မေ ၁ ရက်တွင် ဖွင့်လှစ်မည့် ၁၅ ကြိမ်မြောက် ထီဖွင့်ပွဲ၌ ထီစာအုပ် ၃၁ သိန်းကျော် ရောင်းချ ပေးခဲ့သော်လည်း ၁၂ သိန်းကျော်သာ ရောင်းချ နိုင်ခဲ့ပြီး ရောင်းမကုန် ထီစာအုပ် ၁၈ သိန်းကျော်အထိ ကျန်ရှိနေ

မေ ၁ ရက်တွင် ဖွင့်လှစ်မည့် ၁၅ ကြိမ်မြောက် ထီဖွင့်ပွဲ၌ ထီစာအုပ် ၃၁ သိန်းကျော် ရောင်းချ ပေးခဲ့သော်လည်း ၁၂ သိန်းကျော်သာ ရောင်းချ နိုင်ခဲ့ပြီး ရောင်းမကုန် ထီစာအုပ် ၁၈ သိန်းကျော်အထိ ကျန်ရှိနေ
ရန်ကုန်မြို့ မြို့နယ်တစ်ခုအတွင်းရှိ ထီဆိုင်တစ်ဆိုင်တွင် ကံစမ်းနေသူပြည်သူများကို ဧပြီ ၂၉ ရက် ညနေပိုင်းက တွေ့ရစဉ် (ဓာတ်ပုံ-ပြည့်ဖြိုးအောင်)
ရန်ကုန်မြို့ မြို့နယ်တစ်ခုအတွင်းရှိ ထီဆိုင်တစ်ဆိုင်တွင် ကံစမ်းနေသူပြည်သူများကို ဧပြီ ၂၉ ရက် ညနေပိုင်းက တွေ့ရစဉ် (ဓာတ်ပုံ-ပြည့်ဖြိုးအောင်)
Published 30 April 2020

၂၀၂၀ ပြည့်နှစ် မေ ၁ ရက်တွင် ဖွင့်လှစ်မည့် ၁၅ ကြိမ်မြောက်ထီဖွင့်ပွဲတွင် ထီစာအုပ် ၃၁ သိန်းကျော် ရောင်းချပေးခဲ့သော်လည်း ၁၂ သိန်းကျော်သာ ရောင်းချနိုင်ခဲ့ပြီး ရောင်းမကုန်ထီစာအုပ် ၁၈ သိန်းကျော်အထိ ကျန်ရှိနေကြောင်းနှင့် အဆိုပါ ထီစာအုပ်ရောင်းရငွေမှာ ကျပ် ၁၂၉၇၃ သန်းကျော်ဖြစ်ပြီး ယင်း ရောင်းရငွေမှ ရာခိုင်နှုန်း ၆၀ ကို မေ ၁ ရက်တွင်ဖွင့်လှစ်မည့် ထီဖွင့်ပွဲဆုငွေအဖြစ် သတ်မှတ်ထားကြောင်း အောင်ဘာလေသိန်းဆုဌာနက ဧပြီ ၂၉ ရက်တွင် ကြေညာထားမှုအရ သိရသည်။

၂၀၂၀ ပြည့်နှစ် မေ ၁ ရက်တွင် ကျင်းပ မည့် ၁၅ ကြိမ်မြောက် ကျပ် ၁၀၀၀ တန် အောင် ဘာလေသိန်းဆုဖွင့်ပွဲအတွက် ‘က’ အက္ခရာ မှ ‘ကင’ အထိ စုစုပေါင်းအက္ခရာ ၃၈ လုံး၊ ထီ စာအုပ် ၃၁၀၉၀၈၄ အုပ် ရောင်းချပေးခဲ့ သည်။ ထိုသို့ရောင်းချပေးခဲ့ရာတွင် ထီစာအုပ်  ၁၂၉၇၃၉၉ အုပ် ရောင်းချခဲ့ရပြီး ထီစာအုပ် ၁၈၁၁၆၈၅ အုပ်မှာ ရောင်းမကုန်ထီအဖြစ် ကျန်ရှိနေခဲ့သည်။ အဆိုပါ ရောင်းမကုန်ထီ လက်မှတ်များအား  ပြည်တွင်းအခွန်များဦးစီး ဌာန၏ Website : www.ird.gov.mm နှင့် အောင်ဘာလေသိန်းဆုဌာနခွဲ၏ ကြော်ငြာ သင်ပုန်းတွင် ကြေညာထားပြီးဖြစ်သည်။

 

Most Read

Most Recent