ပြည်ပရောက်ကစားသမားများကို ဂျူဗင်တပ်စ်အသင်း ပြန်ခေါ်

ပြည်ပရောက်ကစားသမားများကို ဂျူဗင်တပ်စ်အသင်း ပြန်ခေါ်
Photos: Getty Images & Reuters
Photos: Getty Images & Reuters
Published 1 May 2020

ဂျူဗင်တပ်စ်အသင်းသည် ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကြောင့် နေရပ်သို့ ပြန်သွားခဲ့ သည့်ကစားသမားများကို အသင်းနှင့် ပြန်လည်ပူးပေါင်းမှုပြုလုပ်ရန် ညွှန်ကြားထားကြောင်း သိရသည်။ 

 

ဂျူဗင်တပ်စ်အသင်းသည် ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကြောင့် နေရပ်သို့ ပြန်သွားခဲ့ သည့်ကစားသမားများကို အသင်းနှင့် ပြန်လည်ပူးပေါင်းမှုပြုလုပ်ရန် ညွှန်ကြားထားကြောင်း သိရသည်။ 

စီးရီးအေပြိုင်ပွဲ ပြန်လည်စတင်နိုင်ရန် မသေချာသေးသော်လည်း မေ(၁၈)တွင် အသင်းလိုက်လေ့ကျင့်ခွင့်ရရှိမည်ဖြစ်သည်။ 

ပြည်ပရောက်ကစားသမားများအနေဖြင့် အီတလီသို့ပြန်လာချိန်တွင် (၁၄)ရက်ကြာ သီးခြားနေထိုင်ရဖွယ်ရှိနေသောကြောင့် ဂျူဗင်တပ်စ်အသင်းအနေဖြင့် ကြိုတင်ခေါ်ယူခြင်းဖြစ်ကြောင်း သိရသည်။ 

ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကြောင့် အမိမြေ ပေါ်တူဂီသို့ ရောက်ရှိနေသည့် စီရော်နယ်လ်ဒိုသည် အင်္ဂါနေ့တွင် အီတလီသို့ ပြန်ရောက်ဖွယ်ရှိကြောင်း သိရသည်။

စီးရီးအေပြိုင်ပွဲမှာလည်း အခြားဥရောပထိပ်တန်းလိဂ်များနည်းတူ ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်ကြောင့် မတ်လကတည်းက ရပ်နားထားခဲ့ရပြီး ဇွန်လဆန်းပိုင်းတွင် ပြန်လည်ကစားရန် စီစဉ်နေကြကြောင်း သိရသည်။ 

ဂျူဗင်တပ်စ်အသင်းကစားသမားများသည် ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကြောင့် အသင်းဘဏ္ဍာရေးအကျပ်အတည်းကို ဖြေရှင်းနိုင်ရန်နှင့် ဝန်ထမ်းများကို လစာအပြည့်ပေးချေနိုင်ရန်အတွက် (၄)လ လစာယူမည်မဟုတ်ကြောင်း သိရသည်။

 

Most Read

Most Recent