လူမှုကွန်ရက်ဝက်ဘ်ဆိုက်ဖြစ်သည့် Instagram တွင် ပရီးမီးယားလိဂ်ကစားသမားများ၏ ဝင်ငွေတွက်ချက်မှု၌ မန်ယူ ကစားသမားများက ထိပ်ဆုံး၌ရပ်တည် နေပြီး အာဆင်နယ်ကွင်းလယ်လူ စီဘယ်ယို့စ်နှင့် မန်ယူကွင်းလယ်လူ ပယ်ရဲရား တို့က ဝင်ငွေအများဆုံးရရှိခဲ့ကြသည်။
ယခုစာရင်းမှာ ဘောလုံးရာသီစတင်သည့် ၂၀၁၉ ခုနှစ်၊ သြဂုတ်လ(၈)ရက်မှ လက်ရှိအချိန်အထိရရှိသည့် ဝင်ငွေပေါင်းကို တွက်ချက်ထားခြင်းဖြစ်သည်။
ပရီးမီးယားလိဂ်တစ်ခုလုံးအနေဖြင့်မူ ဒေါ်လာ (၃.၃)သန်းကျော် ရရှိခဲ့သည်။

ယခုစစ်တမ်းကို အွန်လိုင်းကာစီနိုများမှ အချက်အလက် စုဆောင်းပေးခဲ့ပြီး ပရီးမီးယားလိဂ်အသင်းများမှ ပွဲအများဆုံးကစားထားသည့် ကစားသမား(၂၀)ဦးစီ၏ ဝင်ငွေပေါင်းကို ထည့်သွင်းတွက်ချက်ခြင်းဖြစ်သည်။
ပရီးမီးယားလိဂ်၏ Big Six အသင်းများအနက် (၅)သင်းမှာ ထိပ်ဆုံး (၅)နေရာကို ရယူနိုင်ခဲ့ပြီး စပါးအသင်း မှာမူ အဲဗာတန်အသင်း၏နောက် အဆင့် (၇) နေရာ$ ရပ်တည်ခဲ့သည်။

ဝင်ငွေအကောင်းဆုံးကစားသမား (၁၀)ဦးစာရင်းတွင် မန်ယူအသင်းက ကစားသမား (၃)ဦးဖြင့် အများဆုံးပါဝင်ခဲ့ပြီး ချယ်လ်ဆီး နှင့် အဲဗာတန်အသင်းများက (၂)ဦးစီ၊ အာဆင်နယ်၊ မန်စီးတီးနှင့် လီဗာပူးလ်အသင်းများက (၁)ဦးစီ စာရင်းဝင်ခဲ့ကြသည်။
ဝင်ငွေအကောင်းဆုံးဖြစ်သည့် အာဆင်နယ်အသင်းမှ စီဘယ်ယို့စ်မှာ Instagram တွင် Followers (၁.၉)သန်းသာရှိပြီး ကုန်ပစ္စည်းနှင့် ကြော်ငြာများမှရရှိသည့်ဝင်ငွေမှာ (၈၇%) အထိ ရှိခဲ့ကြောင်း သိရသည်။

Followers (၄၀.၂) သန်းရှိသည့် မန်ယူကွင်းလယ်လူ ပေါ့ဘာနှင့် (၃၇.၆)သန်းရှိသည့် လီဗာပူးလ်တိုက်စစ်ကစားသမား ဆာလာတို့ ဝင်ငွေအကောင်းဆုံးကစားသမား(၁၀)ဦးစာရင်းတွင် မပါဝင်ခဲ့ခြင်းမှာလည်း အံ့အားသင့်စရာဖြစ်ခဲ့သည်။
ပေါ့ဘာမှာ (၁၂,၂၁၂) ပေါင်နှင့် ဆာလာမှာ (၂,၂၆၁) ပေါင်သာ ရရှိခဲ့ခြင်းဖြစ်သည်။
ယခုစစ်တမ်းကောက်ယူမှုတွင်ပါဝင်သည့် ပရီးမီးယားလိဂ်ကစားသမား (၄၀၀)ဦးအနက် (၁၅၁) ဦးမှာ ရာသီစကတည်းက Instagram တွင် ကြော်ငြာများမတင်ရှိခဲ့ကြောင်း သိရသည်။















