ကွတ်ခိုင်မြို့နယ်  လွယ်ခမ်ကျေးရွာတွင် လက်နက်များ၊ မူးယစ်ဆေးဝါးများနှင့် ဆက်စပ်ပစ္စည်းများ ထပ်မံသိမ်းဆည်းရမိပြီး ၁၃ ရက်အတွင်း တန်ဖိုးကျပ် ၂၇၄ ဘီလျံကျော် ဖမ်းဆီးရမိထားကြောင်း တပ်မတော်ထုတ်ပြန်

ကွတ်ခိုင်မြို့နယ်  လွယ်ခမ်ကျေးရွာတွင် လက်နက်များ၊ မူးယစ်ဆေးဝါးများနှင့် ဆက်စပ်ပစ္စည်းများ ထပ်မံသိမ်းဆည်းရမိပြီး ၁၃ ရက်အတွင်း တန်ဖိုးကျပ် ၂၇၄ ဘီလျံကျော် ဖမ်းဆီးရမိထားကြောင်း တပ်မတော်ထုတ်ပြန်
Published 13 March 2020

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ် လွယ်ခမ်ကျေးရွာတွင် မတ် ၁၁ ရက်က လက်နက်များ၊ မူးယစ်ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ ထပ်မံသိမ်းဆည်းရမိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။

ကွတ်ခိုင်မြို့နယ်အတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ရှာဖွေဖော်ထုတ်သိမ်းဆည်း ရရှိမှုအနေဖြင့် ဖေဖော်ဝါရီ ၂၈ ရက်မှ မတ် ၁၁ အထိ စိတ်ကြွရူးသွပ်ဆေးပြားမျိုးစုံ ၁၂၄၉၇၇၀၀၀ ပြား၊ ဘိန်းဖြူ ၁၉၂ ဒသမ ၉၂ ကီလို၊ ဘိန်းညို ၂၇၁ ကီလို၊ ဘိန်းဖြူခဲ ၁ ဒသမ ၆ ကီလိုဂရမ်၊ ဘိန်းဆီခဲ ၁၆ ကီလို၊ ဆေးပြားအကြေမှုန့် ၂ ဒသမ ၆၅ ကီလို၊ ဘိန်းစိမ်း ၁၀ ကီလိုနှင့် ICE ၄၃၃ ဒသမ ၅ ကီလိုဂရမ် စုစုပေါင်းမူးယစ်ဆေးဝါးများ၏ ခန့်မှန်းတန်ဖိုးကျပ် ၂၇၂ ဘီလီလျံကျော်နှင့် မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်း ၁၈၅ မျိုး၏ ကာလတန်ဖိုးမှာ ကျပ်တစ်ဘီလျံကျော်ဖြစ်ရာ စုစုပေါင်း ငွေကျပ် ၂၇၄ ဘီလျံကျော်ရှိပြီဖြစ်ကြောင်း  တပ်မတော်၏ထုတ်ပြန်ချက်အရ သိရသည်။

