မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအွန်ကျန်းမာရေးကောင်းမွန်နေဆဲဟု တောင်ကိုရီးယား ထုတ်ပြန်

မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအွန်ကျန်းမာရေးကောင်းမွန်နေဆဲဟု တောင်ကိုရီးယား ထုတ်ပြန်
 ၂၀၁၉ ခုနှစ် အောက်တိုဘာ ၁၆ ရက်က မြောက်ကိုရီးယားအစိုးရသတင်းအေဂျင်စီမှ ထုတ်ပြန်ခဲ့သောဓာတ်ပုံတွင် ပေကတူတောင်၌ ပထမဆုံးနှင်းကျစဉ်တွင် မြင်းဖြူစီးနေသော ကင်ဂျုံအွန်ကို တွေ့ရစဉ်
၂၀၁၉ ခုနှစ် အောက်တိုဘာ ၁၆ ရက်က မြောက်ကိုရီးယားအစိုးရသတင်းအေဂျင်စီမှ ထုတ်ပြန်ခဲ့သောဓာတ်ပုံတွင် ပေကတူတောင်၌ ပထမဆုံးနှင်းကျစဉ်တွင် မြင်းဖြူစီးနေသော ကင်ဂျုံအွန်ကို တွေ့ရစဉ်
Published 27 April 2020
Ref: Reuters

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်သည် ကျန်းမာရေးကောင်းမွန်နေဆဲဟု  တောင်ကိုရီးယားသမ္မတ မွန်းဂျေအင်း၏ ထိပ်တန်းလုံခြုံရေးအကြံပေးတစ်ဦးက ပြောကြားခဲ့မှုသည် အရေးပါသည့် နှစ်ပတ်လည်နေ့တစ်ခုသို့ ကင်ဂျုံအွန် တက်ရောက်ရန် ပျက်ကွက်ခဲ့ပြီးနောက် ၎င်း၏ကျန်းမာရေးနှင့် ပတ်သက်ပြီး ထွက်ပေါ်လာသည့် ကောလာဟလများကို မှေးမှိန်စေခဲ့သည်။

“ကျွန်တော်တို့အစိုးရအဖွဲ့ ရပ်တည်ချက်က ခိုင်မြဲပါတယ်” ဟု မွန်း၏နိုင်ငံတော် လုံခြုံရေးဆိုင်ရာ အထူးအကြံပေး မွန်းချောင်အင်က ဧပြီ ၂၆ ရက်တွင် စီအင်န်အင်န်နှင့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။ “ကင်ဂျုံအွန် ကျန်းမာရေးကောင်းမွန်နေဆဲ” ဟု ၎င်းက ပြောကြားခဲ့သည်။

 

Most Read

Most Recent