၂၀၂၀ အာရှဖလား အမျိုးသားဘော်လီဘောပြိုင်ပွဲကို မြန်မာနိုင်ငံက ပထမဆုံးအကြိမ် အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရရှိ၊ အာရှအဆင့် လက်ရွေးစင်ပြိုင်ပွဲကို ပထမဆုံးအကြိမ်အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရရှိခြင်းဖြစ်

၂၀၂၀ အာရှဖလား အမျိုးသားဘော်လီဘောပြိုင်ပွဲကို မြန်မာနိုင်ငံက ပထမဆုံးအကြိမ် အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရရှိ၊ အာရှအဆင့် လက်ရွေးစင်ပြိုင်ပွဲကို ပထမဆုံးအကြိမ်အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရရှိခြင်းဖြစ်
Photo: EMG
Photo: EMG
Published 8 March 2020

မြန်မာနိုင်ငံဘော်လီဘောအဖွဲ့ချုပ်သည် ၂၀၂၀ အာရှဖလား အမျိုးသား ဘော်လီဘောပြိုင်ပွဲကို သြဂုတ် ၂၂ ရက်မှ ၂၉ ရက်အထိ နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံ၌ ကျင်းပရန် စီစဉ်ထားပြီး အာရှအဆင့် လက်ရွေးစင်ပြိုင်ပွဲကို ပထမဆုံးအကြိမ်အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရရှိခြင်းဖြစ်သည်။ မြန်မာနိုင်ငံဘော်လီဘော အဖွဲ့ချုပ်သည် ယခုနောက်ပိုင်းနှစ်များတွင် အာရှအဆင့်၊ အရှေ့တောင် အာရှအဆင့် လူငယ်လက်ရွေးစင် ပြိုင်ပွဲများ၊ ကလပ်ပြိုင်ပွဲများကို အိမ်ရှင်အဖြစ် နှစ်စဉ်နီးပါးလက်ခံကျင်းပလျက်ရှိပြီး ယခုနှစ်တွင်မူ အာရှဖလား အမျိုးသားဘော်လီဘောပြိုင်ပွဲကို ကျင်းပခွင့်ရရှိခြင်းဖြစ်သည်။ 

 

 

အာရှဘော်လီဘောအဖွဲ့ချုပ်  (AVC) က ကြီးမှူးကျင်းပမည့် ၂၀၂၀ အာရှဖလား အမျိုးသားဘော်လီဘောပြိုင်ပွဲကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ပထမဆုံးအကြိမ် လက်ခံကျင်းပခွင့်ရရှိခဲ့ကြောင်း သိရသည်။

အာရှဘော်လီဘောအဖွဲ့ချုပ်သည် အာရှဖလား အမျိုးသားဘော်လီဘောပြိုင်ပွဲကို ၂၀၀၈ ခုနှစ်တွင် စတင်ကျင်းပခဲ့ပြီး သက်တမ်းရင့် ပြိုင်ပွဲဖြစ်သည့် အာရှချန်ပီယံရှစ် ဘော်လီဘောပြိုင်ပွဲနောက် ယခုပြိုင်ပွဲကို ထပ်မံကျင်းပခြင်းဖြစ်သည်။ AVC သည် အာရှချန်ပီယံရှစ်ပြိုင်ပွဲကို မဂဏန်းနှစ်များတွင် ကျင်းပပြီး  အာရှဖလားပြိုင်ပွဲကိုမူ စုံဂဏန်းနှစ်များတွင် ကျင်းပခြင်းဖြစ်သည်။

မြန်မာနိုင်ငံဘော်လီဘောအဖွဲ့ချုပ်သည် ၂၀၂၀ အာရှဖလား အမျိုးသား ဘော်လီဘောပြိုင်ပွဲကို သြဂုတ် ၂၂ ရက်မှ ၂၉ ရက်အထိ နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံ၌ ကျင်းပရန် စီစဉ်ထားပြီး အာရှအဆင့် လက်ရွေးစင်ပြိုင်ပွဲကို ပထမဆုံးအကြိမ်အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရရှိခြင်းဖြစ်သည်။ မြန်မာနိုင်ငံဘော်လီဘော အဖွဲ့ချုပ်သည် ယခုနောက်ပိုင်းနှစ်များတွင် အာရှအဆင့်၊ အရှေ့တောင် အာရှအဆင့် လူငယ်လက်ရွေးစင် ပြိုင်ပွဲများ၊ ကလပ်ပြိုင်ပွဲများကို အိမ်ရှင်အဖြစ် နှစ်စဉ်နီးပါးလက်ခံကျင်းပလျက်ရှိပြီး ယခုနှစ်တွင်မူ အာရှဖလား အမျိုးသားဘော်လီဘောပြိုင်ပွဲကို ကျင်းပခွင့်ရရှိခြင်းဖြစ်သည်။ 

"ဒီနှစ်ထဲမှာ အာရှဖလား ဘော်လီဘော ပြိုင်ပွဲယှဉ်ပြိုင်ဖို့ရှိပါတယ်။ အိမ်ရှင်အဖြစ် လက်ခံကျင်းပမှာဖြစ်ပြီး နေပြည်တော်မှာ ကျင်းပဖို့ စီစဉ်ထားပါတယ်။ ဒီပြိုင်ပွဲက လက်ရွေးစင်အဆင့်ပြိုင်ပွဲဖြစ်ပြီး ဝင်ရောက်ယှဉ်ပြိုင်ဖို့ လေ့ကျင့်ပြင်ဆင်မှုတွေ ပြုလုပ်နေပါပြီ" ဟု မြန်မာနိုင်ငံဘော်လီဘောအဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

 

အာရှဘော်လီဘောအဖွဲ့ချုပ် သည် အာရှဖလားပြိုင်ပွဲကို ဇုန်အလိုက်အသင်းများဖြင့် ကျင်းပခြင်းဖြစ်ပြီး ပြီးခဲ့သည့် ၂၀၁၈ ပြိုင်ပွဲတွင် ပြိုင်ပွဲကျင်းပသည့်ပုံစံ အနည်းငယ် ပြောင်းလဲခဲ့ကာ ယခုနှစ်တွင်လည်း ယင်းပုံစံအတိုင်း ဆက်လက်ကျင်းပဖွယ်ရှိနေသည်။ ၂၀၁၈ ပြိုင်ပွဲတွင် အိမ်ရှင်အသင်းအပါအဝင် အရှေ့အာရှဇုန်၊ အရှေ့တောင် အာရှဇုန်၊ အလယ်ပိုင်းဇုန်တို့မှ နှစ်သင်းစီ၊ သမုဒ္ဒရာပိုင်းဇုန်နှင့် အနောက်အာရှဇုန်တို့မှ တစ်သင်းစီ ယှဉ်ပြိုင်ခွင့်ပြုခဲ့သည်။ မြန်မာအသင်းသည် ယင်း ပြိုင်ပွဲတွင် ၂၀၁၂ ပြိုင်ပွဲ တစ်ကြိမ်သာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အုပ်စုအဆင့်မှ ထွက်ခဲ့ရသည်။ 

 

Most Read

Most Recent