ကောင်းခါးကျေးရွာနှင့် လွယ်ခမ်ကျေးရွာအနီး ပတ်ဝန်းကျင်နေရာများ၌ ဖေဖော်ဝါရီ ၂၈ ရက်မှစတင်၍ မူးယစ်ဆေးဝါးများ၊ မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့် ပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရရှိမှုနှင့်ပတ်သက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက အဆိုပါနယ်မြေတစ်ဝိုက်အား နယ်မြေလုံခြုံရေးနှင့် ရှာဖွေစစ်ဆေးမှုများ ဆက်လက်ဆောင်ရွက်လျက်ရှိရာ မတ် ၁၁ ရက် နံနက် ၁၀ နာရီ ၁၅ မိနစ်ခန့်တွင် လွယ်ခမ်ကျေးရွာနေ ထွက်ပြေးတိမ်းရှောင်နေသည့် ဦးဝမ်တာဂျုံး(ဘ) ဦးဝမ်ချွန်ပိုင်ဆိုင်သည့် တစ်ထပ်တိုက် နေအိမ်အောက်ထပ်ရှိ  မြေအောက်ခန်းအတွင်းမှ M-16 5.56 mm M4 A1 Sniper Rifle သေနတ် တစ်လက်၊ M – 16 5.56 mm Assault Rifle သေနတ်တစ်လက်၊ M-16 M4 A1 သေနတ်တစ်လက်၊ ပွိုင့်-၃၀၈ Sniper Rifle သေနတ်တစ်လက်၊  12 Bore ရန်ပုံခွင်း Remington သေနတ်တစ်လက်၊ 7.62 mm Assault Rifle Type -56 သေနတ်နှစ်လက်၊ 7.62 mm Assault Rifle M – 22 သေနတ်တစ်လက်၊ 40 mm Rocket Launcher M – 7 သေနတ်နှစ်လက်၊ M4 A1 Sniper 5.56 ကျည် ၆၅ တောင့်၊ 308 Sniper ၇ ဒသမ ၆၂ မမကျည် ၁၁ တောင့်၊ GRPG ပို့ကျည် ၂၁ တောင့်၊ RPG ဒုံးသီး ၂၁ လုံး၊ 12 Bore ကျည် ၆၅ တောင့်၊ ၇ ဒသမ ၆၂ _ ၃၉ ကျည် ၃၁၀ တောင့်၊ ၇ ဒသမ ၆၂ ကျည် ၂၃ တောင့်၊ ၅.၅၆ ကျည် ၁၅၆ တောင့်၊ လက်ပစ်ဗုံးမျိုးစုံ ၂၁၈ လုံး၊ M- 22 ကျည်အိမ်မျိုးစုံ ၁၅ ခု၊ ၅ ဒသမ ၅၆ မမ ကျည်အိမ်နှစ်ခု၊ M4 A1 ကျည်အိမ်သုံးခု၊ ပွိုင့်-၃၀၈ Sniper ပြောင်းတိုက်တံလေးချောင်း၊ ၃၀၈ Snip[er လွယ်ကြိုးတစ်ချောင်း၊ ၃၀၈ Sniper တံတောင်စွပ်တစ်ခု၊ ၃၀၈ Sniper ဆိုက်ခုံအပိုတစ်ခုတို့အား အိမ်စောင့်အမျိုးသားနှစ်ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

