အာဆင်နယ်ကစားသမားများသည် မြင့်မားလှသည့် ချန်ပီယံလိဂ်ဆုကြေးပေးမည့် အစီအစဉ်ဖြင့် ကမ်းလှမ်းခံရပြီးနောက် အသင်း၏လစာငွေ(၁၂.၅)% လျှော့ချမည့်အစီအစဉ်ကို လက်ခံရန် အသင့်ရှိနေသည်။
ကစားသမာအနေုဖြင့် ၎င်းတို့ဆုံးရှုံးရမည့် လစာငွေပမာဏကို ချန်ပီယံလိဂ်ဝင်ခွင့် ရရှိလျှင် ပြန်လည်ရရှိမည်ဖြစ်ပြီး အပိုဆုကြေး ပေါင်တစ်သိန်းကိုပါ ထပ်ဆောင်းခံစားခွင့်ရှိမည်ဖြစ်သည်။

ထို့ပြင် အာဆင်နယ်အသင်းက ကစားသမားများကို ၂၀၂၁ ခုနှစ်တွင် ချန်ပီယံလိဂ်ပြိုင်ပွဲ၌ ဗိုလ်စွဲလျှင် ဆုကြေး ပေါင် ငါးသိန်း၊ ယူရိုပါလိဂ်ပြိုင်ပွဲ၌ ဗိုလ်စွဲလျှင် ဆုကြေး ပေါင် တစ်သိန်းစီ ချီးမြှင့်မည်ဟု ယင်းကမ်းလှမ်းချက်တွင် ပါရှိသည်။
ချန်ပီယံလိဂ်ဝင်ခွင့်နှင့်ပတ်သက်ပြီး အာဆင်နယ်အသင်း၏ကန့်သတ်ချက်မှာ ကစားသမားများအနေဖြင့် နှစ်ရာသီအတွင်း ဝင်ခွင့်ရရှိအောင် စွမ်းဆောင်ရမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် အာဆင်နယ်အသင်းသည် လစာငွေလျှော့ယူရန် ကစားသမားများနှင့် သဘောတူညီမှုရရှိသည့် ပထမဆုံးပရီးမီးယားလိဂ်ကလပ်ဖြစ်လာရန် နီးစပ်လျက်ရှိသည်။
လစာငွေ(၁၂.၅%)လျှော့ချမည့်အစီအစဉ်မှာ ၂၀၂၀ ဧပြီလမှ ၂၀၂၁ မတ်လအထိဖြစ်သည်။
သို့သော် ယင်းကာလအတွင်း ယူ္ဂရိုပါလိဂ်ဝင်ခွင့် ရရှိလျှင်မူ လစာငွေ(၇.၅%)သာ လျှော့ချခံရမည်ဖြစ်ကြောင်း သိရသည်။















