လီဗာပူးလ်ဘက်သို့ ဘုန်းမောက် သွင်းယူသည့် ဦးဆောင်ဂိုးကို VAR က ပယ်ချခဲ့သင့်ကြောင်း ဒိုင်လူကြီးဟောင်း ပီတာဝေါ်လ်တန် ဝေဖန်

လီဗာပူးလ်ဘက်သို့ ဘုန်းမောက် သွင်းယူသည့် ဦးဆောင်ဂိုးကို VAR က ပယ်ချခဲ့သင့်ကြောင်း ဒိုင်လူကြီးဟောင်း ပီတာဝေါ်လ်တန် ဝေဖန်
Photos: Getty Images
Photos: Getty Images
Published 8 March 2020

ယင်းဂိုးကို သွင်းယူခဲ့သော ဘုန်းမောက်တိုက်စစ်မှူး ကာလမ်ဝီလ်ဆင်သည် လီဗာပူးလ်နောက်ခံလူ ဂျိုးဂိုးမက်ဇ်ထံမှ ဘောလုံးကို ရယူရာ၌  တွန်းထိုးပြီးမှ ရယူခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းလုပ်ရပ်မှာ ပြစ်ဒဏ်ဘောဖြစ်၍  VAR အနေဖြင့် ယင်းဂိုးကို ပယ်ချခဲ့သင့်ကြောင်း ပီတာဝေါ်လ်တန်က ဝေဖန်ပြောကြားခဲ့သည်။

 

လီဗာပူးလ် (၂-၁) ဘုန်းမောက် ပွဲတွင် ပွဲချိန်(၉)မိနစ်၌ ဘုန်းမောက်အသင်း သွင်းယူခဲ့သည့် ဦးဆောင်ဂိုးကို VAR  ရုပ်သံက ပယ်ချခဲ့သင့်ကြောင်း ပရီးမီးယားလိဂ်ဒိုင်လူကြီးဟောင်းတစ်ဦးဖြစ်သူ ပီတာဝေါ်လ်တန်က BT Sport ရုပ်သံတွင် ဝေဖန်ပြောကြားခဲ့သည်။

ယင်းဂိုးကို သွင်းယူခဲ့သော ဘုန်းမောက်တိုက်စစ်မှူး ကာလမ်ဝီလ်ဆင်သည် လီဗာပူးလ်နောက်ခံလူ ဂျိုးဂိုးမက်ဇ်ထံမှ ဘောလုံးကို ရယူရာ၌  တွန်းထိုးပြီးမှ ရယူခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းလုပ်ရပ်မှာ ပြစ်ဒဏ်ဘောဖြစ်၍  VAR အနေဖြင့် ယင်းဂိုးကို ပယ်ချခဲ့သင့်ကြောင်း ပီတာဝေါ်လ်တန်က ဝေဖန်ပြောကြားခဲ့သည်။



  

ပရီးမီးယားလိဂ်ပွဲစဉ်များကို ၂၀၀၃ ခုနှစ်မှ ၂၀၁၂ ခုနှစ်အထိ ဒိုင်လူကြီးအဖြစ် ကြီးကြပ်တာဝန်ယူခဲ့ဖူးသူ ပီတာဝေါ်လ်တန်က "ကျွန်တော် ဒီလိုရလဒ်ထွက်လာတော့ အံ့သြမိပါတယ်။ ဂိုးမက်ဇ်ဟာ ဝီလ်ဆင် တွန်းလိုက်တာကြောင့် ဟန်ချက်ပျက်ပြီး ဘောလုံးကို ဆုံးရှုံးခဲ့တာပါ။ ဒါဟာ ပြစ်ဒဏ်ဘောဆိုတာ ရှင်းပါတယ်" ဟု ပြောကြားခဲ့သည်။

ရုပ်သံဘောလုံးဝေဖန်သူတစ်ဦးဖြစ်သူ မန်ယူနောက်ခံလူဟောင်း ဖာဒီနန်ကလည်း ယင်းဖြစ်ရပ်တွင် ဒိုင်လူကြီးအနေဖြင့်ဆက်မကစားစေဘဲ ပြစ်ဒဏ်ဘောသတ်မှတ်သင့် ကြောင်း ဝေဖန်ခဲ့သည်။ သို့သော် အတွန်းခံခဲ့ရသည့် ဂိုးမက်ဇ် ကိုယ်တိုင်ကလည်း အခြေအနေကို နားလည်စွာ အသုံးချသင့်သည်ဟု ဖာဒီနန်က ဆိုခဲ့သည်။

 

Most Read

Most Recent