most Recent