Puma အမှတ်တံဆိပ်နှင့် မန်စီးတီးကစားသမား စတာလင် စံချိန်တင်အဖြစ် ပေါင်သန်း ၁၀၀ ဖြင့် စာချုပ်ချုပ်ဆိုရန် နီးစပ်

Puma အမှတ်တံဆိပ်နှင့် မန်စီးတီးကစားသမား စတာလင် စံချိန်တင်အဖြစ် ပေါင်သန်း ၁၀၀ ဖြင့် စာချုပ်ချုပ်ဆိုရန် နီးစပ်
Published 4 May 2020

 

မန်စီးတီးအသင်း တောင်ပံကစားသမား စတာလင်သည် ဂျာမနီအခြေစိုက် အားကစားပစ္စည်းထုတ်လုပ်သည့် Puma အမှတ်တံဆိပ်နှင့် စံချိန်တင်အဖြစ် ပေါင်သန်း ၁၀၀ တန်ဖိုးရှိ စပွန်ဆာစာချုပ်ချုပ်ဆိုနိုင်ရန် နီးစပ်နေကြောင်း သိရသည်။

စတာလင်နှင့် အမေရိကန်ကုမ္ပဏီ Nike တို့ လက်ရှိချုပ်ဆိုထားသည့်စာချုပ်မှာ ယခုရာသီကုန် (ဇွန် ၃၀ ရက်) တွင် ကုန်ဆုံးတော့မည်ဖြစ်ပြီး စာချုပ်သစ် ထပ်မံချုပ်ဆိုဖြစ်ဖွယ်မရှိကြောင်း သိရသည်။ 

Nike ကုမ္ပဏီအနေဖြင့် စတာလင်ကဲ့သို့ ပရီးမီးယားလိဂ်ထိပ်တန်းကစားသမားကို စာချုပ်သစ်ချုပ်ဆိုနိုင်ရန် မျှော်လင့်ထားသော်လည်း လက်ရှိပေးချေနေသည့်ပမာဏထက် တိုးမြှင့်ဖွယ်မရှိသဖြင့် သဘောတူညီမှုရရန် မဖြစ်နိုင်ကြောင်း သိရသည်။ 

စတာလင်သည် Puma အမှတ်တံဆိပ် နှင့် ပေါင်သန်း ၁၀၀ တန်ဖိုးရှိ စပွန်ဆာစာချုပ်ချုပ်ဆိုဖြစ်ပါက Puma နှင့် လက်တွဲနေသည့် ဘောလုံးသမားများအနက် ပမာဏအများဆုံးရရှိသူအဖြစ် စံချိန်တင်မည်ဖြစ်ကြောင်း ဗြိတိန်မီဒီယာများက ဖော်ပြလျက်ရှိသည်။ 

၎င်းနှင့် စာချုပ်ချုပ်ဆိုခွင့်ရရန် Under Armour၊ Adidas နှင့် New Balance ကုမ္ပဏီတို့ကလည်း ကြိုးပမ်းလျက်ရှိသည်။

Puma ကုမ္ပဏီသည် မန်စီးတီးအသင်း ကို ဂျာစီစပွန်ဆာပေးထားသလို ပြီးခဲ့သည့် နွေရာသီတွင် မန်စီးတီးနည်းပြ ဂွါဒီယိုလာနှင့် စာချုပ်ချုပ်ဆိုနိုင်ခဲ့သည်။ 

ထို့ပြင် အဂွဲရိုး၊ ဒေးဗစ်ဆေးလ်ဗား၊ ဇင်ချန်ကိုတို့မှာလည်း Puma နှင့် လက်တွဲနေကြောင်း သိရသည်။

 

Most Read

Most Recent