ဆန်ချိုအား လီဗာပူးလ်အသင်းသို့ ပြောင်းရွှေ့ကစားရန် အာနိုးလ် တိုက်တွန်း

ဆန်ချိုအား လီဗာပူးလ်အသင်းသို့ ပြောင်းရွှေ့ကစားရန် အာနိုးလ် တိုက်တွန်း
Photos: PA & Getty Images
Photos: PA & Getty Images
Published 1 May 2020

 

လီဗာပူးလ်နောက်ခံလူ အာနိုးလ်က အင်္ဂလန်အသင်းဖော် ဆန်ချိုအား လီဗာပူးလ်အသင်းသို့ ပြောင်းရွှေ့ကစားရန် တိုက်တွန်းခဲ့သည်။ 

ဒေါ့မွန်အသင်းတွင် ခြေစွမ်းပြနေသည့် အင်္ဂလန်တောင်ပံကစားသမား ဆန်ချိုအား ဥရောပထိပ်တန်းအသင်းများက စိတ်ဝင်စားနေကြပြီး မန်ယူအသင်းက ၎င်းကိုခေါ်ယူရန် ရေပန်းအစားဆုံးဖြစ်နေသည်။ 

အာနိုးလ်က ဆန်ချိုသည် လီဗာပူးလ်အသင်းကို ပိုမိုကောင်းမွန်အောင် ပြုလုပ်ပေးနိုင်သည့် ကစားသမားဖြစ်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ 

"တကယ်လို့ ဆန်ချိုသာ ကျွန်တော်တို့အသင်းကို ပြောင်းရွှေ့ကစားမယ်ဆိုရင် သူ့အနေနဲ့ လီဗာပူးလ်အသင်းကို ပိုမိုကောင်းမွန်အောင် ပြုလုပ်ပေးနိုင်ပါလိမ့်မယ်။ ဆန်ချိုက ပါရမီရှင်ကစားသမားဖြစ်ပြီး သူနဲ့ အင်္ဂလန်အသင်းမှာ တွဲဖက်ကစားဖူးတာကြောင့် သူသာ လီဗာပူးလ်အသင်းကို ပြောင်းရွှေ့လာခဲ့မယ်ဆိုရင် ကျွန်တော် အရမ်းဝမ်းသာမိမှာပါ"ဟု အာနိုးလ်က ပြောကြားခဲ့သည်။ 

ဆန်ချိုသည် ဒေါ့မွန်အသင်းအတွက် ခြေစွမ်းပြကစားနေသူဖြစ်ပြီး ယခုရာသီ ဘွန်ဒစ်လီဂါ (၂၃)ပွဲကစားရာတွင် (၁၄) ဂိုးသွင်းကာ ဂိုးဖန်တီးမှု (၁၅)ကြိမ်အထိ ပြုလုပ်ထားသည်။ 

ဥရောပထိပ်တန်းအသင်းကြီးများ၏ စိတ်ဝင်စားခြင်းကို ခံနေရသည့် ဆန်ချို၏ စျေးကွက်တန်ဖိုးမှာ ယူရို (၁၁၇)သန်း ရှိကြောင်း Transfermarkt.com က ဖော်ပြခဲ့သည်။ 

 

Most Read

Most Recent