ဆာနေးအား ပေါင်သန်း (၆၀)ဖြင့် ကမ်းလှမ်းရန် ဘိုင်ယန်မြူးနစ်အသင်း ပြင်ဆင်

ဆာနေးအား ပေါင်သန်း (၆၀)ဖြင့် ကမ်းလှမ်းရန် ဘိုင်ယန်မြူးနစ်အသင်း ပြင်ဆင်
Photos: Getty Images
Photos: Getty Images
Published 1 May 2020

ဘိုင်ယန်မြူးနစ်အသင်းသည် ၎င်းတို့၏ ပစ်မှတ်ဖြစ်သည့် မန်စီးတီးတောင်ပံကစားသမား ဆာနေးအား ပေါင်သန်း (၆၀) ဖြင့် ကမ်းလှမ်းရန် ပြင်ဆင်နေကြောင်း သိရသည်။ 

 

ဘိုင်ယန်မြူးနစ်အသင်းသည် ၎င်းတို့၏ ပစ်မှတ်ဖြစ်သည့် မန်စီးတီးတောင်ပံကစားသမား ဆာနေးအား ပေါင်သန်း (၆၀) ဖြင့် ကမ်းလှမ်းရန် ပြင်ဆင်နေကြောင်း သိရသည်။ 

ဘိုင်ယန်မြူးနစ်အသင်းသည် ဆာနေးအား ခေါ်ယူရန် ၂၀၁၉ နွေရာသီအပြောင်းအရွှေ့ကာလတွင် ကြိုးပမ်းခဲ့ပြီး ဆာနေး ဒူးအရွတ်ဒဏ်ရာရရှိခဲ့ခြင်းကြောင့်သာ အပြောင်းအရွှေ့ပျက်ပြယ်ခဲ့ခြင်းဖြစ်သည်။ 

သို့သော် ဘိုင်ယန်မြူးနစ်အသင်းသည် ဆာနေးအား ခေါ်ယူမည့်အစီအစဉ်ကို လက်လျှော့ခြင်းမရှိဘဲ လာမည့်နွေရာသီအပြောင်းအရွှေ့စျေးကွက်တွင် အရခေါ်ယူသွားရန် စီစဉ်နေကြောင်း ဂျာမန်မီဒီယာများက ဖော်ပြခဲ့ကြသည်။ 

မန်စီးတီးအသင်းနှင့် ချုပ်ဆိုထားသည့် ဆာနေး၏ စာချုပ်မှာ ၂၀၂၁ ခုနှစ်တွင် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး ဘိုင်ယန်မြူးနစ်အသင်းသည် ယင်းအချက်ကို အခွင့်ကောင်းယူကာ ၎င်းအား ပေါင်သန်း (၆၀)ဖြင့် ခေါ်ယူရန် စီစဉ်နေခြင်းဖြစ်သည်။ 

ဂျာမန်သတင်းစာ Bild ၏ ဖော်ပြချက်အရ ဘိုင်ယန်မြူးနစ်အသင်းနည်းပြ ဟန်ဆီဖလစ်ခ်သည် ပြီးခဲ့သည့်ရက်ပိုင်းက အပြောင်းအရွှေ့ကိစ္စများအတွက် ဆာနေးနှင့် မိနစ် (၃၀)ကြာ ဖုန်းဆက်ဆွေးနွေးခဲ့ကြောင်း သိရသည်။ 

 

Most Read

Most Recent