(၂)လအကြာတွင် လေ့ကျင့်ခန်းပြန်ဆင်းရသည်မှာ ခက်ခဲကြောင်း ဗင်နီစီယပ်စ် ဆို

(၂)လအကြာတွင် လေ့ကျင့်ခန်းပြန်ဆင်းရသည်မှာ ခက်ခဲကြောင်း ဗင်နီစီယပ်စ် ဆို
Photos: Marca
Photos: Marca
Published 16 May 2020

ရီးယဲလ်တိုက်စစ်ကစားသမား ဗင်နီစီယပ်စ်က ကိုရိုနာဗိုင်းရပ်စ်ကြောင့် Lockdown စည်းမျဉ်းများအတိုင်း (၂)လကြာ နေထိုင်ခဲ့ရပြီးနောက် လေ့ကျင့်ခန်းပြန်ဆင်းရသည်မှာ ခက်ခဲကြောင်း ပြောကြားခဲ့သည်။

ရီးယဲလ်တိုက်စစ်ကစားသမား ဗင်နီစီယပ်စ်က ကိုရိုနာဗိုင်းရပ်စ်ကြောင့် Lockdown စည်းမျဉ်းများအတိုင်း (၂)လကြာ နေထိုင်ခဲ့ရပြီးနောက် လေ့ကျင့်ခန်းပြန်ဆင်းရသည်မှာ ခက်ခဲကြောင်း ပြောကြားခဲ့သည်။ 

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါဆိုးကြောင့် လာလီဂါပြိုင်ပွဲကို မတ်လကတည်းက ရပ်နားထားခဲ့ရပြီး ဘောလုံးသမားများမှာ မိမိတို့နေအိမ်တွင်သာ နေထိုင်ခဲ့ရသည်။ သို့သော် ယခုအခါ လာလီဂါပြိုင်ပွဲကို ဇွန်လလယ်ပိုင်းတွင် ပြန်လည်ကစားရန် ပစ်မှတ်ထားနေပြီး လာလီဂါအသင်းများမှာ ကစားသမားတစ်ဦးချင်း လေ့ကျင့်ခန်းများ ပြုလုပ်နေကြသည်။ 

ရီးယဲလ်အသင်းသည် မေလ (၁၁)ရက်နေ့တွင် လေ့ကျင့်ရေးအစီအစဉ်များကို စတင်ပြုလုပ်ခဲ့ပြီး (၂)လကြာ ဘောလုံးနှင့် ဝေးကွာပြီးနောက် လေ့ကျင့်ခန်းပြန်လည်ပြုလုပ်ရသည့်အတွက် အသားမကျသေးကြောင်း ဗင်နီစီယပ်စ်က ပြောကြားခဲ့ခြင်းဖြစ်သည်။ 

ဗင်နီစီယပ်စ်က "လေ့ကျင့်ရေးအစီအစဉ်တွေ အားလုံးကို ကျွန်တော် ပြုလုပ်နေပါတယ်။ Gym ကစားတာ၊ ဘောလုံးဆွဲပြေးတာ၊ ကန်တာတွေအပြင် ကြံ့ခိုင်ရေးအတွက် လိုအပ်တာတွေအားလုံးကို ကျွန်တော်တို့ လုပ်ဆောင်နေတာပါ။ ဒါက ပြိုင်ပွဲတွေ ပြန်ကစားဖို့ ခြေလှမ်းတွေဖြစ်ပါတယ်။ ဘောလုံးမကစားရတာ ကြာပြီးဆိုတော့ အခု လေ့ကျင့်ခန်းပြန်ဆင်းရတာ သိပ်အဆင်မပြေသေးပါဘူး။ ကိုရိုနာဗိုင်းရပ်စ်ကြောင့် တစ်ဦးချင်း လေ့ကျင့်နေရတဲ့အတွက် ဒဏ်ရာပြန်ကောင်းလာတဲ့ ကစားသမားတွေလို ဖြစ်နေပါတယ်"ဟု ပြောကြားခဲ့သည်။ 

အသက် (၁၉)နှစ်အရွယ်ရှိ ဘရာဇီးလ်တိုက်စစ်ကစားသမား ဗင်နီစီယပ်စ်သည် ရီးယဲလ်အသင်းအတွက် ယခုရာသီပြိုင်ပွဲစုံ (၂၈)ပွဲတွင် (၄)ဂိုး သွင်းယူထားသည်။

Most Read

Most Recent