အသင်းခေါင်းဆောင် ရာမို့စ်အား စာချုပ်သက်တမ်းတိုးရန် ရီးယဲလ် ဆွေးနွေးမှုမရှိသေး

အသင်းခေါင်းဆောင် ရာမို့စ်အား စာချုပ်သက်တမ်းတိုးရန် ရီးယဲလ် ဆွေးနွေးမှုမရှိသေး
Published 14 April 2020

ရီးယဲလ်အသင်းသည် အသင်းခေါင်းဆောင်ဖြစ်သူ ရာမို့စ်အား စာချုပ်သက်တမ်းတိုးရန်အတွက် ယခုချိန်အထိ ဆွေးနွေးမှုမရှိသေးကြောင်း သိရသည်။

ရာမို့စ်သည် ၂၀၀၅ ခုနှစ်တွင် ဆီဗီလာအသင်းမှ ပြောင်းရွှေ့လာသူဖြစ်ပြီး လက်ရှိအချိန်အထိ ပွဲပေါင်း(၆၄၀)ပွဲ ကစားထားပေးထားခဲ့သည်။

ရီးယဲလ်အသင်းနှင့် သူ့အကြားချုပ်ဆိုထားသည့် လာမည့်နှစ်နွေရာသီတွင် သက်တမ်းကုန်ဆုံးမည်ဖြစ်သည်။

သို့သော် ရီးယဲလ်အနေဖြင့် အသင်းခေါင်းဆောင်ဖြစ်သူအား စာချုပ်သက်တမ်းတိုးရန် မနီးစပ်သေးကြောင်း AS သတင်းစာက ဖော်ပြခဲ့သည်။

ဗိုင်းရပ်စ်ကပ်ဘေးကြောင့် ဘောလုံးပွဲများမရပ်နားမီအချိန်အထိ ရီးယဲလ်အသင်းသည် ရာမို့စ်နှင့် ဆွေးနွေးခြင်းမရှိသေးဘဲ လာမည့်ရာသီမှသာ လုပ်ဆောင်သွားဖွယ်ရှိသည်။

သတင်းများတွင်ဖော်ပြချက်အရ ရီးယဲလ်အသင်းသည် ရာမို့စ်ကို ၂၀၂၂ ခုနှစ်အထိ တစ်နှစ်သက်တမ်းသာတိုးလိုကြောင်း သိရသည်။

သို့သော် (၃၄)နှစ်အရွယ်ရှိပြီဖြစ်သူ ရာမို့စ်ကမူ နှစ်နှစ်နှင့်အထက် သက်တမ်းတိုးသွားရန် ဆန္ဒရှိနေသည်။

 

Most Read

Most Recent