အင်တာမီလန်တိုက်စစ်မှူး လော်တာရိုမာတီနက်ဇ်ကို တစ်နှစ်လစာ ယူရို(၁၀)သန်းဖြင့် ဘာစီလိုနာ ကမ်းလှမ်း

အင်တာမီလန်တိုက်စစ်မှူး လော်တာရိုမာတီနက်ဇ်ကို တစ်နှစ်လစာ ယူရို(၁၀)သန်းဖြင့် ဘာစီလိုနာ ကမ်းလှမ်း
Photos: Getty Images
Photos: Getty Images
Published 13 May 2020

ဘာစီလိုနာအသင်းသည် လာမည့် ရာသီသစ်အတွက် ပြင်ဆင်မှုများ စတင် ပြုလုပ်နေပြီဖြစ်ပြီး လော်တာရိုမာတီနက်ဇ်သည် ၎င်းတို့၏ ဦးစားပေးပစ်မှတ် ကစားသမားဖြစ်ကြောင်း သိရသည်။ ဘာစီလိုနာအသင်းသည် အင်တာမီလန် အသင်းထံ ကမ်းလှမ်းမှုများ ပြုလုပ်နေသလို၊ ယခုအခါ ကစားသမားကို လစာငွေမက်လုံးဖြင့် သဘောတူညီမှုရယူရန် ကြိုးပမ်းလာခြင်းဖြစ်ကြောင်း အီတလီမီဒီယာများက ဖော်ပြခဲ့ကြသည်။ 

ဘာစီလိုနာအသင်းသည် အင်တာမီလန်အသင်းမှ အာဂျင်တီးနားတိုက်စစ်မှူး လော်တာရိုမာတီနက်ဇ်ကို တစ်နှစ်လစာ ယူရို(၁၀)သန်းဖြင့် ကမ်းလှမ်းလိုက်ကြောင်း သိရသည်။

ဘာစီလိုနာအသင်းသည် လာမည့် ရာသီသစ်အတွက် ပြင်ဆင်မှုများ စတင် ပြုလုပ်နေပြီဖြစ်ပြီး လော်တာရိုမာတီနက်ဇ်သည် ၎င်းတို့၏ ဦးစားပေးပစ်မှတ် ကစားသမားဖြစ်ကြောင်း သိရသည်။ ဘာစီလိုနာအသင်းသည် အင်တာမီလန် အသင်းထံ ကမ်းလှမ်းမှုများ ပြုလုပ်နေသလို၊ ယခုအခါ ကစားသမားကို လစာငွေမက်လုံးဖြင့် သဘောတူညီမှုရယူရန် ကြိုးပမ်းလာခြင်းဖြစ်ကြောင်း အီတလီမီဒီယာများက ဖော်ပြခဲ့ကြသည်။ 

ထို့ုပြင် ယခုကဲ့သို့ မြင့်မားသည့် လစာနှုန်းထားဖြင့် ကမ်းလှမ်းလိုက်ခြင်းကြောင့် အင်တာမီလန်အသင်းအနေဖြင့် ထိန်းသိမ်းထားနိုင်ရန် မလွယ်ကူသည့်အခြေအနေ ရောက်ရှိလာပြီဖြစ်ကြောင်းလည်း သုံးသပ်ခဲ့သည်။ သို့သော် အင်တာမီလန်အသင်းသည် လော်တာရိုမာတီနက်ဇ်ကို ယူရို (၁၁၁)သန်းတန် လျော်ကြေးစာချုပ် ချုပ်ဆိုထားခြင်းကြောင့် ဘာစီလိုနာအသင်းအနေဖြင့် ယင်းတန်ဖိုးအတိုင်းပေး၍ ခေါ်ယူရဖွယ်ရှိကြောင်း သိရသည်။

စပိန်မီဒီယာများကမူ ဘာစီလိုနာအသင်းသည် ကစားသမားနှင့် သဘောတူညီမှု ရယူနိုင်ခဲ့ပါက အဆိုပါလျော်ကြေးတန်ဖိုးအတိုင်း ပေးချေသွားလိမ့်မည်ဖြစ်ပြီး ယင်းအတွက် ကစားသမားများ ပြန်လည်ရောင်းထုတ်ကာ ငွေပြန်ရှာလိမ့်မည်ဟု သုံးသပ်နေကြသည်။ လော်တာရိုမာတီနက်ဇ်ကို ဘာစီလိုနာအသင်းက ပြိုင်ဘက်များထက် လက်ဦးမှုရယူနိုင်ရန် ယခုကဲ့သို့ ကြိုးပမ်းနေခြင်းဖြစ်ကြောင်းလည်း သိရသည်။

Most Read

Most Recent