ကော်တင်ဟိုနှင့် ဒမ်ဘီလီကို ရောင်းချရန် ဘာစီလိုနာ စီစဉ်

ကော်တင်ဟိုနှင့် ဒမ်ဘီလီကို ရောင်းချရန် ဘာစီလိုနာ စီစဉ်
Photo : EFE
Photo : EFE
Published 30 April 2020

 

ဘာစီလိုနာအသင်းသည် အသင်းကစားသမားများဖြစ်သည့် ကော်တင်ဟိုနှင့် ဒမ်ဘီလီတို့ကို ရောင်းချရန် စီစဉ်နေကြောင်း စပိန်အားကစားသတင်းစာ Marca က ဖော်ပြခဲ့သည်။  

ဘာစီလိုနာအသင်းသည် ကော်တင်ဟိုကို ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ယူရို (၁၄၅)သန်း (ဆုကြေးအပါအဝင်) ခေါ်ယူခဲ့သလို၊ ဒမ်ဘီလီကိုလည်း ယူရို (၁၂၅)သန်း (ဆုကြေးအပါအဝင်)ဖြင့် ခေါ်ယူခဲ့သည်။ 

သို့သော် အဆိုပါကစားသမား (၂)ဦးစလုံးမှာ ဘာစီလိုနာအသင်းတွင် ခြေစွမ်းပြနိုင်ခြင်းမရှိဘဲ ဝေဖန်မှုများနှင့် ရင်ဆိုင်ခဲ့ရသည်။ 

ဒမ်ဘီလီမှာ ဘာစီလိုနာအသင်းတွင် ဒဏ်ရာပြဿနာများနှင့် ရုန်းကန်နေရလျက်ရှိပြီး အသင်းတွင် ပုံမှန်နေရာအတွက် အာမခံချက်မရှိ ဖြစ်နေခဲ့သည်။

ကော်တင်ဟိုမှာလည်း ခြေစွမ်းပြနိုင်ခြင်းမရှိသည့်အတွက် ပြီးခဲ့သည့်နွေရာသီတွင် ဘိုင်ယန်မြူးနစ်အသင်းထံသို့ တစ်ရာသီအငှားချခံခဲ့ရသည်။ 

ဘာစီလိုနာအသင်းသည် ၎င်းတို့(၂)ဦးကိုရောင်းထုတ်ပြီး ကစားသမားသစ်များခေါ်ယူရန် စီစဉ်လျက်ရှိကြောင်း Marca က ဖော်ပြခဲ့သည်။

 

Most Read

Most Recent