ထို့ပြင် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် မွန်းလွဲပိုင်းတွင် ၎င်းနေအိမ်ခြံဝင်းအတွင်းရှိ ကားဂိုဒေါင် မြေအောက်ခန်းအတွင်းမှ M- 22 သေနတ်လေးလက်၊ ပစ္စတိုသေနတ်တစ်လက်၊ ၅ ဒသမ ၅၆ ကျည်အတောင့် ၁၁၀၀၊ ၄၀ မမ ဗုံးသီး ၂၁ လုံး၊ ဝင်ချက်စတာကျည် ၄၁၅ တောင့်၊ စိတ်ကြဆေးပြား တံဆိပ်ရောရာ အပြားရှစ်သိန်း၊ ဘိန်းဖြူဆပ်ပြာခွက် ၂၂ ခွက်(သုည ဒသမ ၂၂ ကီလို)၊ ကက်တမင်းအမှုန့် ၁၈ ထုပ်၊ ဘိန်းချေး ၁၀ ကီလို၊ ကဖင်း ၅၅ ကီလို၊ တာတာရစ်အက်စစ် ၄၄ အိတ်၊ အရိုးမီးသွေးမှုန့် ခုနစ်အိတ် (၁၄၀ ကီလို)၊ Ammonia Water ဓာတုဆေးရည်ပုလင်း ၁၉၀၊ Sodium Acetate ဓာတုဆေးရည်ဘူး ၂၀ (၅၀၀ ဂရမ်)၊ Ammonia Chloride ဓာတုဆေးရည် ၇၉ ဘူး၊ Sodium Hydroxide ဓာတုဆေးရည် ၁၂၁ ဘူး၊ အီသနောအက်စစ် ငါးဂါလန်ပုံးခုနစ်ပုံး၊ ဆေးပြားရိုက်တံ ၂၈ ချောင်း၊ ဆေးပြားပါကင်ပိတ်စက် ငါးလုံး၊ ဂက်စ်အိုး ၃၄ လုံး၊ ဆေးပြားအခြောက်ခံဗန်း သုံးချပ်၊ လေအိုး ၁၄ လုံး၊ ဒစ်ဂျစ်တယ်ကတ္တားခုနစ်လုံး၊ ကြွေကတော့ ခြောက်ခု၊ ဖန်ပေါင်းအိုးသုံးလုံး၊ သံပုံးငါးပုံး၊ ဆေးပြားမွှေစက်နှစ်ခု၊ ဆေးပြားရိုက်စက်တစ်ခု၊ ဓာတ်ငွေ့ကာမျက်နှာဖုံးလေးခုနှင့် VIGO 4 Wheel မော်တော်ယာဉ်တစ်စီးတို့ကို ထပ်မံတွေ့ရှိ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ထို့နောက် မွန်းလွဲနှစ်နာရီခန့်တွင် ကွတ်ခိုင်မြို့နယ်၊ ရှောက်ဟော်ကျေးရွာနေ ထွက်ပြေးတိမ်းရှောင်နေသော ဦးစိန်ဝင်းပိုင်ဆိုင်သည့် လွယ်ခမ်ကျေးရွာရှိ ဂိုဒေါင်နှင့် မြေ အောက်ခန်းအတွင်းမှ WY နှင့် ၈၈/ ၁ စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၂၄၈၀၀၀၀ ပြား၊ Dicyclohexylacetic အက်စစ်အမှုန့် ကီလို ၅၀၊ Polypropylene အက်စစ်အမှုန့် ကီလို၂၀၊ Trifluoracetophenone အက်စစ် အမှုန့်ကီလို ၁၂၀၊ အရိုးမီးသွေးအိတ် တစ်အိတ် (၃၀ ကီလိုဂရမ်)၊   ပေါင်ဒါကီလို ၃၀၀၊ Ethy 11 Maltol ကိုးကီလို၊ အနီရောင်အမှုန့် ကီလို ၃၀၊ အက်စစ်ပီပါ ၂၉ လုံးနှင့် ငါးဂါလန် ဆံ့အက်စစ်ပုံး ၁၅ ပုံးတို့ကို တွေ့ရှိသိမ်းဆည်း ရမိခဲ့ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းနောက် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ညနေ  ၃ နာရီခွဲခန့်တွင် လွယ်ခမ်ကျေးရွာနေ ထွက်ပြေးတိမ်းရှောင်နေသော ဦးလျှိုပါ့(ဘ)ဦးလျှိုအယ် ပိုင်ဆိုင်သည့် ငါးကန်ဘေးသဲပုံနှင့် ကျောက်ပုံအနီးတို့၌ သဲအိတ်၊ ကျောက်အိတ်များဖြင့် ဖိ၍ဝှက်ထားသော ဆေးပြားရိုက်စက်သုံးလုံး၊ ဖန်ပေါင်းပြွန် ၁၅ လုံး၊ ကြွေကတော့ ခုနစ်လုံး၊ Ammonia Chloride ကီလို၂၁၅၀၊ Sodium Hydroxide ၇၅ ကီလို၊ ဆေးပြားမွှေစက်နှစ်လုံး၊ ဆေးပြားထည့်သည့် အပြာရောင်အိတ်ခွံ ၂၄ အိတ်၊ စတီးကန်တော့သုံးလုံး၊ ဒန်ဇလားအလုံး ၂၀၊ စတီးဇလား သုံးလုံး၊ သံဇလားခြောက်လုံးနှင့် ငါးဂါလန်ဆံ့ အင်ဂျင်ဝိုင်ပုံးသုံးပုံးတို့ကို ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

အဆိုပါမူးယစ်ဆေးဝါးများ သိမ်းဆည်းရရှိမှုနှင့်ပတ်သက်၍ အဓိကတရားခံများနှင့် ပါဝင်ပတ်သက်သူများအား ဖမ်းဆီးရမိရေး လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ၎င်းနယ်မြေတစ်ဝိုက်အား လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေလုံခြုံရေးလုပ်ငန်းများနှင့် ရှာဖွေစစ်ဆေးမှုများ ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။

 

 

Most Read

Most Recent