မော်လမြိုင် - ရန်ကုန် ခရီးသည်တင် ယာဉ်လိုင်းတချို့ ပြေးဆွဲလျက်ရှိပြီး နှစ်ခုံတွဲ ထိုင်ခုံတွင် ခရီးသည် တစ်ဦးသာ စီးနင်းရန်နှင့် ယာဉ်စီးခ ကို နှစ်ဆ ကောက်ခံနိုင်ကြောင်း ညွန်ကြားချက် ထုတ်ပြန်ထား

မော်လမြိုင် - ရန်ကုန် ခရီးသည်တင် ယာဉ်လိုင်းတချို့ ပြေးဆွဲလျက်ရှိပြီး နှစ်ခုံတွဲ ထိုင်ခုံတွင် ခရီးသည် တစ်ဦးသာ စီးနင်းရန်နှင့် ယာဉ်စီးခ ကို နှစ်ဆ ကောက်ခံနိုင်ကြောင်း ညွန်ကြားချက် ထုတ်ပြန်ထား
Published 2 May 2020
ဘိုဘိုမြင့်

မော်လမြိုင်-ရန်ကုန် ခရီးသည်တင် ယာဉ်လိုင်းတချို ့ပြေးဆွဲလျက်ပြီး နှစ်ခုံတွဲ ထိုင်ခုံတွင် ခရီးသည်တစ်ဦးသာစီးနင်းရန်နှင့် ယာဉ်စီးခအား နှစ်ဆကောက်ခံနိုင်ကြောင်း ညွန်ကြားချက်ထုတ်ပြန်ထား မွန်ပြည်နယ် ယာဉ်လုပ်ငန်းများထိန်းသိမ်းကြီးကြပ်ရေး ကော်တီထံမှ သိရသည်။

“လက်ရှိယာဉ်လိုင်း ၁၀ လိုင်းခန့်ပြေးဆွဲ နေတာရှိပါတယ်။ အဲဒီပြေးဆွဲနေတဲ့ ယာဉ်လိုင်းတွေကို စည်းကမ်းသတ်မှတ်ချက်တွေ ထုတ်ပြန်ပေးထားပါတယ်။ ထိုင်ခုံ နှစ်ခုံတွဲကိုခရီးသည်တစ်ဦးတည်းတင်ရပါမယ်။ အဲဒီ ခရီးသည်ကိုလည်း ပြတင်းပေါက်ဘက်ခြမ်းမှာ ပဲ စီးနင်းစေဖို့။ နောက်ခရီးသည်တွေ အပါ အဝင် ယာဉ်မောင်း၊ ယာဉ်နောက်လိုက်တွေ အားလုံး Face Mask တပ်ကြဖို့။ ယာဉ်ပေါ်မှာ လည်း လက်သန့်ဆေးရည်တွေထားရှိပေးဖို့။ ထိုင်ခုံနှစ်ခုံတွဲမှာ ခရီးသည်တစ်ဦးတည်းတင် ရတဲ့အတွက်ယာဉ်စီးခကို နှစ်ဆကောက်ခံ နိုင်တယ်ဆိုပြီးတော့ ညွန်ကြားချက် ထုတ်ပေး ထားပါတယ်” ဟု မွန်ပြည်နယ်ယာဉ်လုပ်ငန်း များ ထိန်းသိမ်းကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ဝင်းမောင်က ပြောကြားသည်။

 

Most Read

Most Recent