စပါးကွင်းလယ်လူ အန်ဒွန်ဘီလီကို ခေါ်ယူရန် လီဗာပူးလ် စိတ်ဝင်စားနေ

စပါးကွင်းလယ်လူ အန်ဒွန်ဘီလီကို ခေါ်ယူရန် လီဗာပူးလ် စိတ်ဝင်စားနေ
Photos: Getty Images
Photos: Getty Images
Published 13 May 2020

ပြင်သစ်လက်ရွေးစင်ကွင်းလယ်လူ အမ်ဒွန်ဘီလီ (၂၃ နှစ်)သည် ပြီးခဲ့သည့် ၂၀၁၉ နွေရာသီအပြောင်းအရွှေ့ကာလကမှ စပါးအသင်းသို့ ပြောင်းရွှေ့လာသူဖြစ်သော်လည်း အသင်းတွင် အနာဂတ်မတည်မငြိမ် ဖြစ်နေသူဖြစ်သည်။ 

လီဗာပူးလ်အသင်းသည် ပရီးမီးယားလိဂ်ပြိုင်ဘက် စပါးအသင်း၏ ကွင်းလယ်လူ အန်ဒွန်ဘီလီကို ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း ဗြိတိန်သတင်းစာများက ဖော်ပြခဲ့ကြသည်။

ပြင်သစ်လက်ရွေးစင်ကွင်းလယ်လူ အမ်ဒွန်ဘီလီ (၂၃ နှစ်)သည် ပြီးခဲ့သည့် ၂၀၁၉ နွေရာသီအပြောင်းအရွှေ့ကာလကမှ စပါးအသင်းသို့ ပြောင်းရွှေ့လာသူဖြစ်သော်လည်း အသင်းတွင် အနာဂတ်မတည်မငြိမ် ဖြစ်နေသူဖြစ်သည်။ 

၎င်းအား ပြင်သစ်လီဂူးကလပ် လိုင်ယွန်အသင်းတွင် ကစားစဉ်ကတည်းက လီဗာပူးလ်အသင်းက ခေါ်ယူရန် ပစ်မှတ်ထားခဲ့ဖူးကြောင်း သိရှိရသည်။ လီဗာပူးလ်အသင်းနည်းပြ ယာဂန်ကလော့ပ်သည် အသက်(၃၄)နှစ်အရွယ်ရှိပြီဖြစ်သည့် ၀ါရင့်ကွင်းလယ်လူ ဂျိမ်းစ်မီလ်နာ၏နေရာတွင် အစားထိုးရန် အန်ဒွန်ဘီလီကို စိတ်ဝင်စားနေခြင်းဖြစ်ကြောင်း သိရှိရသည်။